အပိုင်းသုံးဆယ့်နှစ်

256 29 2
                                    

ဖြစ်သွားသော အရာများကို ကြည့်ပြီး Tsuki အံ့ဩသွားသည်။
"Harue-san၊ ဒီနေရာက.."
"ဟုတ်တယ်။ ငါ့မိသားစု ပိုင်တာလေ။"
ထပ်ဆင့်အံ့ဩသွားရပြန်သည်။
"သွားရအောင် ပဲပင်ပေါက်။"
"ဟုတ်ကဲ့။"
Shin ဦးဆောင်ရာ နောက်သို့ Tsuki လိုက်သွားခဲ့သည်။

လုံခြုံရေးသည် သူတို့ကို အပေါ်ထပ်က စားပွဲတစ်ခုဆီသို့ခေါ်သွားပေးသည်။ ထိုနေရာကနေ အောက်ထပ်က မူးရူးနေကြသော လူများကို တွေ့နိုင်သည်။ သီချင်းသံသဲသဲနှင့် မှောင်နေသော အလင်းရောင်ပျပျကြောင့် နေထိုင်မတတ်ပင် ဖြစ်လာသည်။
"သခင်လေး..သခင်လေးက ဒီနေရာကို လာနေကျလား။"
"ဟုတ်တယ်။ ကိစ္စ ရှိလို့လား။"
"မရှိပါဘူး။"
Tsuki အမြင်မှာ ကျောင်းသားတစ်ယောက်အနေနှင့် ဒီလို နေရာမျိုးကို ခဏခဏ မလာသင့်ဘူးဟု ထင်သော်လည်း Shin ကို ပြောရင် အအော်ခံရမှာ သေချာနေသည်မို့ ဘာမှ ထပ်မပြောဖြစ်ပါ။

မကြာခင် သူတို့နားသို့ ဝန်ထမ်းကောင်လေးတစ်ယောက် ရောက်လာပြီး ဘာများ သုံးဆောင်ချင်လဲဟု လာမေးသည်။ Shin က ဝီစကီမှာပြီး Tsuki ကတော့ ပန်းသီးဖျော်ရည်ပဲ မှာဖြစ်လိုက်သည်။ Tsuki တစ်ခါမှ မကြားဖူးသော တံဆိပ်နှင့် ဝီစကီပုလင်းကို ထက်ဝက်ကျိုးသည်အထိ သောက်နေသော Shin ကို ကြည့်ပြီး Tsuki ရင်တထိတ်ထိတ် ဖြစ်နေရသည်။ ဒါပေမယ့် Shin ကတော့ သူ့ဟာနှင့်သူ ငြိမ်နေသေးသည်။ ဒီလောက် သောက်ထားတာတောင် မူးသည့်အရိပ်မယောင် မပြသေးတာ သူ ဘယ်လောက်ထိ အတွေ့အကြုံ ရှိနေပါလိမ့်။ အားနေတိုင်း အရက်ပဲ လာသောက်နေလားဟုပင် ထင်ရသည်။
"သခင်လေး...အိမ်ပြန်ရအောင်။"
"ဘာလို့လဲ။"
"အပြင်မှာ နောက်ကျတဲ့ထိ မနေသင့်ဘူးလေ။ ပြီးတော့ ဆက်သောက်နေရင် သခင်လေး မူးသွားမှာပေါ့။"
"ငါ မမူးဘူး။ လျှာ လာမရှည်နဲ့။"
"....ဟုတ်ကဲ့ပါ။"
"ဒါနဲ့ ပဲပင်ပေါက်..."
"ဟုတ်ကဲ့။"
"ငါတို့...သားဖွားခန်းထဲ ဘာလို့ရောက်နေတာလဲ။"
"မူးနေပြီဟ!!!"

ဒါရိုင်ဘာ ဦးလေးကြီးကို ဖုန်းဆက်ပြီး အမြန်ဆုံး လာကြိုခိုင်းရသည်။ Shin ကို ကြည့်ရသည်မှာ အမူအယာတွေက ပုံမှန်လို့ပဲ ထင်ရပေမယ့် လုံးဝကို မူးနေပြီဖြစ်သည်။ အိမ်မပြန်ချင်သေးဟု ပြောနေသော သူ့ကို အတင်းဆွဲပြီး အခန်းထဲသို့ ခေါ်လာခဲ့ရသည်။
"ငါ့ကို လွှတ်။"
"သခင်လေး မူးနေပြီ။"
"ငါ မမူးပါဘူးဆို။"
"ကျေးဇူးပြုပြီး ပြောစကား နားထောင်ပေးပါ။"
Shin သည် ရုတ်တရက် ရုန်းကန်နေသည်ကို ရပ်လိုက်သည်။
"ဒါဆိုရင် ငါတောင်းဆိုတာ လုပ်ပေးမှာလား။"
"ဟုတ်ကဲ့။ လုပ်ပေးပါ့မယ်။ အဲ့ဒါကြောင့် အခန်းထဲ ဝင်ပါတော့။"
သူ့ကို ကတိပေးတော့မှ Shin က အသာတကြည့်နှင့် အထဲသို့ ဝင်သွားသည်။

"ဟူး...တော်သေးလို့။"
"ကဲ..ငါ မင်းပြောတဲ့အတိုင်း လုပ်ပြီးပြီဆိုတော့ အခု ငါပြောတဲ့အတိုင်း လုပ်ပေးရမယ့် အလှည့်ပဲ။"
"သခင်လေးက ဘာခိုင်းချင်လို့လဲ။"
"ငါ့ကို ရေချိုးပေး။"
Shin ပြောလိုက်သော စကားကြောင့် Tsuki ချုံးချုံးကျအောင် လန့်ဖျန့်သွားသည်။ ခြေဖျားလက်ဖျားတွေမှာ သွေးမရှိတော့ဘူးလို့ပင် ခံစားရသည်။ လူကောင်နှင့် မလိုက်အောင် Shin သည် ကလေးတစ်ယောက်လို ချွဲနေပါရောလား။
"ဗျာ.."
"ငါပြောတာ မလုပ်ပေးချင်ဘူးလား။"
"သခင်လေး အခု မူးနေလို့ ကောင်းကောင်း မစဉ်းစားနိုင်ဘူးနေမှာ။ မနက်ဖြန်မှပဲ အသစ် ထပ်ခိုင်းပါနော်။"
"မင်းက ကလိမ်ကျနေတာပေါ့ ပဲပင်ပေါက်။"
"မဟုတ်ပါဘူး။ ဒါက ရှက်ဖို့ကောင်းတယ်လေ။"
"ငါတို့ နှစ်ယောက်စလုံးက ယောကျ်ားလေးတွေလေ။ ဘာ ရှက်စရာ ရှိလို့လဲ။"
"ကျွန်တော်တို့က ကလေးတွေမှ မဟုတ်တော့တာ။"
"ငါ့ကို ပေးထားတဲ့ ကတိမတည်ရင် အိမ်ကို မီးရှို့ပစ်မှာနော်။"
"ဗျာ။"
"လက်ခံမှာလား။ မလက်ခံဘူလား။"
"သခင်လေး.....အဲ့ဒီလို မလုပ်ပါနဲ့။"
"မလုပ်ဘူးပေါ့။"
".....လုပ်ပေးပါ့မယ်။"
"လိုက်ခဲ့။"

Shin သည် Tsuki လက်ကို ဆွဲပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ အထဲရောက်သည်နှင့် ရေဖွင့်ပြီး ချက်ချင်းပဲ အပေါ်ပိုင်း အဝတ်တွေ အကုန် ချွတ်လိုက်သည်။ သူ့ကို မကြည့်ရဲတော့သဖြင့် Tsuki သည် မျက်လုံး မှိတ်လိုက်သည်။ ထိုစဉ် သူ့ အင်္ကျီကို ဆွဲချွတ်ဖို့ Shin က ကြိုးစားသဖြင့် Tsuki သည် လန့်လန့်နှင့် မျက်လုံး ပြန်ဖွင့်လိုက်သည်။
"ဘာ...ဘာလုပ်နေတာလဲ။"
"ရေချိုးမယ်လေ။ အင်္ကျီကြီးနဲ့ ရေချိုးလို့မှ မရတာ။"

To be continue.......

တိုးတိုးလေးWhere stories live. Discover now