အပိုင်းကိုး

361 35 1
                                    

Shin က ခနဲ့သလိုလို မေးတော့ Tsukiက ပိုလို့ပင် ရှက်သွားပြီး ခေါင်းကနေ အငွေ့တွေ ထွက်နေပြီလို့တောင် ခံစားရသည်။
"မ.....မဟုတ်ပါဘူး။ အိပ်ပါ့မယ်။"
Tsukiသည်ကုတင်၏ ဘယ်ဘက်စွန်းတွင် နေရာယူလိုက်ပြီး Shin ကတော့ ညာဘက်တွင် ထိုင်ကာ ဖုန်းသုံးနေ၏။
"မင်း ဖျားနေတာလား။"
"မဟုတ်ပါဘူး သခင်......ဟက်ချိုး!....မဖျားပါဘူး။"
"ခုနတည်းက မင်းမျက်နှာရဲတွတ်နေတာပဲ။ စမ်းကြည့်ရအောင်။"
Shin သည် Tsuki၏ နဖူးပေါ်သို့ လက်ချောင်းလေးများနှင့် တို့ထိလိုက်စဉ် Tsukiတစ်ယောက် ဆွံ့အသွားပြီး Shin ကို မျက်လုံး အပြူးသားလေးနှင် ကြည့်နေမိသည်။ Shin လည်း ထိုမျက်လုံးများကို သတိထားမိပြီး ရှက်ရှက်နှင့် လက်ပြန်ရုတ်လိုက်သည်။
"ကိုယ်ပူနေတာပဲ။"
"ဟုတ်လား။....ဒါဆို ကျွန်တော် ဒီမှာ အိပ်လို့ မဖြစ်တော့ဘူး။ သခင်လေးကို အဖျားကူးသွားလိမ့်မယ်။
Tsukiကုတင်ပေါ်က ထဖို့ လုပ်နေတော့ Shin က သူ့နဖူးကို အားနှင့် ပြန်ဖိချလိုက်သဖြင့် ခေါင်းက ခေါင်းဦးပေါ်သို့ ပြန်ရောက်သွားသည်။
"သခင်လေး?"
"ဒီမှာ လှဲနေ။ ငါ ဆေးသွားယူပေးမယ်။"
Tsukiအံ့ဩဝမ်းသာ ဖြစ်နေချိန်မှာပဲ Shin သည် အခန်းထဲက ထွက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ဆေးပစ္စည်း ထားသည့် နေရာသို့ ယောင်ချာချာနှင့် ရောက်လာခဲ့သော်လည်း ဖျားခြင်း၊ နာခြင်းအတွက် ဘယ်လိုဆေးတွေ သုံးရမယ်ဆိုတာ သူကောင်းကောင်းမသိ။ ဒီလိုဘဝ မရောက်ခင်တည်းက အိမ်၌ ဖခင်ဖြစ်သူနှင့် အစ်ကို ဖြစ်သူတို့၏ ဂရုစိုက်မှုများကြောင့် ကျန်းမာရေးနှင့် ပတ်သက်၍ စိတ်ပူစရာ မလိုခဲ့ပေ။ ဟိုဟာထိကြည့်၊ ဒီဟာတို့ကြည့် လုပ်နေစဉ် ထိုနေရာသို့ အစေခံ အန်တီတစ်ယောက် ရောက်လာခဲ့သည်။ ညသန်းခေါင်ကြီး သူတို့သခင်လေးသည် ဆေးပစ္စည်းများ လှန်လှောနေပါလား။
"သခင်လေး။"
သူမ၏ ခေါ်သံကြောင့် Shinရင်ထဲတွင် ထခုန်မိမတတ် လန့်သွားသော်လည်း ခန္ဓာကိုယ်ကတော့ မတုံ့ပြန်။
"ဒေါ်လေး ......ဘာလုပ်နေတာလဲ။"
"ကျွန်မ တစ်ရေးနိုးရင်း အသံတွေကြားလို့ လာကြည့်တာပါ။ သခင်လေး ဘာများ ရှာနေတာလဲ။"
"ဟို.....အဖျားကျဆေးနဲ့ အကိုက်ခဲပျောက်ဆေးလေး ရှာပေးပါလား။"
"ဟုတ်ကဲ့ပါ သခင်လေး။"
အန်တီကြီးသည် ဆေးပုံးရှိရာဆီသို့ လာပြီး လွယ်လွယ်ကူကူပဲ Shin ပြောသော ဆေးများကို ရှာပေးလိုက်သည်။
"ဒီမှာပါ သခင်လေး။ ဒါနဲ့....သခင်လေး နေမကောင်းလို့လား။"
"မဟုတ်ပါဘူး။"
Shin သည် သူမလက်ထဲက ဆေးများကို ယူပြီး ခပ်သွက်သွက် ပြန်ထွက်သွားသည်။ အန်တီကြီးမှာတော့ အကောင်းတိုင်း ရှိနေသော Shin က ဘာကိစ္စ အဖျားကျဆေး လာရှာသွားသည်ကို စဉ်းစားမရ ဖြစ်နေသည်။

Shin အခန်းထဲ ရောက်သွားချိန်တွင်တော့ Tsuki၏ အသက်ရှူသံ ပြင်းပြင်းတို့ကို ခပ်လှမ်းလှမ်းမှ ကြားနေရသည်။ Shin ကို စောင့်နေရင်း Tsukiတစ်ယောက် အိပ်ပျော်သွားခဲ့ပြီ။ အနားရောက်သွားတော့ Tsukiကို ဆေးသောက်ရန် နှိုးဖို့ လုပ်နေရာမှ သူ့မျက်နှာလေးကို အသေအချာ ကြည့်မိသည်။ Tsukiသည် အရင်ကထက် ပိန်သွားပြီး အရပ်လည်း သိပ်မရှည်လာပါ။
"မေမေ....သားကို မထားသွားပါနဲ့။"
Tsuki၏ အိုးမည်းပေနေသော ပါးလေးပေါ်မှ မျက်ရည်စတစ်စ စီးကျသွားသည်။ Shin သည် ကုတင်စွန်း၌ ထိုင်ရင်း စိတ်မကောင်းစွာဖြင့် မျက်ရည် စီးကြောင်းကို ဖွဖွလေး သုတ်ပေးသည်။ အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်ခဲ့ရာ Tsuki၏ ဘဝကို သူကောင်းကောင်း သိသည်။
"ကိုကို Kurama...."
Shin ၏ နားထင်မှ သွေးကြောများ ထောင်လာသလို ခံစားလိုက်ရပြီး လက်ကို ချက်ချင်း နောက်ပြန်ရုတ်လိုက်သည်။

                          ဒုန်း!
စားပွဲခုံပေါ်သို့ ရေဗူးဆောင့်ချလိုက်သော အသံကြောင့် Tsukiလန့်နိုးသွားသည်။
"မင်းကိုငါ ဒီတိုင်း နေဦးလို့ ပြောခဲ့တယ်လေ။"
"တောင်းပန်ပါတယ်။"
"ဆေး သောက်စရာ ရှိတာ သောက်ပြီး အိပ်တော့။"
"ဟုတ်ကဲ့။"
Shin သည် ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းမြီးခြုံကာ အိပ်တော့သည်။ Tsukiကတော့ သူ ဘာကို စိတ်ဆိုးသွားမှန်း မသိနားမလည်အောင် ဖြစ်နေ၏။

နောက်တစ်ရက်တွင် Tsukiသည် အိမ်အလုပ် ကူလုပ်ပေးရင်း Sana(ဆန)ဆိုသည့် အန်တီနှင့် သိကျွမ်းခဲ့သည်။ သူမသည် Mijiharaထက် အသက်ငယ်ပြီး ရာထူးငယ်သော်လည်း အလွန် သဘောကောင်းသည်။ သူမထံမှ မနေ့ညက Shin ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ ကြားပြီး ရယ်လည်း ရယ်ချင်သလို ပျော်လည်း ပျော်မိသည်။ ထိုနေ့လည်းပဲ Tsukiသည် Shin နှင့်အတူ အိပ်ရသည်။  သူ့အတွက် Shin နှင့်အတူ ရှိနေသော အချိန်တိုင်း၊ မိနစ်တိုင်းသည် ရွှေလိုပဲ အဖိုးတန်လှသည်။
.
.
.
.
.
ဒီနေ့သည် ပထမဆုံး ကျောင်းတက်ရမည့် နေ့ဖြစ်သည်။ Tsukiသည် Shin မနိုးမီ ထမင်းချိုင့် ထည့်ပေးရန် အမိန့်အရ လုပ်ပေးရသည့်အပြင် Shin စီးမည့် ဖိနပ်ကိုလည်း တိုက်ပေးရသည်။ ပုံမှန်ဆို ဒီအလုပ်များက သာမန်အစေခံများ လုပ်ရန်သာ ဖြစ်သော်လည်း ဒါဟာ Mijiharaသက်သက် အနိုင်ကျင့်ခြင်းသာ ဖြစ်သည်။ မနက်စာ စားချိန်တွင်လည်း Shin ကိုသာ ထမင်းစားခန်းထဲတွင် ခမ်းခမ်းနားနား ကျွေးပြီး Tsukiကိုတော့ မီးဖိုချောင်ထဲတွင်သာ ထမင်းကျန်ဟင်းကျန်များကို ကျွေးသည်။
"Mijihara။"
"ဟုတ်ကဲ့ သခင်လေး။"
To be continue.......

တိုးတိုးလေးWhere stories live. Discover now