"မွေးနေ့ရှင်ကိုပဲ ပေးတာကို။ လာမလုနဲ့။"
Kiyoက ဘူးကို ပြန်ယူပြီး တစ်ခု နှိုက်စားလိုက်သည်။
"အင်း။ ကောင်းသားပဲ။ စားကြည့်ကြပါလား။"
Ama နှင့် Taro တို့လည်း တစ်ခုစီ ယူစားကြပါသည်။
"မဆိုးပါဘူး။"
"ဟုတ်တယ် မဟုတ်လား။"
အားလုံးဆီက ဒီလို စကားသံ ကြားရသောအခါ Tsukiတစ်ကယ် စိတ်ချမ်းသာမိသည်။
"Shin-chanလည်း စားကြည့်ပါလား။"
"စျေးပေါတဲ့ဟာ မစားချင်ဘူး။"
"အာ...အဲ့ဒီလို မပြောပါနဲ့။ Tsuki-chanက မရှိရှိတာနဲ့ ဝယ်ခဲ့ရတာ။ ဟုတ်တယ်မဟုတ်လား Tsuki-chan။"
"အဲ့ဒီလောက်ကြီးလဲ မဟုတ်ပါဘူး။"
"သူမစားရင် ငါစားမယ်။ ပေး။"
Harueက နောက်ထပ် နှိုက်စားရန် လက်လှမ်းလိုက်သောကြောင့် Kiyoက ဘူးကို သေချာထိန်းလိုက်သည်။
"မရဘူး။ တစ်ယောက်တစ်ခုစီပဲ။"
"Shinshin အစား ငါစားပေးမယ်လေ။"
"မရဘူး။"Shin ၏ 'စျေးပေါတဲ့ဟာ မစားချင်ဘူး'ဆိုသည့် စကားသည် Tsuki၏ နှလုံးသားထဲက နာကျင်မှုတွေကို လှုံ့ဆော်ပေးလိုက်သလိုပင်။ သူတို့နှစ်ယောက်၏ အဆင့်အတန်း ကွာခြားမှုက သူတို့အား ဘယ်လောက်တောင် ဝေးကွာစေခဲ့ပြီဆိုသော အတွေးကိုလည်း တွေးမိလာသည်။ သူတို့သည် ဒီလိုပုံစံနဲ့ပဲ ဆက်ပြီး ဝေးသွားကြတော့မှာလား။ သူသည် Shin အား တစ်သက်လုံး တိုးတိုးတိတ်တိတ်လေးပဲ ချစ်သွားရတော့မှာလား။ နာကျင်မွန်းကျပ်စရာ ကောင်းလွန်းလှသည်။
"ဒီကို တစ်ခုပေးစမ်း။"
Shin သည် Kiyo၏ လက်ထဲက cookie တစ်ခုကို ယူစားလိုက်သည်။ ထိုအခါ အားလုံးက သူ့ကို ကြောင်ကြည့်နေကြသည်။
"ဘာလို့ ငါ့ကို ဂြိုလ်သားအကြည့်တွေနဲ့ ကြည့်နေကြတာလဲ။"
"ဘာမှ မဟုတ်ပါဘူး။"
Tsukiမျက်နှာပေါ်တွင် အပြုံးပန်းလေးတစ်ခု ပွင့်လာတော့မှ Shin လည်း စိတ်ထဲတွင် ပေါ့ပါးသွားသည်။ ထိုကောင်လေး၏ ညှိုးငယ်နေသော မျက်နှာသည် သူ၏ နှလုံးသားကို ခဲဆွဲထားသလို လေးလံ ထုံမှိုင်းစေသည်။
"ခဏလေးနော်။"
Kiyoသည် ထိုနေရာမှ ထွက်ခွါပြီး toilet ထဲသို့ ဝင်သွားသည်။သူသည် ဘေစင်ရှေ့၌ ရပ်ပြီး ယူလာသော ရေဘူးကို တင်ကာ မှန်ထဲသို့ ပြုံးလျက် ကြည့်နေမိသည်။
"နောက်ထပ် စိတ်ချမ်းသာစရာ ကောင်းတဲ့ အခိုက်အတန့်တွေ တိုးလာပြန်ပြီပေါ့။"
နားထဲသို့ ဝဲပြန်လာသော အသံကြောင့် မျက်နှာပေါ်က အပြုံးများ ပျောက်ကွယ်သွားသည်။ မှန်ထဲက သူ့ပုံရိပ်ဘေးတွင် အခြားသူတစ်ယောက် ရှိနေသေးသည်။ အမုန်းတရားများနှင့် တောက်လောင်နေသော မျက်လုံးများ၊ ရင်းနှီးသော အပြုံးတစ်ခုနှင့် လည်မျိုမှ သွေးများ စီးကျနေသော Ranmaru။Kiyo၏ တစ်ကိုယ်လုံး ကလီစာတွေ စောက်ထိုးမိုးမျှော် ဖြစ်သွားသလို ခံစားရပြီး ခေါင်းများ မူးဝေ၍ ပျို့တက်လာသည်။
"ဝေါ့။"
အိမ်သာခွက်ထဲသို့ အစာအိမ်ထဲတွင် ရှိသမျှ အကုန် ပြန်အန်လိုက်မိသည်။ ထိုသို့ Ranmaru၏ ပုံရိပ်ကို မြင်နေရသည်မှာ ရိုးအီနေပြီဖြစ်သော်လည်း မြင်တိုင်းမြင်တိုင်း ထိုကဲ့သို့ အန်နေသည်ကို ဘယ်လိုမှ ထိန်းလို့မရပါ။ အိတ်ထဲက ဆေးဘူးအဖြူရောင်လေးထဲမှ အဝါရောင် ဆေးပြားတစ်ပြား ထုတ်ယူလိုက်သည်။
"သောက်မနေစမ်းပါနဲ့။....သောက်လည်း ဘာထူးခြားလို့လဲ။ မင်းက တစ်သက်လုံး ဒီလိုမျိုးပဲ နေသွားရမှာ။ ဒါဟာ မင်းငါ့ကို သတ်ခဲ့တာအတွက် အပြစ်ဒဏ်ပဲ။"
Kiyoသည် Ranmaruပြောနေသည်ကို အရေးမစိုက်ဘဲ ဆေးဆက်သောက်လိုက်သည်။ သူ၏ အသက်ရှူနှုန်းတို့သည် တဖြည်းဖြည်း ပုံမှန်ဖြစ်လာသည်။
"ကျွန်တော် သိပါတယ်။.....ဒါပေမယ့်...သူငယ်ချင်းတွေရဲ့ အရှေ့မှာတော့ ကျွန်တော် အပြုံးမပျက်ဘဲ နေနိုင်မှ ဖြစ်မှာပေါ့။"
တဖြည်းဖြည်းနှင့် ဆေးစွမ်းပြလာသည်နှင့်အညီ Ranmaru၏ ပုံရိပ်သည် တစ်စတစ်စ ပျောက်ကွယ်သွားသည်။
"ငါ မင်းကို ဘယ်တော့မှ မခွင့်လွှတ်ဘူး။ ငါ့ဘဝကို ပျော်ရွှင်မှုတွေ ခမ်းခြောက်စေပြီး အဆုံးသတ်စေခဲ့တာ မင်းပဲ။ အမှန်ဆို ငါ အခုထိ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေသင့်တာ။ မင်းကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ထွေးပွေ့ပြီး အသက်ဆက်ရှင်သွားစမ်း။"
.
.
.
.
.
"အားလုံးပဲ...ငါ့ကို လွမ်းနေကြလား။"
Kiyoသည် Ama နှင့် Harue တို့၏ ပခုံးများကို ဖက်ပြီး ဝင်ထိုင်လိုက်သည်။
"လွမ်းစရာလား။"
"ကြာလိုက်တာ။"
"ဆောရီးပဲ။...ဝါး...စားစရာတွေတောင် ရောက်နေပြီ။ ဗိုက်ဆာနေတာနဲ့ အတော်ပဲ။ စားကြရအောင်။""ပဲပင်ပေါက်၊ ငါနဲ့လိုက်ခဲ့။"
Shin သည် အရင်းမရှိအဖျားမရှိ ပြောပြီး စားပွဲမှ ထွက်သွားလေသည်။ Tsukiလည်း ဘုမသိ ဘမသိနှင့် နောက်မှ လိုက်သွားခဲ့သည်။
"အခြေနေတွေ တိုးတက်လာသလိုပဲ။"
"အင်း။ အင်း။"
Kiyoပြောသည်ကို Harueက လိုက်ထောက်ခံသည်။Shin သည် Tsukiအား ဦးဆောင်ပြီး ဖုန်းအရောင်းဆိုင်တစ်ခုထဲသို့ ဝင်သွားခဲ့သည်။ ဆိုင်ထဲရှိ ပစ္စည်းများနှင့် အဆင်အယင်များက Tsuki၏ အာရုံ ၅ ပါးကို ဖမ်းစားထားသည်။ Tsukiသည် ဆင်းဆင်းရဲရဲ နေနေရသည့်အပြင် နည်းပညာပိုင်းဆိုင်ရာနှင့် ဝေးကွာခဲ့တာ ကြာနေပြီဖြစ်သည်။
To be continue......
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇