အပိုင်းသုံးဆယ့်ခုနှစ်

243 30 0
                                    

"Shin-san...Shin-san...ဘာဖြစ်လို့လဲ။"
"Tsuki..."
Shin ဆီမှ Tsuki ဆိုသည့် နာမည်ခေါ်သံကို ကြားလိုက်ရသဖြင့် Tsuki နည်းနည်းတော့ ကြက်သီးထမိသွားသည်။ အဘယ်ကြောင့်ဆိုသော် Shinသည် ပုံမှန်အားဖြင့် သူ့ကို ပဲပင်ပေါက် သို့မဟုတ် Chibi ဟုသာ ခေါ်ပြီး အလေးအနက်ထားသော စကားများ ပြောချင်မှသာ Tsuki ဟုသာ ခေါ်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့။"
"မင်း အစ်ကိုရဲ့ ခါးက အမာရွတ်က ဘာဖြစ်ထားတာလဲ။"
"အဲ့ဒါလား...။ အစ်ကို ပြောတာတော့ ရုံးမှာ အလုပ်လုပ်ရင်း ကတ်ကြေးနဲ့ မတော်မဆ ထိထားတယ်လို့တော့ ပြောပါတယ်။"
"ငါ ထွက်သွားပြီးမှလား။ မထွက်သွားခင်ကလား။"
"....Shin-san ထွက်သွားပြီး နောက်တစ်ရက်နှစ်ရက်လောက်က ထင်တယ်။ သိပ်မမှတ်မိတော့ဘူး။...ဘာဖြစ်လို့လဲဟင်။"

ဒဏ်ရာ ရထားသော နေရာ၊ အရပ်အမောင်း၊ အချိန်အားလုံးက ကွက်တိဖြစ်နေသည်။ သို့ပေမယ့် ဘာကြောင့်လဲဆိုတာတော့ Shin စဉ်းစားလို့မရပါ။ Kuramaသည် သူ့အပေါ်ကို Tsuki လိုမျိုး ညီလေးကဲ့သို့ သဘောထားခဲ့သူဖြစ်သည်။ ငွေကြေးအရ ကြည့်ရင်လည်း သူတို့ဘက်က အကုန်လုံး ပြီးပြည့်စုံပြီး Shin၏ အဖေနှင့် အစ်ကိုတို့ကပင် Tsuki အဖေ၏ ရုံးတွင် သွားအလုပ်လုပ်နေကြသူများ ဖြစ်သည်။ ဒါဆိုရင် ဘာကြောင့်များပါလိမ့်။

ကစားပွဲ စသောအခါ လူနှင့်စိတ်နှင့် မကပ်သဖြင့် Shinသည် ကောင်းကောင်း မကစားနိုင်လိုက်ပါ။ တစ်ချိန်လုံး ဘာကြောင့်လဲဆိုသည့် မေးခွန်းအဖြေကို ထပ်ခါထပ်ခါ စဉ်းစားနေသည်။ ၎င်းကို Kuramaအပါအဝင် သူ၏ သူငယ်ချင်းများလည်း သတိထားမိကြသည်။

"Shin-chan၊ မင်း ဘာတွေ ဖြစ်နေတာလဲ။"
Kiyoက ချွေးများကို တဘက်ဖြင့် သုတ်ပြီး မေးလိုက်သည်။
"နောက်ဆုံးအချီရောက်နေပြီ။ သေချာ မကစားရင် ရှုံးလိမ့်မယ်နော်။"
Shin က ဘာမှ ပြန်မပြောဘဲ ခေါင်းငိုက်စိုက်နှင့်သာ နေနေသည်။
"Shin-san၊ ရေသောက်ပါဦး။"
Tsuki က ရေတစ်ဘူးအား Shin ကို တရိုတသေ လှမ်းပေးလိုက်သည်။

သို့သော်လည်း Shinက အရေးမလုပ်ဘဲ Kuramaတို့ဘက်ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ သူ့ကို ပြန်ကြည့်နေသော Kuramaနှင့် အကြည့်ချင်း ဆုံသွားသည်။
"Tsuki၊ ရေငုံထား။"
"ဗျာ။"
"ငါ မင်းကို ရေငုံခိုင်းနေတာ။ နားမလည်ဘူးလား။"
Shin ၏ လေသံ နည်းနည်း မာနေသည်ကို Kiyo သတိထားမိသည်။ Tsuki လည်း အနည်းငယ် လန့်သွားသည်မို့ ဘာမှ ထပ်မမေးတော့ဘဲ Shin ပြောသည့်အတိုင်း ရေကို သူ့အာခံတွင်းထဲသို့ တတ်နိုင်သမျှ ထည့်ငုံလိုက်သည်။ သူတို့နှစ်ယောက် စကားပြောနေကြသည်ကို Kurama သတိထားကြည့်နေသည်။

ရေငုံပြီးသောအခါ Shinသည် ထိုင်နေရာမှ ထပြီး Tsuki နားသို့ ကပ်လာခဲ့သည်။ Kurama ကြည့်နေသည်ကို သူကောင်းကောင်း သိနေသည်။ ဘယ်သူမှ မထင်မှတ်ထားသော အရာကို Shinသည် လူပေါင်းများစွာ အရှေ့တွင် လုပ်ပြလိုက်သည်။ တစ်ကွင်းလုံးတွင် ရှိသော လူများ တဝုန်းဝုန်းနှင့် ဖြစ်ကုန်သည်။

သူကသာ ဖြစ်ကတတ်ဆန်း လုပ်လိုက်သော်လည်း Tsuki အတွက်ကတော့ အံ့ဩဖွယ် အနမ်း ဖြစ်သည်။ ပထမဆုံး မဟုတ်တာတောင်မှပေါ့။ Shin သည် ထိုမျှနှင့် မကျေနပ်ဘဲ Tsuki ၏ တင်ပါးကို လက်ဖြင့် လှမ်းကိုင်လိုက်သည်။ Tsuki မပြောနဲ့၊ Kiyoတို့တောင် ပါးစပ်အ​ဟောင်းသားဖြစ်သွားသည်။ Shin သည် နမ်းနေရင်းနှင့် ခနဲ့သလိုလို အကြည့်မျိုးနှင့် Kuramaကို လှမ်းကြည့်လိုက်သည်။

ဒီအကြည့်တွေအရဆို သူသိသွားပြီနေမှာပင်။ ဒီပုံစံအတိုင်းဆို Kuramaကျူးလွန်ခဲ့တဲ့ အပြစ်တွေကို Tsuki ကပဲ ဒိုင်ကန်ပေးချေရမည်ဖြစ်သည်။ ဟိုဘက်အခြမ်းကို သွားဖို့ ကြိုးစားချင်သော်လည်း သူငယ်ချင်းများက စိတ်ထိန်းရန် ဝိုင်းပြောနေကြသည်။

Tsuki ဘက်မှ ကြည့်မယ်ဆိုရင် Shin သူ့ကို နမ်းလိုက်သည်မှာ ပျော်ရွှင်ဖွယ်၊ အံ့ဩဖွယ်ဖြစ်ရပ်ဖြစ်သော်လည်း တင်ပါးကို ကိုင်လိုက်သည့် ကိစ္စကတော့ မတူညီသော ကဏ္ဍဖြစ်သည်။ များမကြာခင် သူ Tsuki ကို လွှတ်ပေးလိုက်သည်။
"ရေတိုက်ပေးလို့ ကျေးဇူးပါပဲ။"
သူ့အပြုံးက Tsuki ကို ကြက်သီးတဖျင်းဖျင်း ထသွားစေသည်။
.
.
.
.
.
ထိုနေ့ကစားပွဲကို Shinတို့ ရှုံးခဲ့သည်။ ကစားပွဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက်တော့ Tsukiရော၊ Shin ရော ကျောင်းတွင် ဟိုးဟိုး ကျော်သွားခဲ့သည်။ Tsuki ကသာ မျက်နှာပူနေရသော်လည်း Shin ကတော့ ဘာကိုမှ အရေးမထားသည့် ပုံစံပင်။

ထိုအချိန်မှစ၍ Shin၏ အမူအယာများသည် အရင်တုန်းကအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ အရင်ကထက်တောင် ပိုဆိုးသွားသည်ဟု ပြောနိုင်သည်။ ပြဿနာမရှိ ပြဿနာ ရှာနေတတ်ပြီး သူမြင်သမျှ အိမ်အလုပ်တွေ အားလုံးကို Tsuki အား နားချိန်မရအောင် ခိုင်းလာသည်။ အိပ်သောအခါတွင် Tsuki ကို ကုတင်ပေါ် တင်မအိပ်တော့ဘဲ ဆိုဖာပေါ်တွင်သာ အိပ်ခိုင်းတော့သည်။ နောက်ထပ် ပြောင်းလဲသွားသော တစ်ချက်မှာတော့ စကားနည်းသွားခြင်း ဖြစ်သည်။

To be continue.......

တိုးတိုးလေးWhere stories live. Discover now