တစ်ရက်တစ်ခြား တိုးတက်လာသည့် နည်းပညာခေတ်ကြီးတွင် Tsukiအတွက်က မြင်မြင်သမျှ အသစ်ဖြစ်နေသည်။ ငေးငိုင်နေဆဲမှာပဲ Shin ၏ ကျောကုန်းကို ဝင်တိုက်မိပြန်သည်။
"တောင်းပန်ပါတယ်။"
"တောသားလိုမျိုး ငေးမနေနဲ့။ ကလေးလူကုန်ကူးမှုထဲ ပါသွားမယ်။"
"တောင်းပန်ပါတယ်။"
"ဒီကို လာကြည့်။"Tsukiသည် Shin ၏ ဘေးသို့ သွားကာ i-phone ရောင်စုံထားထားသည်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"လှလိုက်တာ။"
"ဘယ်အရောင်ကြိုက်လဲ။"
Tsukiသည် ငယ်ငယ်တည်းက အပြာရောင်ကို အလွန်နှစ်သက်သူဖြစ်သည်။ သူသဘောကျသော ကောင်းကင်ကြီးနှင့် ပင်လယ်တို့မှာ ထိုအရောင်ဖြစ်သောကြောင့်ဖြစ်သည်။ စိတ်ထဲမှာ ရှိသည့်အတိုင်း ရိုးရှင်းစွာပင် အပြာရောင်လေးကို လက်ညိုးထိုးလိုက်သည်။
"ဒီဟာလေး။"
"ဒီဟာလေး ထုတ်ပေးပါ။"
Shin သည် Tsukiရွေးလိုက်သော အရောင်ကို မေးငေါ့ပြပြီး ဘေးကဝန်ထမ်းကို ထုတ်ပိုးခိုင်းလိုက်သည်။ ဝန်ထမ်းကလည်း လျှင်မြန်စွာပင် ထိုဖုန်းလေးကို သေသပ်စွာ ထုတ်ပိုးပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် ဆိုင်ထဲမှ ပြန်ထွက်ခွါခဲ့ကြသည်။ကုန်တိုက်ထဲတွင် လျှောက်ဝယ်လို့ အားရသောအခါ ကာရာအိုကေ သွားဆိုရန် ဆုံးဖြတ်လိုက်ကြပြန်သည်။ Shin ဝယ်ထားသော စာအုပ်များ၊ အင်္ကျီများ၊ ဖိနပ်များကို Tsukiကပဲ သယ်ပေးရသည်။ ကာယကံရှင်က ဘာမှ မပြောသော်လည်း Kiyoက တစ်လမ်းလုံး Shin အား တစ်ပြစ်ပြစ်တောက် ပြောလာခဲ့သည်။ ကာရာအိုကေ အခန်းထဲ ရောက်ပြန်တော့လည်း သူချည်းပင် ဦးဆောင်ဆို၏။ ဒဏ်ရာ ရထားတာ ဟုတ်ရဲ့လားလို့တောင် ပြန်စဉ်းစားစရာပင်။ သူ၏ နားပူနားဆာ လုပ်မှုကြောင့် Ama၊ Harueနှင့် Tsukiတို့လည်း ဝင်ဆိုရသည်။ အစကသာ မဆိုဘူး မဆိုဘူး လုပ်နေသော Amaလည်း မိုက်ရပြီးတည်းက ပြန်မချတော့ပါ။ သူငယ်ချင်းတွေနှင့်အတူ ပေါ့ပေါ့ပါးပါး နေရသော အချိန်လေးများသည် အလွန် ပျော်ရွှင် ကြည့်နူးစရာ ကောင်းလှပါသည်။
အပြန်လမ်းတွင်တော့ သူတို့အားလုံး ဘတ်စ်ကားနှင့်သာ ပြန်ကြဖို့ Kiyoက တိုက်တွန်းသည်။ မလုပ်ဖူးတာ မရှိအောင်နေမှ လူဖြစ်ရကျိုး နပ်သည်ဟု သူက ဩဝါဒ ခြွေနေသေးသည်။ အားလုံးက အထူးတလည် မကန့်ကွက်နေကြတော့ဘဲ အကုန်လုံး သွားမည့်နေရာနှင့် ကိုက်မည့် ကားပေါ် တက်စီးလာကြသည်။ အနီးဆုံးဖြစ်သော Taro က အရင်ဆုံး ဆင်းသွားပြီး နောက်မှ Ama၊ Harue၊ Kiyoတို့ အသီးသီး ဆင်းသွားကြသည်။ နောက်ဆုံးတွင် Shin နှင့် Tsukiတို့ နှစ်ယောက်သာ ကားပေါ်၌ ကျန်ခဲ့၏။
သူတို့နှစ်ယောက်သည် နောက်ဆုံးတန်းတွင် ထိုင်နေပြီး Shin က ပြူတင်းပေါက်နားတွင် ထိုင်သည်။ Tsukiက သူ့ဘေးတွင် ထိုင်ပြီး Tsukiဘေးတွင်တော့ ဦးလေးကြီးတစ်ယောက် ထိုင်နေသည်။ အထုတ်အပိုးများ သယ်ထားရသော Tsukiမှာ တစ်နေကုန် ပင်ပန်းထားသောကြောင့် ငိုက်စပြုလာသည်။ ထိုအရာကို Shin လည်း သတိပြုမိသည်။ မှေးကနဲ အိပ်ပျော်သွားချိန်တွင် Tsuki၏ ခေါင်းက Shin ၏ ပခုံးပေါ်သို့ မှီကျသွားသည်။ Shin က စိတ်ရှုပ်ရှုပ်နှင့် ပခုံးပေါ်က ခေါင်းကို ပြန်တွန်းလိုက်တော့ Tsuki၏ ခေါင်းသည် ဘယ်ဘက်ရှိ ဦးလေးကြီး ပခုံးပေါ်သို့ မှီကျသွားသည်။ ထိုအခါမှ Shin သည် မိမိ ပြုခဲ့မိသော အမှုကို များစွာ နောင်တ ရနေတော့သည်။ ဦးလေးကြီးမှာ စိတ်မရှည်စွာနှင့် Tsuki ၏ ခေါင်းကို တွန်းထုတ်လိုက်ပြန်သည်။ Shin ၏ ပခုံးပေါ်သို့ ဘူတာ ပြန်စိုက်သွားရသည်။ ကားလမ်းအကွေ့တွင် ခေါင်းပြန်လည်သွားတော့မည် အပြု၌ Shin က လက်ဖြင့် ထိန်းထားလိုက်နိုင်သည်။ Tsukiလက်ထဲမှ အိတ်များကို ဖြည်းသက်စွာ လှမ်းယူလိုက်သည်။ သူတို့နှစ်ယောက် ဒီပုံစံနဲ့ပဲ အိမ်ရောက်တဲ့အထိ စီးလာခဲ့ကြသည်။
ကားမှတ်တိုင်က ဆင်းပြီး နှစ်ယောက်သား လမ်းလျှောက်လာခဲ့ကြသည်။ တစ်လမ်းလုံး မှီအိပ်လာသောကြောင့် Shin ၏ ပခုံးမှာ ကျင်တက်နေပြီး သွားရည်များက ရေတွေ မှောက်ကျထားသလိုပင် ပေနေလေသည်။ Tsukiမှာ ရှက်လည်းရှက်၊ အားလည်းနာနှင့် ဘာတွေပြောရမလဲ စဉ်းစားမရ ဖြစ်နေသည်။ နောက်ဆုံးတွင် ဘယ်သူမှ ဘာမှ မပြောဖြစ်ခဲ့ဘဲ အိမ်သို့ ပြန်ရောက်ခဲ့ကြသည်။ အိမ်ထဲသို့ စဝင်သည်နှင့် Tsuki အရင်ဆုံး သတိထားမိသည့် အရာမှာ သူ့အား လူသတ်ချင်သည့် မျက်လုံးများနှင့် ကြည့်နေသော Mijihara၏ အကြည့်များ ဖြစ်သည်။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် သူ့ကို ဒေါသထွက်နေတာကတော့ သေချာသလောက် ဖြစ်နေသည်။
အိမ်ပြန်ရောက်သည်နှင့် Shin နှင့် Tsukiတို့မှာ တာဝန်ကိုယ်စီနှင့် အနေ ဝေးသွားကြပြန်သည်။ ထုံးစံအတိုင်း Shin မှာ ကျောင်းစာ လုပ်နေစဉ် Tsukiက အိမ်အလုပ်များ စလုပ်ရန် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ လှေကားက ဆင်းဆင်းချင်း အန်တီ Sanaက Tsukiဆီသို့ ပြေးလာသည်။
"Tsukiရေ၊ မင်းတော့ ဒုက္ခပါပဲ။"
"ဗျာ...ဘာ...ဘာဖြစ်လို့လဲ။"
"ခုနလေးတင်..."
"Tsuki။"
Mijiharaက လေသံမာမာ ကျယ်ကျယ်ဖြင့် ခေါ်လိုက်သောအခါ Tsukiတုန်သွားသည်။
"ဗျာ..."
"ဒီကို လာခဲ့ပါဦး။"
"ဟုတ်ကဲ့။"
Mijiharaနှင့် အခြားသော အစေခံ သုံးယောက် ရပ်နေရာသို့ Tsukiသည် သွက်သွက်လက်လက် ထွက်သွားလေသည်။ထိုအစေခံ သုံးယောက်ထဲမှ တစ်ယောက်သည် တစ်နေ့ညက Tsuki ကုန်ခြောက်ခန်းထဲတွင် တွေ့ခဲ့သော ကောင်လေးဖြစ်သည်။
"Mijihara-san...ဘာများ ဖြစ်လို့လဲ။"To be continue......
ESTÁS LEYENDO
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇