"ဘယ်လောက်တောင် ကြီးတဲ့ အပြစ်မို့လို့ ခင်ဗျားက ကိုယ်ထိလက်ရောက် ရိုက်နှက်ခိုင်းနေရတာလဲ။...လွှတ်လိုက်ကြစမ်း!!"
Shin က လှမ်းအော်လိုက်သောအခါ သုံးယောက်စလုံး ကြောက်ကြောက်လန့်လန့်နှင့် လွှတ်ပေးလိုက်ကြသည်။ Tsukiသည် ကြမ်းပြင်ပေါ်သို့ ထိုင်ရက်သားလေး ပြုတ်ကျသွားသည်။
"Mijihara...ခင်ဗျားနဲ့ကျွန်တော် ပြီးမှ ရှင်းမယ်။"Shin က Mijiharaအား ထိုသို့ ပြောကာ Tsukiနားသို့ လျှောက်သွားသည်။ မွေးစားခံရသည့် အချိန်ကစ၍ Shin သည် အစေခံများအပေါ် အော်ငေါက်မပြောဆိုဖူးသလို ရင်းရင်းနှီးနှီးချိုချိုသာသာလည်း မဆက်ဆံဖူးခဲ့ပါ။ ယခုသည် ပထမဦးဆုံး အကြိမ်အဖြစ် ကိုယ့်ထက်အသက်အရွယ် ကြီးသောသူကို ဒေါကြီးမောကြီး ပြောဆိုဖူးခြင်း ဖြစ်သည်။ သေးသွယ်လှသော Tsuki၏ ကိုယ်လေးကို မင်းသမီးလေး တစ်ပါးလို ယုယုယယ ချီပြီး ပြန်ထွက်လာခဲ့သည်။
"Shin-san...."
"အင်း။"
"ကျွန်တော်....တစ်ကယ်.....မခိုးပါဘူး။"
အငိုတစ်ပိုင်းဖြင့် ပြောသော Tsuki၏ စကားကို ကြားရသောအခါ Shin သည် လှေကားထိပ်တွင် ရပ်လိုက်သည်။
"ငါသိတယ်။....ငါသိတာပေါ့။"ကိစ္စတွေကို မေးမြန်းစစ်ဆေးခြင်း ပြုနေတည်းက အန်တီSanaက Shin ၏ အခန်းကို သွားပြီး အကူညီ သွားတောင်းခဲ့သည်။ ဒူးမကောင်းလို့ လှေကားတက်ရတာ အဆင်မပြေ ဖြစ်နေသည့်အပြင် Shin အား အကျိုးအကြောင်း ရှင်းပြနေရသောကြောင့် ကြန့်ကြာသွားခြင်း ဖြစ်သည်။
"အားလုံးကို ပြောထားမယ်။ သူ့ကို အိမ်အလုပ်နဲ့ ပတ်သက်ပြီး ဘာမှ ခိုင်းစရာ မလိုဘူး။"
"ဟုတ်ကဲ့ပါ သခင်လေး။"
အားလုံးက ညီညာစွာ ပြန်ဖြေကြသည်။ Tsukiအား ဆေးထည့်ပေးရန် အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
.
.
.
.
.
Tsukiကား ကုတင်ပေါ်တွင် နှာတရှုံ့ရှုံ့နှင့် ထိုင်နေသည်။ ဘောင်းဘီကို ဒူးထိ လှန်ထားသဖြင့် နီရဲရောင်ကိုင်းနေသည်များကို ရှင်းလင်းစွာ တွေ့နေရသည်။ ပြောစရာ စကား မရှိသော Shin သည် တံခါးအပေါက်ဝတွင် ရပ်နေပြီး Tsukiအား စိုက်ကြည့်နေမိသည်။ သိပ်မကြာမီ အစေခံက ဆေးပစ္စည်းများ လာပို့သွား၍ Shin လည်း ထိုဗန်းလေးဆွဲကာ ကုတင်ဆီသို့ လျှောက်လာခဲ့သည်။ဘာမပြောညာမပြောနှင့် Tsukiရှေ့တွင် ဒူးထောက်ပြီး ထိုင်လိုက်သဖြင့် Tsukiတစ်ယောက် မျက်လုံးမျက်ဆံ ပြူးသွားသည်။
"သခင်လေး...အောက်မှာ မထိုင်ပါနဲ့။ ကျွန်တော် ဆင်းပေးပါ့မယ်။"
"ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေစမ်းပါ။"
Tsuki၏ ခြေထောက်အား ယုယစွာ ကိုင်ပြီး လိမ်းဆေးများ စတင် လိမ်းပေးလေသည်။ ထူးခြားသော အခြေအနေ ဖြစ်သဖြင့် နှစ်ယောက်စလုံးမှာ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ရဲအောင် ဖြစ်နေကြသည်။ Shin ၏ ဘဝတွင် သူများကို ဒီလောက် ပြုစုပေးသည်မှာ Tsukiက ပထမဦးဆုံးသာ ဖြစ်သည်။ လိမ်းပေးနေရင်း စပ်စပ်နေသဖြင့် Tsuki၏ ခြေထောက်တို့မှာ တွန့်တွန့်သွားလေသည်။
"အရမ်း နာနေလား။"
"ရပါတယ်။"
"မရလည်း ခံ။ ကိုယ်မှ အသုံးမကျတာ။ ယောကျ်ားလေးတန်မဲ့ ပြန်ချတာ မဟုတ်ဘူး။ အရှက်မရှိ ငိုယိုနေတယ်။ လူတွေ ကြားထဲမှာ မရှက်ဘူးလား။"
"....တောင်းပန်ပါတယ်။"
"အဲ့ တစ်လုံးပဲ ရတယ်။"
"...."ဆေးလိမ်းသော ကိစ္စပြီးသောအခါ Shin သည် မနက်က ဝယ်လာသော ဖုန်းကို Tsukiဆီသို့ ပစ်ပေးလိုက်သည်။
"သခင်လေး...ဒါက...."
"မင်းကို ပေးတာ။ ယူလိုက်။"
"ယူလို့ မဖြစ်ပါဘူး။ အရမ်း တန်ဖိုးကြီးလွန်းပါတယ်။"
"ယူဆို ယူပေါ့။ လျှာကို ရှည်တယ်။"
"ဒါပေမယ့်..."
"ဘာဖြစ်လဲ။ ငါ့စကားကို ပုန်ကန်ချင်နေတာလား။"
"မဟုတ်ရပါဘူး။"
Shin ဆီက ရသော လက်ဆောင် ဖြစ်သည့်အတွက် Tsukiသည် ပျော်လွန်းလို့ ပြုံးနေမိသည်။
"ကျေးဇူးတင်ပါတယ် သခင်လေး။"
"....Chibi။"
"ဗျာ..."
"မင်း ခေါင်းထဲမှာ ဘာတွေ တွေးနေလဲ ငါသိချင်တယ်။"
Shin ကို ပါးစပ် အဟောင်းသားလေးနဲ့ မော့ကြည့်လိုက်စဉ် သူ့အား လျင်မြန်သော အရှိန်ဖြင့် ကုတင်ပေါ်သို့ လှဲချလိုက်သည်။ Tsukiအား အုပ်မိုးထားပုံမှာ ကျားသစ်တစ်ကောင်က ယုန်တစ်ကောင်အား အုပ်မိုးနေပုံနှင့် တော်တော် တူလှသည်။
"....သခင်လေး။"
Tsuki၏ ခြေဖျားလက်ဖျားတွေ အေးစက်ပြီး ရင်ထဲတွင် ဗြောင်းဆန်နေသလောက် Shin ကတော့ တည်ငြိမ်လှသည်။
"ငါ့ကိုပြော။...အဲ့ဒီနေ့က....မင်းကို ကယ်ခဲ့တာ Kiyo မဟုတ်ဘဲ ငါဆိုရင်....ငါ့အတွက် ငိုပေးမှာလား။...ငါ့အကြောင်း စဉ်းစားပြီး တစ်ချိန်လုံး သတိလက်လွတ် ဖြစ်နေမှာလား။"
Shin ဘာကြောင့် ဒီလို စကားတွေ ပြောနေလဲဆိုတာ Tsukiနားမလည်ပါ။ နားလည်အောင် စဉ်းစားနိုင်ဖို့ အထိလည်း စိတ်မတည်ငြိမ်ပါ။
"ဒါ တစ်မျိုးကြီး ဖြစ်ချင် ဖြစ်လိမ့်မယ်။....ဒါပေမယ့်..."
Shin သည် Tsuki၏ နှုတ်ခမ်းများကို စိုက်ကြည့်ပြီး အနားသို့ တိုးလာသည်။
"Kiyoနေရာမှာ ငါသာ ဖြစ်နေခဲ့ရင်..."
Tsukiမျက်လုံးနှစ်ဖက် စုံမှိတ်လိုက်ချိန်တွင် Shin ၏ စကားလုံးများနှင့် သူတို့နှစ်ယောက်ကြားက အကွာအဝေးတို့သည် ရပ်တန့်သွားခဲ့သည်။Tsukiမျက်လုံး ပြန်ဖွင့်လာချိန်တွင်တော့ Shin သည် သူ့အနားတွင် မရှိတော့ဘဲ အခန်းအပြင်ဘက်သို့ ထွက်သွားလေသည်။ အချိန်အတော်ကြာအထိ သူသည် ကုတင်ပေါ်မှာပဲ တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။
To be continue.....
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇