အပိုင်းနှစ်ဆယ့်တစ်

269 31 0
                                    

Tsukiက အတင်းငြင်းနေရင်းနဲ့တောင် ဝတ်စုံငါးစုံ ဝယ်ပေးခဲ့သည်။
"Tsuki-chan....ဒါလေးစမ်းဝတ်ကြည့်ပါလား။"

Kiyoက ယုန်ဝတ်စုံလေးကို Tsukiလက်ထဲသို့ ထည့်ပေးလိုက်သည်။ အင်္ကျီမှာ ခေါင်းစခြေဆုံး အပြည့်ပါပြီး hoodie တွင် ယုန်နားရွက် အကြီးကြီးတွေပင် ပါသေးသည်။ အရောင်မှာ ပန်းရောင်ဖြစ်ပြီး မိန်းကလေးတွေ ဝတ်လေ့ရှိသည်မျိုး ဖြစ်ပါသည်။
"K....Kiyo-san...ဒါ...ဒါက..."
"ငြင်းမနေပါနဲ့။ ငါ့မွေးနေ့ကို ငါ စိတ်ချမ်းသာအောင် ထားရမယ်လေ။"
"ဒါပေမယ့်..."
"ကဲပါ..။ သွားပါ။"
Kiyoသည် Tsukiအား အဝတ်လဲခန်းထဲသို့ တွန်းထည့်ပေးလိုက်သည်။ Harueသည် Amaအား ဂျင်းဘောင်းဘီအတို ပေါင်ပေါ်လေး စမ်းဝတ်ခိုင်းရာ Amaက မဝတ်ချင်ဘူးဆို၍ နှစ်ယောက်သား ရန်ဖြစ်နေကြပြန်သည်။ Shin နှင့် Taro တို့ကတော့ ငြိမ်သက်စွာပင် ထိုင်နေကြသည်။

           မိနစ်အနည်းငယ် ကြာပြီးသောအခါ...

"Kiyo-san...ကျွန်တော်....ဝတ်ပြီးသွားပါပြီ။"
Tsukiသည် မဝံ့မရဲနှင့် အပြင်သို့ ထွက်လာခဲ့သည်။
"ဘုရားရေ...ချစ်ဖို့ကောင်းလိုက်တာ Tsukiရယ်။ ဓာတ်ပုံ ရိုက်ရအောင်။"
Shin သည် မျက်လုံးများ ပြုတ်ထွက်မတတ် Tsukiကို နှစ်သက်စွာ ကြည့်နေမိသည်။ ရုတ်တရက် ဘေးနားမှာ ရှိသော အရာတွေအားလုံး ပျောက်သွားပြီး Tsukiကိုပဲ မြင်နေရသည်။ နှလုံးခုန်သံပင် တစ်ချက် ကျော်သွားလားဟု ထင်မိသည်။
"အဟမ်း။"
Taro ချောင်းဟန့်လိုက်မှ အသိပြန်ဝင်လာပြီး မျက်နှာလွှဲလိုက်​လေသည်။
"ကျွန်တော် ချွတ်လို့ ရပြီလား။"
"ရပြီ။...အစ်မရေ...ဒါမျိုးလေး သုံးစုံပေးပါ။"
"ဟုတ်ကဲ့။"
"ဗျာ.."
"ဘာအရောင်လေးတွေ ယူမလဲရှင့်။"
"ပန်းရောင်၊ အဖြူရောင်နဲ့ အမဲရောင်လေးပေးပါ။"
"ဟုတ်ကဲ့။"
"အိပ်ရာ ဝင်ခါနီး ဝတ်နော်။"
"အဲ့ဒါက...ကျွန်တော် အဆင်မပြေ..."
"မရဘူး။ ငါက မွေးနေ့ရှင်။ ငါပြောတာ နားထောင်ရမယ်။"
"အဲ့တစ်ခွန်းနဲ့ပဲ ကိုင်ပေါက်နေလိုက်။"
Ama က ဝင်ထေ့သည်။
"မင်း ဝင်မပါပါနဲ့။ နော် Tsuki...နော်လို့။"
"....ဟုတ်ကဲ့။"
Tsukiမှာ မတတ်နိုင်သည့်အဆုံး အလံဖြူပြပြီး အရှုံးပေးလိုက်ရသည်။
"ဝမ်းသာလိုက်တာ။....ဒါပေမယ့် မင်းကို အဲ့ဒီဝတ်စုံနဲ့ မမြင်ရမှာတော့ နှမြောစရာပဲ။ ငါတို့သာ အတူနေတယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။....ဟုတ်သား။ မင်း ငါ့အိမ်မှာ အလည်လာအိပ်ပါလား။"
"မ...မဖြစ်ဘူးနော်။"
"ဖြစ်ပါတယ်။ Shin-chanကို မေးကြည့်မယ်လေ။"
"Kiyo-san...ခဏနေ..."
"Shin-chan..Tsukiကို ငါ ခေါ်အိပ်လို့ရလား။ တစ်ညတည်းလေ။"
"ရတယ်။
သေချာပေါက် ခွင့်မပြုဘူးလို့ ထင်နေသော်လည်း အလွယ်တကူခွင့်ပြုလိုက်သောကြောင့် Tsukiအံ့ဩသွားသည်။

သို့သော် Shin သည် သဘောရိုးဖြင့် ပြောလိုက်ခြင်း မဟုတ်ပါ။ Kiyoကို အမြင်ကတ်လွန်း၍ အရွဲ့တိုက်လိုက်ခြင်းဖြစ်သည်။
"ကျေးဇူးပါပဲကွာ။"
"နောက်ထပ်နှစ်ရက်သုံးရက် ဆက်ခေါ်ထားလည်း ရတယ်။ ဒါမှမဟုတ် တစ်သက်လုံး ပြန်မလာလဲ ကိစ္စမရှိဘူး။"
"Shin-chan....မင်းကလည်း.."
"ဒါမှမဟုတ် ပြန်ဝယ်ချင်တယ်ဆိုလည်း ကိစ္စ မရှိဘူးနော်။ ငါအသစ်ပြန်ရှာလို့ရတယ်။

မိမိအား ပစ္စည်းဆန်ဆန် စကားများဖြင့် ပြောဆိုသုံးနှုန်းနေသည်ကို Tsukiသည် ခံနိုင်ရည်မရှိတော့ပါ။ Shin သည် ထုံးစံအတိုင်း Tsukiကို ကမ်းပါးတစ်ခုမှ ပစ်ချလိုက်ပြန်သည်။ ဘယ်အချိန် ပြန်ဆယ်မလဲ ဘယ်သူမှ မသိနိုင်ပါ။ Shin နားမှာ Tsukiရှိနေသရွေ့တော့ သူ လိုသလို ပစ်လိုက်ဆယ်လိုက် လုပ်နေသည်ကို ခံနေရဦးမည်သာ။
"ကျွန်တော် အင်္ကျီ ပြန်လဲလိုက်ဦးမယ်။"
Tsukiသည် Kiyoပြန်ဖြေတာကို မစောင့်တော့ဘဲ အဝတ်လဲခန်းထဲသို့ ပြေးဝင်သွားသည်။
"တွေ့လား Shin-chan။ မင်းလုပ်လိုက်တာ Tsuki-chanလေး စိတ်မကောင်း ဖြစ်သွားပြီ။"
"စောက်ဂရုစိုက်စရာလား။"
Shin သည် ထိုင်ခုံကို ဆောင့်ကန်ပြီး အပြင်သို့ ထွက်သွားသည်။
"သူဘာတွေ ဖြစ်နေတာပါလိမ့်။"
"အလိုက်ကမ်းဆိုး မသိလိုက်တာ။"
Taro က မှတ်ချက်ပေးသည်။
"ဒါမျိုးကို အလိုက်ကမ်းဆိုး မသိတာလို့ မခေါ်ဘူးထင်တယ်။"
"Taro က မင်းကို ပြောနေတာ Kiyo။"
"ဘာ..။ ငါ့ကို ပြောနေတာ ဟုတ်လား။"
"Shinshinက ဂျေတွေ အတောင့်လိုက် ဝင်နေတာကို မမြင်တဲ့အထိ မင်း ကန်းနေပြီလား။"
"ဂျေဝင်တယ်ဟုတ်လား Harue။"
"အခုချိန်ထိ မင်းနားမလည်သေးဘူးကို။ Harueလို ဂေါ်ရီလာ သာသာကောင်တောင် သိနေပြီ။"
"ငါက ဂေါ်ရီလာ မဟုတ်ပါဘူးAma။ ငါလူစင် မှီပါတယ်။"

To be continue......

တိုးတိုးလေးDonde viven las historias. Descúbrelo ahora