အပိုင်းဆယ့်သုံး

324 36 1
                                    

"Shin-chan?....."
တရွေ့ရွေ့ လျှောက်နေသော ခြေလှမ်းများသည် တဖြည်းဖြည်း မြန်လာပြီး ဗလာဖြစ်နေသော ခေါင်းထဲက နေရာလွတ် အကုန်လုံးဟာ ဒေါသတွေနှင့် ပြည့်နှက်လာသည်။
"ဒါ ဆိုးတာပဲ။ ..........Shin-chan.....မလုပ်နဲ့။"
Shin သည် ဝင်ရောက်တားဆီးခြင်း မပြုဘဲ သူကိုယ်တိုင် တွေ့သမျှ တတိယနှစ်တွေ၏ မျက်နှာကို လိုက်ထိုးနေတော့သည်။ Kiyoနှင့် Amaတို့က ဝင်ပြီး တားရသည်။ Taroကအားကစား အချိန်များတွင် တရားဝင် ပျက်ကွက်ခွင့် ရှိသဖြင့် Kiyoတို့နှင့် ပါမလာပါ။ ထိုအချိန်တွင်ပဲ ဒုတိယနှစ်နှင့် တတိယနှစ် လက်ကျန်တွေ ရောက်လာကြပြီး ဝင်ဆွဲသူက ဆွဲ၊ ထိုးသူက ထိုးနှင့် တော်တော် ပွက်လောရိုက်နေသည်။

Shin နှင့် Shiroတို့က တစ်ပွဲ ဖြစ်နေသည်။
"ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်။ ဒီလောက် ခေါင်းခွဲထားတာတောင် စောက်ချိုး မပြင်သေးဘူးပေါ့။"
"မင်းတို့တွေကို အကြီးကို အကြီးလို နားလည်အောင် သင်ပြပေးမှ ဖြစ်မှာပေါ့။"
သူတစ်ချက် ကိုယ်တစ်ချက်ဖြင့် သွေးသံရဲရဲတွေ ဖြစ်ကုန်ကြသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ Shin က အနိုင်ရသွားပြီး Shiroလဲကျသွား၏။

တိုက်တိုက်ဆိုင်ဆိုင် ဆရာကလည်း ထိုအချိန်ကျမှ ရောက်လာသည်။
"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း။......ဆက်ချနေရင် အကုန်လုံးကို ကျောင်းထုတ်ပစ်မှာနော်။"
Shiroသည် လဲနေရာမှ ကုန်းရုန်းထပြီး အနီးတွင်ရှိသော သစ်သားခုံကို ဆွဲယူလိုက်ပါသည်။ ထို အခြင်းအရာကို မနီးမဝေးတွင် ရှိနေသော Amaက မြင်လိုက်သဖြင့် လှမ်းအော်ပြီး ပြေးသွားသည်။
"Shin..... သတိထား!"
သို့သော်ငြား Amaထက် အရင်မြင်ပြီး ပြေးလာသော Tsukiက Shin ရှေ့သို့ အရင် ရောက်လာပြီး Shin အား ကာပေးလိုက်သည်။

                                ဘုန်း!
ခုံမျက်နှာပြင်နှင့် လက်ပြင်တို့ ရိုက်မိသံက ဟည်းထွက်သွားသည်။ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ကြဘဲ ကြောင်ကြည့်နေမိကြသည်။ Shin ကို လာကာပေးသော Tsukiမှာ Shin ၏ ရင်ခွင်ထဲတွင် ဘေးကင်းကင်းနှင့် ရှိနေပြီး တစ်ကယ်တန်း အရိုက်ခံလိုက်ရသူမှာ အချိန်မီ ဝင်ပြီး Tsukiကို ကာပေးလိုက်သော Kiyoသာ ဖြစ်သည်။
"Kiyo-san....."
Kiyoလဲနေသော နေရာသို့ Tsukiသည်မျက်ရည်စများနှင့် ချဉ်းကပ်သွားသည်။ Shiroကိုတော့ ကျောင်းသားအချို့ ဝိုင်းချုပ်ထားလိုက်ကြသည်။
"Kiyo-san.....ကျွန်တော် တောင်းပန်ပါတယ်။"
.
.
.
.
.
အဖြစ်အပျက်များအားလုံး ပြီးဆုံးသွားချိန်တွင် ကျန်သောလူများက အပြစ်ပေးခံရဖို့အတွက် ကျောင်း၌ ကျန်ခဲ့ပြီး Tsukiတို့က လူနာတင်ကားနှင့်အတူ Kiyoနောက်သို့ လိုက်ပါသွားကြသည်။ ဒေါက်တာက Kiyoအား စမ်းသပ်နေချိန်တွင် အခန်းအပြင်ဘက်၌ Shin တို့ ထိုင်စောင့်ပေးနေရသည်။ အားလုံး၏ မျက်နှာတွင် စိတ်ပူခြင်း၊ သောကရောက်ခြင်းတို့ကို အသီးသီး ရှင်းလင်းစွာ တွေ့နေရသည်။
"ကျွန်တော်.....သန့်စင်ခန်း သွားလိုက်ပါဦးမယ်။"
Tsukiက ရုတ်တရက် ထိုင်ရာမှ ထပြီး တရွေ့ရွေ့နှင့် ထွက်သွားသည်။

တစ်ခုခုတော့ ထူးခြားနေသည်။ Tsukiတစ်ခုခု ထူးခြားနေသည်ကို Shin ခံစားမိသည်။ ထို့ကြောင့်ပဲ များမကြာမီ Tsukiနောက်သို့ လ်ိုက်သွားခဲ့သည်။ သန့်စင်ခန်းထဲတွင် လူရှင်းနေသည်။ Tsukiသည် ဘေစင်ဘောင်ကို လက်နှစ်ဖက်ဖြင့် ထောက်ထားပြီး ခေါင်းငုံ့နေသည်။ Shin ဝင်လာတာတောင် ဘာမှ မပြောဘဲ ဆက်လက် တိတ်ဆိတ်နေသည်။
"Tsuki....မင်းအဆင်ပြေ...."
Shin ၏ စကားမဆုံးမီ Tsukiသည် သူ့ဆီသို့ ပြေးလာပြီး သူ့အင်္ကျီစကို အားကိုးတကြီး ဆွဲလိုက်သည်။
"Shin-san...."
သူ၏ ပါးပြင်လေး နှစ်ချက်စီမှ မျက်ရည်များ တလိမ့်လိမ့် စီးလာကြသည်။
"Kiyo-san ဘာမှ မဖြစ်လောက်ပါဘူးနော်။ .....နော်......။ .....ကျွန်တော်သာ မရှိခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။"
Tsukiငိုနေသည်ကို မမြင်ချင်သော်လည်း နှုတ်ခမ်းများက ဘာစကားမှ ထွက်မလာခဲ့ပါ။ တုန်ရီနေသော ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားချင်သော်လည်း တစ်လက်မမှ မလှုပ်နိုင်ခဲ့ပါ။ ငါဟာ အားကိုးထိုက်တဲ့ ယောကျ်ားတစ်ယောက် မဟုတ်ပါလား ဆိုသည့် အသိကြီးကဘွားကနဲ ပေါ်လာခဲ့သည်။ Kiyo၏ စမ်းသပ်မှုအဖြေကို စောင့်နေခြင်း ဖြစ်သော်လည်း စိတ်က ဆေးရုံ၏ တစ်ခြားသို့ ရောက်နေသည်။ တွေဝေနေသည်။

များမကြာမီ သူတို့ ရှိနေသော နေရာသို့ Kiyoကိုယ်တိုင် မထင်မှတ်စွာ ရောက်ရှိလာသည်။ ဆရာဝန်တွေက အဆစ်လွဲသွားသည်ဟု ပြောပြီး ဆေးရုံမှာ နေခိုင်းသော်လည်း ပျင်းလို့ဆိုပြီး မရမက ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဘာမှ မဖြစ်ဘူးဆိုတာ သိရ၍ အားလုံး စိတ်ချမ်းသာသွားသော်လည်း ဆေးရုံမှာ မနေဘူးဆို၍ ဝိုင်းဆူတာ ခံလိုက်ရသေးသည်။ ဒါတောင် အမှတ် မရှိဘဲ ဒဏ်ရာကို အကြောင်းပြပြီး မွေးနေ့လက်ဆောင်တွေကို စျေးကြီးကြီးတွေ ဝယ်ပေးရမည်ဟု ပူဆာနေသေးသည်။ ပြောမရသည့်အဆုံး မိဘတွေလာမှ ဆေးရုံက သွားခွင့်ပြုမည်ဆို၍ Kiyo ၏ မိဘတွေကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်သည်။
.
.
.
.
.
"Kiyo-san။"
"အမ်း.."
"Kiyo-sanက အရမ်း သဘောကောင်းတာပဲနော်။....ကျွန်တော်တို့ စတွေ့တည်းက ကျွန်တော့်ဘက်က ရပ်တည်ပြီး ကျွန်တော့်ကို ကူညီပေးခဲ့တယ်။"
To be continue......

တိုးတိုးလေးDonde viven las historias. Descúbrelo ahora