"ကျွန်တော့်ကြောင့်ပဲ သူငယ်ချင်းဖြစ်တဲ့ Shin-sanနဲ့ စကားများခဲ့ရပြီး အခုလည်း ကျွန်တော့်ကြောင့်နဲ့....."
"Tsuki-chan....ငါက မကောင်းတဲ့ကောင်ပါ။"
"မဟုတ်ရပါ...."
"ငါ ငါ့အစ်ကိုကို သတ်ခဲ့တာ။"အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သော Kiyo၏ စကားသံ အေးအေးလေး အောက်က လှိုင်းတို့သည် Tsukiကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။ ခံနိုင်ရည် မရှိသော Amaက Kiyoထပ်ပြောမည့် စကားများကို နားထောင်နိုင်စွမ်း မရှိတော့၍ တုန်ရီနေသော နှုတ်ခမ်းကို ဖိကိုက်ပြီး အခန်း အပြင်ဘက်သို့ ထွက်သွားသည်။ Harueက အလိုက်သိစွာ Amaနောက်သို့ ချက်ချင်း လိုက်သွားသည်။Taroက မျက်စိ စုံမှိတ်ပြီး အခန်း တစ်နေရာတွင် ထိုင်နေ၍ ဒီကိစ္စကို တစ်ခါမှ မကြားဖူးသေးသော Shin ကတော့ Kiyoကို အံ့ဩ တုန်လှုပ်စွာ ကြည့်နေမိသည်။ ငယ်သူငယ်ချင်းများ ဖြစ်သော Harue,Amaနှင့် Taroတို့သာ ဒီအကြောင်းကို ကောင်းကောင်း သိကြသည်။ အမြဲ ကြင်နာတတ်၊ ဟာသတွေ ပြောပြီး ပျော်ပျော် နေတတ်သော Kiyoက ဒီလို လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးဟု ယုံကြည်နေမိသည်။
Amaသည် အပြင် ရောက်သည်နှင့် မျက်ရည်တွေ ထိန်းမရနိုင်အောင် ဖြစ်လာသည်။ အခြားသော ငယ်သူငယ်ချင်းများထက် Amaက Kiyo၏ အစ်ကိုနှင့် ပိုရင်းနှီးခဲ့သည်။ ထို ကိစ္စကြောင့် စိတ်ဒဏ်ရာ အရခဲ့ဆုံး သူမှာ Kiyoပြီးတာနှင့် Ama ဖြစ်သည်။ Ama၏ ပခုံးကျဉ်းကျဉ်းလေးတွေကို Harueက နောက်မှ ညင်သာစွာ ထွေးပွေ့လိုက်သည်။
"ဖြစ်ပြီးတာတွေက ဖြစ်ပြီးခဲ့ပြီလေ။ မေ့လိုက်ပါတော့ Amaရယ်။"
"ငါသိပါတယ်။ ငါသိပါတယ်။ ဒါပေမယ့်...."
"ရှူး.... တိတ်ပါတော့။ ငါက Amaငိုတာ မြင်နေရတာကို စိတ်မကောင်းလို့ပါ။ အဲ့ဒါကြောင့် မငိုပါနဲ့တော့နော်။"
Ama သည် နှာတစ်ရှုပ်ရှုပ်နှင့် မျက်မှန်ကို ချွတ်ပြီး မျက်ရည်များကို သုတ်လိုက်သည်။ စင်စစ်၊ Harueသည် Amaကို စိတ်မဆင်းရဲစေချင်ပါ။
.
.
.
.
.
"ငါ့အစ်ကို အသက်ရှင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ သူ့ကို မွန်းကျပ်ပြီး နာကျင်အောင် လုပ်ခဲ့တာ ငါပဲ ဖြစ်သလို သူငယ်ငယ်ရွယ်ရွယ်နဲ့ သေခဲ့ရတာလည်း ငါ့ကြောင့်ပဲ။ ....လူတွေအပေါ် ကြင်နာတယ်၊ ဒုက္ခရောက်နေတဲ့ ဘယ်သူ့ကိုမဆို လိုက်ကူညီတယ် ဆိုတာက ငါ့ကိုယ်ငါ ပေးခဲ့တဲ့ အပြစ်ဒဏ်ပဲ။.......တွေ့လား။ ငါပြောသားပဲ။ ငါက မကောင်းတဲ့ကောင်ပါ ဆိုတာ အခု သဘောပေါက်ပြီလား။"Tsukiဘာမှ ပြန်မပြောနိုင်ဘဲ Kiyoကို ပါးစပ်အဟောင်းသားလေးနဲ့ ငေးကြည့်နေမိသည်။
"Kiyo....သား။"
Kiyo၏ အမေ အသံကို အခန်းထဲ မရောက်ခင်ကတည်းက ကြားနေရသည်။ ရုံးဝတ်စုံနှင့် ဆံပင်များ မသေမသပ် ဖြစ်နေသော အမျိုးသမီးတစ်ယောက် အခန်းထဲသို့ ကဆုန်စိုင်း ဝင်လာခဲ့သည်။ Kiyo၏ သတင်း ကြားပြီးနောက် အလောတကြီး ပြေးလာခဲ့ပုံ ပေါ်သည်။မိခင်ဖြစ်သူ ဝင်လာသည်နှင့် Kiyo၏ မျက်လုံးများသည် ထိုးဖောက်မမြင်နိုင်သော တိမ်အစိုင်အခဲများ ဖုံးသွားသလို မှောင်မိုက်သွားပြီး အပြုံးတို့ကား ပျောက်ကွယ်သွားပေသည်။
"သား အဆင်ပြေရဲ့လား။"
"ဘာမှ မဖြစ်ပါဘူး။"
"အမေ စိတ်ပူလိုက်ရတာ သားရယ်။ နောက်ဆို ဂရုစိုက်နော်။..အမေ့သားလေး တစ်ခုခု ဖြစ်သွားရင် အမေရော၊ အဖေရော ရင်ကျိုးရမှာနော်။"
Kiyoမျက်နှာသာ လွှဲပြီး ဘာမှ ပြန်မဖြေပါ။Kiyo၏ အမေနားသို့ Taroရောက်လာပြီး ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။
"အန်တီMisa(မီဆာ)...မင်္ဂလာ ညနေခင်းပါ။"
"ဪ....Taro-chanပါ ရောက်နေရောလား။ မင်္ဂလာပါကွယ်။ Shin-chanလည်း မင်္ဂလာပါနော်။"
"ဟုတ်ကဲ့ အန်တီ။"
"ဦးလေးရော မပါလာဘူးလား။"
"သူက အလုပ်ကိစ္စအတွက် နယ်ဘက်ကို ခရီးထွက်နေရလို့။"
"ဟုတ်သားပဲ။ လုပ်ငန်း ဧရိယာတွေ တိုးချဲ့နိုင်တယ်လို့ ကြားထားပါတယ်။ ဂုဏ်ယူပါတယ်။"
"ကျေးဇူးပါပဲကွယ်။ Taroတို့ကတော့ အမြဲတမ်း မသိတာ မရှိဘူးနော်။"
"မဟုတ်တာ။ အဖေတို့ဆီက ကြားထားလို့ပါ။"
"ပြီးတော့လည်း.....အချို့လူတွေက အေးစက်မြဲ အေးစက်နေတုန်းပဲနော်။"
အန်တီ Misaက Shin ကို ကြည့်ပြီး စောင်းပြောလိုက်သည်။ သူမသည် ပျော်ပျော် နေတတ်ပြီး ဖော်ရွေသော အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။Taro နှင့် Shin တို့ကို နှုတ်ဆက်စကား ဆိုပြီးမှ ဘေးတွင် ရောက်နေသော Tsukiကို မြင်တော့သည်။
"ဪ..ကလေးအသစ်ပါလား။ Kiyoရယ်၊ အမေ့ကို သူငယ်ချင်းအသစ်ရနေတာတောင် မပြောပါလား။....သားနာမည်က ဘယ်လိုခေါ်လဲ။"
"Tsukiပါ။"
"Tsukiတဲ့လား။ ချစ်စရာလေးပဲနော်။ သေးသေးလေးရယ်။ တွေ့ရတာ ဝမ်းသာပါတယ်။ အန်တီက Kiyoရဲ့အမေ Misaပါ။ အားတဲ့အခါ အိမ်ကို လာလည်ပေါ့။"
"ဟုတ်ကဲ့။"
"ချစ်ဖို့ ကောင်းလိုက်တာ။ ကားနောက်ခန်းထဲမှာ ပစ်ထည့်ထားချင်တယ်။"'မအေနှင့် သား တစ်ထေရာတည်းပါလား'ဟု Shin တွေးလိုက်သည်။ ထို့နောက်တွင်တော့ ဆရာဝန်တွေကို အကြောင်းကြားပြီး ဆေးရုံက ဆင်းလာခဲ့ကြသည်။ အန်တီ Misaက အိမ်ကို အတင်း ဖိတ်နေလို့ အားနာနာနှင့် ငြင်းလွှတ်ခဲ့ရသေးသည်။ ထူးဆန်းသည်မှာတော့ ပုံမှန်ဆို စကားအလွန်များသော Kiyoက သူ့အမေ ရောက်လာတည်းက တစ်လုံးမှ မဟတော့ခြင်း ဖြစ်သည်။
To be continue.......
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇