အပိုင်းလေးဆယ့်ကိုး

251 27 0
                                    

"ဟုတ်ကဲ့။"
Tsuki က ရိုရိုသေသေ ပြန်ဖြေသောအခါ Shin သည် ပြုံး၍ သူ၏ နှာသီးလေးကို လက်ညိုးဖြင့် တို့လိုက်သည်။
"ဘာလို့ ယဉ်ယဉ်ကျေးကျေး ပြောနေတာလဲ။ ငါတို့နှစ်ယောက်က ချစ်သူတွေ ဖြစ်နေပြီပဲကို။"
"ချစ်သူ...."
Tsuki သည် သူ၏ နှုတ်ဖျားမှ ထွက်လာသော ထိုစကားလုံးလေးကို သဘောကျမိသည်။
"ငါ မင်းရဲ့ မိဘတွေနဲ့ တွေ့ချင်တယ်။"
"ဟမ်?....ဘာလို့လဲ?"
"သူတို့ဆီကနေ မင်းကို အပြီးအပိုင် ခေါ်ထားချင်လို့ပဲ။ သူတို့နဲ့ နေရင် မင်းပဲ စိတ်ဆင်းရဲနေရလိမ့်မယ်။"
"ကိုကို Kuramaကရော။"
"သူနဲ့မင်း တွေ့ချင်တဲ့အချိန် တွေ့လို့ရအောင် စီစဉ်ပေးမယ်လေ။"
Tsuki သည် လွတ်လပ်စွာ နေထိုင်ရတော့မည်ကို ပျော်မိသော်လည်း Kuramaနဲ့ ခွဲရမည့် အရေးကို တွေးပြီး ရင်လေးကာ မျက်နှာ ညှိုးကျသွားသည်။
"ဘာဖြစ်လို့လဲ။ ငါနဲ့ မနေချင်ဘူးလား။"
"မဟုတ်တာ။ ကျွန်တော် နေချင်တာပေါ့။....ဒါပေမဲ့ ကိုကို Kuramaနဲ့ မခွဲချင်ဘူး ဖြစ်နေတယ်။"
Tsuki၏ အဖြေကြောင့် Shin သည် လေစုပ်သွင်းပြီး Tsuki ကို မျက်နှာစူစူပုပ်ပုပ်နှင့် ကြည့်လိုက်သည်။
"မင်းက ငါ့ထက် သူနဲ့ ပိုနေချင်တယ်ပေါ့။"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်က Shin-sanနဲ့ အတူတူ နေချင်ပေမဲ့ ကိုကို Kuramaက ကျွန်တော့်ကို ဟိုးအရင်တည်းက..."
"ရပါပြီ။"
Shin သည် သူ၏ လက်ညှိုးကို Tsuki ၏ နှုတ်ခမ်းပေါ်သို့ ကန့်လန့်ဖြတ်တင်လိုက်သည်။
"ငါသိပါတယ်။ ဒါပေမဲ့ ငါ တစ်ကိုယ်ကောင်း ဆန်ရမှာပဲ။ မင်းသဘောကျကျ မကျကျ မင်းကို ငါ့နားမှာပဲ ထားမယ်။ ဘယ်သူ့လက်ထဲမှ မထည့်ပေးနိုင်ဘူး။ ပြီးတော့ မင်း ငါ့နားမှာ ရှိနေသမျှကာလပတ်လုံး မင်း ပြုံးရယ်နေရစေမယ်။"
Shin ၏ ချိုသာသော စကားများကြောင့် Tsuki ပြုံးမိသည်။Shin ၏ လက်ကို တင်းတင်းဆုပ်ထားသည်။ ဒီ ကြီးမားသော လက်ဖဝါးကြီးကို တစ်သက်လုံး ဆုပ်ကိုင်ထားချင်စမ်းပါဘိ။
.
.
.
.
.
မိုးမိပြီး ရေချိုးပြီးသောအခါ Tsuki သည် များမကြာမီ မျက်လုံးတွေ စင်းလာပြီး ၈နာရီလောက်တည်းက အိပ်ပျော်သွားသည်။ Shin က သူ့ကို နွေးထွေးစေရန် စောင်သေချာ ခြုံပေးပြီး ဧည့်ခန်းထဲသို့ ဆင်းလာခဲ့သည်။

သူသည် ဧည့်ခန်းအကျယ်ကြီးထဲတွင် တစ်ယောက်တည်း နေစရာနေရာမရှိအောင် ယောက်ယက်ခက်နေရင်းမှ ဆိုဖာပေါ်တွင် ထိုင်ကာ သူ၏ မွေးစားဖခင်ဆီသို့ ဖုန်းခေါ်လိုက်သည်။ ပထမတစ်ခေါက်တွင်မကိုင်ပါ။ ဒုတိယတစ်ခေါက်မှ အိပ်ချင်မူးတူးဦးလေးကြီးတစ်ယောက်အသံ ကြားလိုက်ရသည်။
"ဟယ်လို။"

သူ၏ မွေးစားမိဘများသည် သူတို့၏ အလုပ်ကိစ္စများအတွက် ဥရောပဘက်သို့ ရောက်နေကြခြင်းဖြစ်သည်။ လေသံအရ သူတို့အိပ်နေလောက်ပြီထင်ပြီး အားနာသွားသော်လည်း ဖုန်းချလိုက်လျှင် ပိုအားနာရမည်ထင်ကာ စကားဆက်လိုက်သည်။
"ကျွန်တော်ပါ ဦးလေး။"
"ဪ၊ သားလား။"
"ဟုတ်။"
နှစ်ယောက်စလုံးက Shin ကို သားဟု ခေါ်ကြသော်လည်း Shin ကတော့ သူတို့ကို ဦးလေးနှင့် အန်တီဟုသာ ခေါ်သည်။ သူတို့သည် Shin ကို နားလည်မှု ပေးကြပြီး သူတို့၏ ဆုံးပါးသွားသော သားနှင့်မခြား ချစ်ခင်ကြသည်။
"ဘာဖြစ်လို့လဲ။ ထူးထူးဆန်းဆန်း ဖုန်းဆက်ပါလား။"
"ကျွန်တော် ဦးနဲ့ အန်တီကို မျက်နှာချင်းဆိုင်ပြီး စကားပြောချင်တာလေး ရှိလို့ပါ။ အလုပ်နည်းနည်းအားရင် ပြန်လာပေးပါလား။"
"အေး။ ကောင်းပြီလေ။"
"ဟုတ်ကဲ့။ ဒါဆို ကျွန်တော် မနှောက်ယှက်တော့ပါဘူး။"
"အင်း။"
Shin ဘက်က ဖုန်းချပြီးသောအခါ ဦးလေး Dai သည် ဖုန်းကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။ သူ၏ မျက်လုံးများက ကောင်းကောင်း မဖွင့်နိုင်​သေးပါ။
"သားလား။"
အန်တီ Kikyoက ဘေးက လှမ်းမေးလိုက်သည်။
"ဘာတဲ့လဲ။"
"မျက်နှာချင်းဆိုင် စကားပြောချင်လို့တဲ့။"
"ဪ။"
နှစ်ယောက်သား တိတ်ဆိတ်သွားကြသည်။

ခဏကြာမှ ရုတ်တရက်ကြီး နှစ်ယောက်စလုံး ပြိုင်တူနီးပါး ကုတင်ပေါ်မှ ထထိုင်လိုက်ကြသည်။
"သားက စကားပြောချင်တယ်တဲ့လား။"
"ဟုတ်တယ်!"
"မြန်မြန်ထတော့လေ!"
ကုတင်ပေါ်မှ ပြူးပြူးပြဲပြ ထကာ ရေချိုးခန်းထဲ ဝင်ပြီး သွားတိုက်သူကတိုက်၊ မျက်နှာသစ်သူက သစ်သည်။
"ဘယ်နှနာရီရှိပြီလဲ။"
"နှစ်ခွဲပြီး ဆယ်မိနစ်။ မိန်းမရေ၊ မန်နေဂျာကို ဖုန်းဆက်လိုက်ဦး။"
"အင်း။"
အန်တီ Kikyoသည် အပြင်က အေးစိမ့်နေသော ရာသီဥတုကို ခံနိုင်ရန် အဝတ် အထပ်ပေါင်းများစွာ ဝတ်ပြီး မန်နေဂျာဖြစ်သူဆီသို့ ဖုန်းခေါ်လိုက်သည်။

To be continue.......

တိုးတိုးလေးDonde viven las historias. Descúbrelo ahora