Shin သည် ရုတ်တရက် ဆွံ့အသွားသလို ခံစားလိုက်ရပြီး ဘာမှ ပြန်မပြောနိုင်ခဲ့ပါ။
"ကျွန်တော် သိသားပဲ။.....Shin-san မှတ်မိမှာ မဟုတ်ပါဘူး။"
Tsuki သည် မြစ်ရေဆီသို့ အကြည့်လွှဲသွားသည်။ သူသည် အတန်ကြာ နှုတ်ဆိတ်နေပြန်သည်။
"အဲဒီတုန်းက Shin-san နာကျင်ခံစားနေရတာ သိပေမဲ့ ကျွန်တော်လည်း အတူတူပါပဲ။ Shin-sanပြောခဲ့တဲ့ မုန်းတယ်ဆိုတဲ့ စကားတစ်ခုက အဲဒီ အခြေအနေမှာ ဟိုး အောက်ထိ ရောက်အောင် ဆွဲချသွားနိုင်ခဲ့တယ်။ မှန်မှန်ပြောရရင် အဲဒီတုန်းက ကိုကို Kuramaသာ ကျွန်တော့်နားမှာ မရှိပေးခဲ့ရင် ကျွန်တော်အခုထိ အသက်ရှင်ခဲ့မှာ မဟုတ်ဘူး။"
ထိုစကားက Shin ကို ကြက်သီးထစေခဲ့သည်။ သူ လက်လွတ်စပယ်ပြောခဲ့မိသော စကားတစ်ခွန်းက Tsuki ကို အခုလောက် နာကျင်သွားစေဖို့ မရည်ရွယ်မိခဲ့ပါ။
"ကျွန်တော်.......Shin-sanကို ချစ်ခဲ့ပါတယ်။"
ပတ်ဝန်းကျင်က အအေးဓာတ်ကို ဆန့်ကျင်၍ Shin ၏ ရင်ဘက်ထဲ၌ နွေးထွေးသွား၏။
"အခုထိလည်း ချစ်နေတုန်းပါ။ Shin-san ကျွန်တော့်ကို ရွံလို့ ရပါတယ်။ မုန်းလို့လည်းရပါတယ်။ ထိုးချင်လည်းထိုးပါ။ ရိုက်ချင်လည်းရိုက်ပါ။ ကျွန်တော့်ရင်ထဲက အချစ်တွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။....ကျွန်တော်လေ.....ခိုးချစ်နေရတာ အရမ်းပင်ပန်းနေပြီ။"Tsuki သည် ပြောပြီးသောအခါ Shin ဘက်သို့လှည့်ပြီး ပြုံးပြလိုက်သည်။
"Shin-san ရောက်လာတာ ကံကောင်းတယ်။ မဟုတ်ရင် အခုလောက်ဆို ကျွန်တော် ရေထဲ ရောက်နေလောက်ပြီ။"
Shin သည် Tsuki ကို တင်းကျပ်စွာ ဖက်လိုက်သည်။ Tsuki ၏ သေးကွေးသော ခန္ဓာကိုယ်လေးသည် သူ့ရင်ဘက်ထဲတွင် စတင်တုန်ယင်လာသည်။
"ငါ တောင်းပန်ပါတယ်။ ငါ တောင်းပန်ပါတယ်။"
Shin သည် Tsuki နှင့်အတူ လိုက်ငိုမိပါသည်။Shin သည် Tsuki နှင့် ပြန်ခွါပြီး သူ့မျက်နှာလေးကို ကြည့်လိုက်သည်။ Tsuki ၏ မျက်နှာမှာ နီရဲနေပြီး နှာရည်တွေလည်းထွက်လို့။ ဒါတောင်မှ ချစ်ဖို့ကောင်းနေတုန်း။ လှပနေတုန်း။
"ငါ မင်းကို ချစ်တယ်Tsuki။"
Shin ပြောလိုက်သော စကားကြောင့် Tsuki အငို ရပ်သွားသည်။ သူကြားလိုက်ရသော စကားကို သူမယုံနိုင် ဖြစ်နေသည်။ အိပ်မက်များလား။ Shin သည် Tsuki ပါးကို ကိုင်ကာ.......
"မင်း ဆက်ပြီး ခိုးချစ်နေစရာ မလိုတော့ဘူး။"
ဟု ပြောပြီး Tsuki ကို ကြင်နာစွာ နမ်းလိုက်သည်။
DU LIEST GERADE
တိုးတိုးလေး
Romantikရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇