ခြေလှမ်းတိုင်းခြေလှမ်းတိုင်းက သူ့အတွက် ကြီးမားသော စိန်ခေါ်မှုတွေ ဖြစ်နေခဲ့သည်။ အခန်း ၂၀၆အား မြင်လိုက်ရချိန်တွင် သူ၏ အတွေးနှင့် ခြေလှမ်းတို့မှာ ခေတ္တ ရပ်သွားသည်။ သို့သော်ငြား တစ်စုံတစ်ခုက ဦးနှောက်ထဲသို့ ရိုက်သွင်းလိုက်သည့်ပမာ Shin ၏ ရင်ထဲတွင် Tsuki အား မြင်ချင်သော စိတ်များ အတိုင်းမသိ ထွက်ပေါ်လာသည်။ အစောပိုင်းက ဖြည်းနှေးခဲ့သော ခြေလှမ်းများသည် ရုတ်တရက် ခွန်အားများ ပြည့်လျှံလာပြီး ထိုအခန်းထဲသို့ အပြေးတပိုင်း ဝင်သွားမိသည်။
"Tsuki!"အခန်းထဲတွင် ရှိနေသော Harue နှင့် Taro တို့သည် သူ့ကို ငေးကြည့်နေကြသည်။ Harue သည် Tsuki ဘေးတွင် ထိုင်နေပြီး Tsuki နဖူးက ချွေးစလေးများကို တစ်ရှူးဖြင့် သုတ်သင်ပေးနေသည်။ Taro က တစ်နေရာရာကို သွားမလို့ လုပ်နေရာမှ Shin ကို တွေ့သောအခါ သူ့ဆီသို့ တည့်မတ်စွာ လျှောက်လာခဲ့သည်။
"Taro၊ Tsuki အခြေနေ ဘယ်လို..."ဖျောင်း!
Taro ရိုက်လိုက်သော Shin၏ ပါးတစ်ဖက်မှာ ထုံပြီး နာသွားသည်။
"သူနိုးလာရင် တောင်းပန်လိုက်။"
ထိုမျှသာ ပြောပြီးနောက် Taro သည် အခန်းထဲကနေ တည်တည်ငြိမ်ငြိမ်ပဲ ထွက်သွားသည်။ Harue က သက်ပြင်းတစ်ချက်ချပြီး လုပ်လက်စအလုပ်ကို ဆက်လုပ်နေသည်။
"အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်။ ပြီးတော့.......လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရတဲ့ လက္ခဏာတွေလည်း တွေ့ရတယ်တဲ့။"
"ဘာ..."
အခန်းဝမှ အခြားလူတစ်ယောက်၏ အသံကို ကြားလိုက်ရသဖြင့် Shin ရော၊ Harue ရော၊ လှမ်းကြည့်လိုက်ကြရာ Kuramaကို တွေ့လိုက်ရသည်။Kurama သည် Tsuki အား ဂရုဏာ သက်နေသော မျက်လုံးများဖြင့် ကြည့်နေစဉ် သူ၏ အကြည့်များသည် Shin ဆီသို့ ရောက်လာသည်။ အမုန်းတရားများ အပြည့်နှင့် သူသည် Shin အား ထိုးဖို့ အရှေ့သို့ ပြေးလာသည်။ ကိုယ့်လုပ်ရပ်အား တာဝန်ယူရန် စဉ်းစားထားသဖြင့် Shin သည် ရှောင်မပြေးဘဲ ကျေနပ်စွာနှင့် ဤထိုးချက်အား ခံယူလိုက်သည်။ Kurama က ကျေနပ်အားရခြင်း မရှိဘဲ နောက်ထပ် ထိုးဖို့လုပ်တော့ Harue က ဝင်တားပြီး Kuramaကို ဆွဲထားသည်။
"ငါ့ကိုလွှတ်။ ဒီကောင့်ကို ငါသတ်ရမှ ကျေနပ်မယ်။...လွှတ်။...နောက်ဆုံးတော့ မင်းလည်း ဒီပုတ်ထဲက ဒီပဲပဲ။...မင်းအဖေနဲ့ အစ်ကိုလိုပဲ။...အောက်တန်းကျတဲ့ လူယုတ်မာ။"
Kuramaပြောသော စကားများထဲမှ သူ့အဖေနှင့် အစ်ကိုလို လူယုတ်မာဆိုတာ ဘာကို ပြောချင်တာလဲ နားမလည်နိုင်ပါ။
"ဒါ လူနာအခန်းလေဗျာ။ အစ်ကို ဒေါသထွက်တာ ကျွန်တော် နားလည်ပေမဲ့ နောက်မှပဲ ရှင်းကြပါ။"
Harue က ပြေရာပြေကြောင်း ဝင်ပြောသည်။ ထိုအခါမှ Kuramaသည် ခဏ ငြိမ်ကျသွားသည်။
"ခင်ဗျား ခုနက ပြောလိုက်တဲ့ စကားက ဘာအဓိပ္ပာယ်လဲ။ ကျွန်တော့် အဖေနဲ့ အစ်ကိုလို ဟုတ်လား။"
Shin ၏ မေးခွန်းကို ကြားရသောအခါ Kuramaသည် အံ့လည်းဩ၊ ရယ်လည်းရယ်ချင်နှင့် အသံထွက်အောင် ထုတ်ရယ်လိုက်သည်။
"ဘုရားရေ။...မင်း မရိပ်မိသေးဘူးလား။....ငါ ပြောခဲ့တဲ့ လူနှစ်ယောက်ဆိုတာက Tsuki ပျော်လို့ ဖြစ်ခဲ့တဲ့ လူတွေလို့ ထင်လား။...မင်း အဖေနဲ့ အစ်ကိုက အကျပ်ကိုင်လို့ Tsuki ရွေးစရာ မရှိခဲ့ဘူး။"
"မဖြစ်နိုင်ဘူး!"
"မဖြစ်နိုင်ဘူး ဟုတ်လား။ ငါက အားနေလို့ မင်းအဖေနဲ့ အစ်ကိုကို သတ်ရမှာလား။ သူတို့က Tsuki ရဲ့ ပုံတွေကိုရိုက်ပြီး တစ်ကြိမ်မက နှစ်ကြိမ်မက blackmail လုပ်နေခဲ့တာ။"
"အဖေနဲ့ အစ်ကိုက အဲ့ဒီ့လို လုပ်ကြမှာ မဟုတ်ဘူး။ ခင်ဗျား လိမ်မနေနဲ့။"
"ဒီလို အခြေနေ ရောက်နေတာတောင် ငါက လိမ်မယ်လို့ ထင်နေသေးတယ်ပေါ့။ မင်း Tsuki ကို အိမ်ခေါ်အိပ်ဖို့ ခေါ်တိုင်း Tsuki မျက်နှာ မကောင်းတာ သတိမထားမိဘူးလား။...အံ့ဩစရာပဲ။...ထူလွန်းတယ်။...မင်း သူ့ကို ဒီလောက် ရက်စက်နေတာတောင် မင်းကို သူ မငြိုငြင်တာ ဘာကြောင့်လဲဆိုတာရော သိရဲ့လား။ အဲ့ဒီ့ ကလေးက မင်းကို အလယ်တန်းတည်းက သဘောကျနေခဲ့တာ။"
အဖြစ်မှန်တွေကို ကြားလိုက်ရသောအခါ Shinသည် ငယ်ထိပ်ပေါ်ကို မိုးကြိုး အပစ်ခံလိုက်ရသလို ခံစားရသည်။ မှားပြီ။...အမှားကြီး မှားခဲ့ပြီ။
"မင်းတို့အိမ်က လူတွေနဲ့ ပတ်သက်မိလို့ သူ့ဘဝက ဘယ်လောက်တောင် နစ်မွန်းရဦးမှာလဲ။ ဘယ်လောက်တောင် နာကျင်ပေးမှ ကျေနပ်မှာလဲ။"
"ကျွန်တော် မယုံဘူး။"
Shin သည် Kurama ဆက်ပြောမည့် စကားများကို နားမထောင်တော့ဘဲ အခန်းထဲက ပြေးထွက်လာခဲ့သည်။ သူ့အပေါ် ကြင်နာပြီး အမြဲတမ်း ဖေးမတတ်သော လူနှစ်ယောက်က ထိုကဲ့သို့ လူမဆန်လှသည့် အရာကြီးကို ကျူးလွန်ခဲ့သည်တဲ့လား။ သူမယုံနိုင်ပါ။ ယုံလည်း မယုံချင်ပါ။ပြေးရင်းလွှားရင်းနှင့် သူ၏ ခေါင်းထဲ၌ Tsuki ခဏခဏ နေမကောင်းဖြစ်သည်များကို မြင်ယောင်လာမိသည်။ အလယ်တန်း ကျောင်းသားအရွယ်နှင့် ထိုမျှသော ဒုက္ခပေါင်းစုံကို သူ ဘယ်လိုလုပ် သည်းခံခဲ့ပါလိမ့်။ ဘာမှ မဖြစ်သလို ဖြူဖြူစင်စင် ပြုံးပြခဲ့သော Tsuki ၏ ခံစားချက်တွေကို နည်းပေါင်းစုံနှင့် စော်ကားမိခဲ့သော သူ့လုပ်ရပ်ကို ရွံရှာစက်ဆုပ်လာမိသည်။
ထိုအရာအားလုံး စတင်ခဲ့သော နေ့လေးမှာ သာမန်နေ့လေးလိုပဲ နေသာနေခဲ့သည်။ Tsuki သည် Shin၏တောင်းဆိုမှုကြောင့် သူ့အိမ်တွင် လိုက်အိပ်ပေးသော နေ့လည်းဖြစ်သည်။ သူတို့နှစ်ယောက် ရယ်မောစကားပြောရင်း Shin၏ အိမ်ဆီသို့ ရောက်လာခဲ့သည်။ Shin ၏ အိမ်တွင် လူမရှိသေးပါ။
နှစ်ယောက်စလုံး ရေချိုးမိုးချိုးပြီး စာလုပ်နေကြချိန်တွင် Shin၏ အဖေနှင့် အစ်ကိုတို့ ပြန်ရောက်လာကြသည်။
To be continue.......
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇