အပိုင်းငါးဆယ့်လေး

235 24 0
                                    

"ရောင်းရမှာပေါ့ Kikyo ရဲ့။ နင်တို့ လိုချင်တယ်ဆိုရင် ဖြစ်စေရမယ်။"
"ကြားရတာ ဝမ်းသာစရာပဲ။"
"ငွေကဒီမှာပါ။"
ဦးလေး Daiသည် ငွေလက်မှတ်တစ်ခုကို ထုတ်ပြီး ကြမ်းပြင်ပေါ်ကနေ သူတို့ဘက်သို့ တွန်းပေးလိုက်သည်။ သူတို့နှစ်ယောက်လည်း ငွေပမာဏကို ကြည့်ပြီး အံ့ဩသွားကြသည်။
"အဆင်ပြေမယ် ထင်ပါတယ်။"
"ပြေပါတယ်။ ပြေပါတယ်။"
"ဒါဆိုရင် ကျွန်မတို့ အလုပ်တွေရှိလို့ ပြန်လိုက်ပါဦးမယ်။"
"ဟုတ်ကဲ့။"
"ကောင်းကောင်း ပြန်ကြပါ။"

Shinamo ဇနီးမောင်နှံ ထွက်သွားကြပြီးမှ သူတို့သည် အားရပါးရ ပျော်နေကြသည်။
"ပိုက်ဆံတွေ အများကြီးပဲနော်။"
"အေးလေ။"
"Kuramaကို ဘာပြန်ပြေကြမလဲ။"
"ရှင့်ရဲ့သားကို ကျွန်မ တာဝန်ယူတယ်။....ဒီကောင်နဲ့ ပိုက်ဆံတွေ လဲရတာများ ဆယ်ခါပြန်တောင် လဲလိုက်ချင်တယ်။"
ပိုက်ဆံကြောင့် စုံလုံးကန်းနေကြ​သော သူတို့သည် Shinamo ဇနီးမောင်နှံက သူတို့အား Tsuki ကို တရားဝင် ပေးရန်အတွက် အကွက်ဆင်သွားကြမှန်းတော့ မသိကြပါ။
.
.
.
.
.

၁နှစ်ခန့်ကြာသော်...

အသက်ရှူထုတ်လိုက်တိုင်းတွင် အပူငွေ့များက လေထဲသို့ လွင့်ထွက်သွားကြသည်။ ဆောင်းလေက ညင်သာစွာ တိုက်ခက်နေသောကြောင့် နားရွက်နှင့် နှာခေါင်းများက နီနေပြီ။ သို့သော်လည်း ဘယ်ဘက်လက်မှ ဆုပ်ကိုင်ထားသော သူ့လက်မှ အပူငွေ့ငွေ့နှင့်ပင် လုံလောက်နေပါပြီ။ သူငယ်ချင်းများအလာကို မိမိနှင့်အတူ စောင့်နေသော Shin ကို ကြည့်ပြီး စိတ်ထဲ၌ ပျော်ရွှင်မှုများပေါ်လာပြန်သည်။
"ဘာတွေ ကြည့်နေတာလဲ။"
"ကျွန်တော့်ရဲ့ ချစ်သူချောချောလေးကို ကြည့်နေတာပါ။"
"ချောမှန်း အခုမှ သိတာလား။"
"အစတည်းက သိတာပါ။"
"Tsuki။"
"ဟင်။"
"ငါတို့ ဘယ်တော့ လက်ထပ်ကြမလဲ။"
Shin က ရုတ်တရက်ကြီး မေးလိုက်တာမို့ Tsuki ရှက်အမ်းအမ်း ဖြစ်သွားသည်။ ချစ်သူဖြစ်နေတာ တစ်နှစ်ကျော် ရှိနေပြီဖြစ်သည့်အပြင် ကျောင်းလည်း ပြီးတော့မည်ဖြစ်သော်လည်း Tsuki သည် ထိုကိစ္စကို တစ်ခါမှ မတွေးဖူးပါ။
"တက္ကသိုလ်ပြီးလို့ အလုပ်အတည်တကျဖြစ်ပြီဆိုမှပေါ့။"
Tsuki သည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ပြန်ဖြေလိုက်သည်။
"ဟာ....အကြာကြီး စောင့်ရဦးမှာပေါ့။"
"Shin-sanက ဘယ်အချိန် လက်ထပ်ချင်လို့လဲ။"
"ကျောင်းပြီးတာနဲ့။"
"ဗျာ?!"
"ဘာလဲ။ မင်းက ငါနဲ့ လက်မထပ်ချင်လို့လား။"
"အဲဒီလို မဟုတ်ပါဘူး။ အရမ်း မြန်နေလားလို့ပါ။ Shin-sanရဲ့ မိဘတွေအပေါ် ဖိအားပေးသလို ဖြစ်နေမှာလည်းစိုးတယ်။ ပညာရေး ဆုံးအောင်သင်ပြီး အလုပ်အကိုင်လေးနဲ့ ဖြစ်သွားတော့ မကောင်းဘူးလားလို့။"
"ဟုတ်တော့ဟုတ်ပါတယ်။"
"ပြီးတော့.....အချိန်က လူကို ပြောင်းလဲစေနိုင်တယ်လေ။"
"မင်း ဘာကို ပြောချင်တာလဲ။ ဧကန္တ အနာဂတ်မှာ မင်း ငါ့ကို မချစ်တော့ဘူးလို့ ပြောချင်တာလား။"
"မဟုတ်ရပါဘူး။....ဒါပေမဲ့ Shin-sanကို စိုးရိမ်နေမိတာ။ အခုက ငယ်သေးတော့ Shin-san ကိုယ့်ကိုယ်ကို သေချာ နားမလည်ဘဲ ကျွန်တော့်ကို ချစ်တယ်ထင်နေမှာစိုးလို့။ အဲဒါကြောင့် Shin-sanကို သေချာလေး အချိန်ယူပြီး စဉ်းစားစေချင်တယ်။ ကျွန်တော့်ဘက်က မပြောင်းလဲဘူးဆိုတာ သေချာပေမဲ့...."
"Tsuki။"
"ဗျာ။"
"ငါ့မျက်လုံးတွေကို သေချာကြည့်စမ်း။"
Tsuki သည် Shin ၏ မျက်လုံးများကို မော့ကြည့်လိုက်သည်။ ဝေဝါးမှုမရှိသော Shin ၏ မျက်ဝန်းများက သူ့ကို အလုံးစုံ သိနေသလို ခံစားရစေသည်။
"ဒီမျက်လုံးတွေကို သေချာမှတ်ထား။ ဘာလို့လဲဆိုတော့ ဒီမျက်လုံးတွေက မင်းကို တစ်သက်လုံး ချစ်သွားမယ့် ယောကျ်ားရဲ့ မျက်လုံးတွေ။ မင်းကလွဲလို့ အခြားဘယ်သူ့ကိုမှ အချစ်တွေနဲ့ မကြည့်မယ့် မျက်လုံးတွေ။ အကြင်လင်မယားသစ္စာဆိုနေတုန်းမှာ မင်းရှေ့မှာ ခြေစုံရပ်ပြီး မင်းကို စိုက်ကြည့်နေမယ့် မျက်လုံးတွေ။ အဲဒါကြောင့်.....၊ ဘယ်တော့မှ မမေ့စေနဲ့။"
"Shin-san....။"
Tsuki သည် Shin ကို အတော်ကြာငေးကြည့်နေမိသည်။
"Shin-san၊ ကျွန်တော်..."
"Tsuki-chan!"
"Eee!!!"
Kiyoက နောက်မှ ရုတ်တရက် ခေါ်လိုက်သဖြင့် Tsuki လန့်သွားသည်။

"Kiyo-san?"
"ဘာတွေ ပြောနေကြတာလဲ။"
သူတို့စောင့်နေကြသော လူတွေအကုန် သူတို့နားသို့ ရောက်နေကြပြီဖြစ်သည်။

To be continue.......

တိုးတိုးလေးWhere stories live. Discover now