အမှောင်ထဲမှာမို့ Kuramaမျက်လုံးဖွင့်နေတာ သေချာစွာ မမြင်ရပေမဲ့ Tsuki ၏ ခန္ဓာကိုယ်လှုပ်ရှားပုံကို မြင်နေရသည်။ Tsuki သည် ရုတ်တရက် တဆတ်ဆတ် တုန်လာပြီး ခေါင်းအုံးကို မျက်နှာအပ်ကာ ငိုနေပါတော့သည်။ သူချစ်ခင်ရသော ညီလေးသည် အရှက်တကွဲငိုယိုစိတ်ဆင်းရဲနေရတာကို သူဘာမှ မလုပ်ပေးနိုင်ဘူးလား။....ဒီလိုတော့ မဖြစ်ရပါ။ သူတို့သားအဖတွေ ဖြစ်စေချင်တဲ့အတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် Kuramaတို့ မိသားစုတစ်ခုလုံး ပျက်စီးရပေမည်။ ဒီလိုမဖြစ်စေရပါ။
နောက်တစ်ရက်တွင် Kuramaသည် Hikaru ကို ကော်ဖီဆိုင်တစ်ခု၌ တွေ့ရန် ချိန်းဆိုလိုက်သည်။ ကိစ္စတွေကို အရင်ဆုံး အနုနည်းနှင့် ဖြေရှင်းရန် ကြံစည်ထားခဲ့သည်။
"ဘာကိစ္စရှိလို့လဲ ညီလေးရဲ့။"
Hikaru က ဘာအပြစ်မှ မလုပ်ထားသူတစ်ယောက်ပမာ Kuramaကို ပြုံးပြရင်း စကားစလိုက်သည်။ ရုပ်ရည်ကြည့်တော့ ခန့်ခန့်ညားညားနှင့် ယုတ်မာပက်စက်သော ကိစ္စများအား အရှက်မရှိလုပ်ထားသော သူ့ကို ကြည့်ရင်း အော်ဂလီဆန်လာမိသည်။
"မသိချင်ယောင်ဆောင်မနေပါနဲ့။"
"အစ်ကိုက ဘာကို မသိချင်ယောင်ဆောင်ရမှာလဲ။"
"ခင်ဗျား Tsuki ကို ဘာတွေလုပ်ထားလဲ ကျုပ်အကုန်သိပြီးပြီ။"
Hikaru အနည်းငယ်တော့အံ့ဩသွားသည်။
"သူက ညီလေးကို ပြောပြတာလား။"
"Tsuki က ဘယ်သူ့ကိုမှ ဘာမှ ပြန်မပြောဘူး။ သူက သူသာ အသေခံသွားမယ်။ သူများကိုတော့ ဒုက္ခပေးမယ့်လူစား မဟုတ်ဘူး။"
Kurama၏ စကားကို Hikaru လှောင်ပြုံးပြုံးလိုက်သည်။
"အဲ့ဒီလိုလူမျိုးက အပြင်မှာ တကယ်ရှိလို့လား။ ရှိရင်တောင်မှ ကြာကြာရှင်သန်နိုင်ကြမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီလောကက ကိုယ်မှ မရက်စက်ရင် ကိုယ့်ကို ရက်စက်မယ့် လောကလေ။"
"ကျွန်တော် တဲ့ပဲ ပြောတော့မယ် Tsuki ကို ဘယ်လောက်တောင်းထားလဲ။"
"သိပ်မများပါဘူး။ သိန်း၂၀တည်းပါ။"
"ခင်ဗျား!"
"မင်းတို့အတွက်တော့ ဒီငွေပမာဏက များတယ်လို့ မခေါ်လောက်ပါဘူး။"
"အဲ့ဒီ့လောက်သာ ပျောက်သွားရင် အဖေက သံသယဝင်မှာပေါ့။"
"ဝင်လည်း ဘာဖြစ်လဲ။ အမှန်တိုင်း ပြောလိုက်ပေါ့။ ဒါမှမဟုတ် မင်းညီလေး ငိုနေတဲ့ပုံတွေ ပျံ့သွားစေချင်လို့လား။"
Kuramaသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ နောက်ဆုံးတော့ သူ့မှာ ရွေးစရာ မရှိတော့ပါလား။
"ဒီကိစ္စမှာ Shin ပါလား။"
"သူသာပါရင် Tsuki သတ်သေနေလောက်ပြီးရောပေါ့။"
"ကျွန်တော် နောက်ဆုံးအကြိမ် တောင်းဆိုမယ်။ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်ပါ မဟုတ်ရင် နောင်တ ရရလိမ့်မယ်နော်။"
"အလယ်တန်းကျောင်းသားက ငါ့ကို လာခြိမ်းခြောက်နေပါလား။"
"အဲ့ဒီ့ အလယ်တန်းကျောင်းသားက ဘယ်လို လူမျိုးလဲဆိုတာ ခင်ဗျားမသိသေးပါဘူး။"
Kuramaသည် ထိုမျှနှင့်သာ စကားစကို ဖြတ်ပြီး ထထွက်သွားပါတော့သည်။Kuramaသည် ရွေးစရာ မရှိတော့သည့်အဆုံး အမှောင်လမ်းကိုသာ ရွေးသွားခဲ့သည်။ Shin ကို ချန်ထားပြီး တိတ်တဆိတ် အဆုံးသတ်ရန် ကြံရွယ်ထားခဲ့သော်လည်း သူ၏ ရည်ရွယ်ချက်တို့မှာ အထမမြောက်ခဲ့ပါ။
.
.
.
.
.
Shin ၏ အခန်းလေးမှာ သာမန်ထက် ပိုပြီး ခြောက်ကပ်နေသည်။ အနောက်က တကောက်ကောက် လိုက်မည့် ခြေသံလေးကိုလည်း မကြားရတော့ချေ။ သူ၏ နှုတ်ခမ်းတို့မှ ထွက်ကျလာသော သာယာဖွယ် ရယ်သံလေးတွေကိုလည်း မကြားရတော့ချေ။ အထီးကျန်လှသည်။ ကိစ္စတွေအားလုံး အခုလို ဖြစ်သွားပြီးနောက် Tsuki က သူ့ကို ခွင့်လွှတ်ပေးပါ့မလား။ ထိုအတောအတွင်း Tsuki ပေါ် ထားသော မိမိ၏ ခံစားချက်များကို ပြန်ဆင်ခြင်ပြီး သဘောပေါက်နားလည်လာခဲ့သည်။ အခု Tsuki ကို ပြေးတွေ့ပြီး ဒူးထောက်တောင်းပန်ချင်သော်လည်း Tsuki က သူ့မျက်နှာကို တွေ့မှတွေ့ချင်ဦးပါ့မလားဟု သံသယကြီးစွာ ဖြစ်နေသည်။
.
.
.
.
.
မျက်ခွံလေးက တလှုပ်လှုပ်နှင့် နောက်ဆုံးတော့ သူ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ ဝေဝါးနေသော မြင်ကွင်းထဲ၌ လူအရိပ်ယောင်တစ်ခုကိုလည်း တွေ့နေရသည်။
"......Shin-san.."
Tsuki ဆီမှ စကားသံ ကြားလိုက်ရသဖြင့် Kiyoသည် ငိုက်နေရာကနေ ငေါက်ခနဲ မျက်လုံးများ ပြူးကျယ်သွားသည်။
"Tsuki-chan၊ နိုးလာပြီလား။"
Tsuki ၏ အမြင်အာရုံများ ကြည်လင်လာချိန်တွင် Shin မဟုတ်ဘဲ Kiyoဖြစ်နေမှန်း သိလိုက်ရ၍ အားပျော့သွားသည်။
'အေးလေ။ သူက ဘယ်လိုလုပ် ရှိနေမှာလဲ။ ငါ့ကို မုန်းသွားပြီကို။'
Tsuki သည် စိတ်ပျက်အားငယ်နေသော်လည်း သူ့ကို ပြူးပြူးပြဲပြဲ ကြည့်နေသော Kiyoကို ပြုံးပြလိုက်သည်။
"နိုးနေပါပြီ။"
"တော်သေးတယ်။"
"ကျွန်တော်....အိပ်ပျော်နေတာ ဘယ်လောက် ကြာပြီလဲ။"
"သုံးရက်ရှိပြီ။ ဆရာဝန်ကတော့ အဆင်ပြေတယ် ပြောတာပဲ။ အားနည်းနေလို့ အနားယူရမယ်လို့လည်း ပြောထားတယ်။"
"ဟုတ်ကဲ့။"Tsuki က အားယူပြီး ထထိုင်သောအခါ Kiyoက သူ့ကို ကူညီပေးသည်။
"ဖြည်းဖြည်း။"
"ရပါတယ်။ ကျွန်တော် နေကောင်းနေပါပြီ။"To be continue........
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇