Shin က ခနဲ့သည့် အမူအယာဖြင့် ပြန်ဖြေသည်။
"သေချာပေါက် ခင်ဗျားကြီးကို မုန်းတာပေါ့။"
"...မင်း မကျေနပ်ဘူးဆိုရင် ငါနဲ့ လာရှင်းလို့ရတယ်။ ဒီကိစ္စတွေက Tsuki နဲ့ ဘာမှကို မဆိုင်ဘူး။"
"အဲ့ဒီလိုပြောတိုင်း လွှတ်ပေးရမယ်ပေါ့။ ကျွန်တော့်တုန်းက ရွေးချယ်စရာ ရှိခဲ့လို့လား။"
"မင်း ငါ့ကို ထောင်ထဲ ထည့်ချင်တယ်ဆိုလည်း ငါသွားအဖမ်းခံပေးမယ်။ Shin...ငါ တောင်းပန်နေတာပါ။...ကျေးဇူးပြုပြီး Tsuki ကို မထိပါနဲ့။"
"ထိတော့ ဘာလုပ်ချင်လဲ။ သတ်မှာလား။"
"Shin၊ မင်း ခေါင်းမမာစမ်းပါနဲ့။ ငါလည်း လုပ်ချင်လွန်းလို့ လုပ်ခဲ့တယ် ထင်နေလား။ ရွေးစရာမရှိတော့လို့။"
"ကိစ္စတစ်ခုကို ပြုသင့်မပြုသင့်ဆိုတာ လူကစဉ်းစားနိုင်သလို၊ လုပ်သင့်မလုပ်သင့် ဆိုတာကလည်း လူကပဲ ဆုံးဖြတ်ရတာ။ အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေ ပေးနေမယ်ဆိုရင်တော့ ဒီစကားဝိုင်းက စောစောစီးစီး အဆုံးသတ်သွားလိမ့်မယ်။....ပြီးတော့ ခင်ဗျား ဖုန်းထဲမှာ ပြောတော့ Tsuki နဲ့ ပတ်သက်နေတယ်ဆို။ ခုနကကျတော့ မဆိုင်ဘူးတဲ့။ ဘာတွေ ဖြစ်ချင်နေတာလဲ။"
Kuramaသည် စိတ်ကို တတ်နိုင်သမျှ လျှော့လိုက်ကာ Shin၏ မေးခွန်းများကို ဖြေရန် ပြင်ဆင်လိုက်သည်။
"....Tsuki က...........လူပျိုမဟုတ်တော့ဘူး။"
Kurama၏ နှုတ်မှ ထွက်လာသော စကားများသည် Shin၏ ခေါင်းထဲတွင် မိုးကြိုးပစ်သလို လည်ထွက်သွားသည်။ဖြူစင်သည်ဟု ထင်ခဲ့သော ကောင်လေး၊ အတောက်ပဆုံး အပြုံးတွေ ပြုံးပြခဲ့သော ကောင်လေးက လူပျိုမဟုတ်တော့ဘူးတဲ့။ ယုံကြည်ရန် ခက်ခဲလွန်း၍ သူဘာမှ မတုန့်ပြန်လိုက်နိုင်ပါ။
"အလယ်တန်းတည်းကပဲ။"
ဒုတိယမြောက်မိုးကြိုးသံ....။ ဒေါသကြောင့်လား၊ စိုးရိမ်စိတ်ကြောင့်လား၊ ရွံရှာစက်ဆုပ်မှုကြောင့်လားမသိ။ Shin ၏ လက်တွေ တဆတ်ဆတ် တုန်လာသည်။
"...ယောကျ်ားနှစ်ယောက်..."
ဘုရား။ ဘုရား။ မိန်းမမဟုတ်ဘဲ ယောကျ်ားတဲ့။ ပြီးတော့ တစ်ယောက်တည်းတောင် မဟုတ်ဘူး။ နှစ်ယောက်တောင်။ ကြားရသည်ကိုပင် အော်ဂလီဆန်လာမိသည်။
"တော်တော့။"
Shin သည် Kuramaကို စကားဆုံးအောင် ပြောခွင့်မပြုဘဲ ခုံကို လက်ဖြင့်ရိုက်ကာ ထရပ်လိုက်သည်။
"Shin..."
"ကျွန်တော် ဒီကို လာခဲ့တာ ခင်ဗျား ကျူးလွန်ခဲ့တာတွေအတွက် ဖြေရှင်းချက် ကောင်းကောင်းလေး ကြားချင်လို့ပဲ။...ခင်ဗျားညီရဲ့ အိပ်ရာပေါ်က ရွံစရာ ဇာတ်လမ်းတွေ မဟုတ်ဘူး။"
Shin သည် ပြောချင်တာပြော၍ ထိုနေရာမှ ထွက်လာခဲ့သည်။
"Shin....ငါပြောတာ ဆုံးအောင် နားထောင်ဦးလေ။ Shin!..."
Kurama၏ ခေါ်သံများကို Shin လုံးဝ ဥပေက္ခာ ပြုလာခဲ့သည်။ယခု သူ့ခေါင်းထဲတွင်ရှိသည့် တစ်ခုတည်းသော အရာမှာ Tsuki အပေါ် ပေါက်ကွဲထွက်ချင်သည့် ဒေါသများပင်ဖြစ်သည်။ အိမ်ကို အတတ်နိုင်ဆုံး အမြန်ပြန်ပြီး Tsuki ကို စရှာပါတော့သည်။ Tsuki သည် အန်တီ Sana နှင့်အတူ ပြုံးရွှင်ပြီး အလုပ်လုပ်လျက်ရှိသည်။ သူ့ဆီကို ဒေါကြီးမောကြီး လျှောက်သွားပြီး သူ့လက်ကို ဆွဲခေါ်လာသောကြောင့် Tsuki လန့်လန့်နှင့် ပါသွားရသည်။
"သခင်လေး...ဘယ်သွားမလို့လဲ။"Shin သည် Tsuki မေးနေတာကို မဖြေဘဲ အိမ်ပြင်ထိ လျှောက်လာကာ ကားလမ်းမဆီ ရောက်လာသည်အထိ အတင်းအကြမ်း ဆွဲခေါ်လာခဲ့သည်။ ညှစ်ထားသောအားကြောင့် Tsuki လက်မှာ နီရဲပြီး နာနေပြီဖြစ်သည်။ သို့သော်လည်း Shinကို မပြောရဲသောကြောင့် တိတ်တဆိတ်ပင် လိုက်လာခဲ့သည်။ တက်စီတစ်စီးတွေ့သည်နှင့် ငှါးလာပြီး ဟိုတယ်တစ်ခုသို့ မောင်းခိုင်းလိုက်သည်။ ကားသမားဦးလေးကြီးလည်း ရှိသည်ကို ဘာကြောင့် ကားငှါးလာလဲဆိုတာ နားမလည်သလို ဘာကြောင့် ဟိုတယ်ကို မောင်းခိုင်းတယ်ဆိုတာလဲ သူမသိခဲ့ပါ။ လမ်းတစ်လျှောက်လုံးတွင် Shinသည် သူ့မျက်နှာကို တစ်ချက်တောင် မကြည့်ဘဲ အတိတ်ဆိတ်ကြီး တိတ်ဆိတ်နေခဲ့သည်။
ကားရပ်သည်နှင့် Shin သည် Tsukiကို မစောင့်ဘဲ ရှေ့ကနေ ဆောင့်ဆောင့်အောင့်အောင့်နှင့် ထွက်လာခဲ့သည်။ Tsuki က သူ့နောက်ကနေ အပြေးတစ်ပိုင်း လိုက်လာခဲ့ရသည်။ အခန်းတစ်ခန်းယူပြီး အခန်းထဲရောက်မှ အမောဖြေရသည်။
သူ ဟောဟဲဟောဟဲ ဖြစ်နေချိန်မှာပဲ Shin သည် အပေါ်ပိုင်း အဝတ်အစားများကို ချွတ်ကာ ကုတင်ပေါ်တွင် ခြေထောက်ချိတ်ပြီး ထိုင်နေသည်။ သူ့ကို ကြည့်မိသောအခါ Tsuki သည် ရှက်သော အမူအယာဖြင့် မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။
"လာစုပ်။"
Shin ဆီက စကားကို ကြားရသောအခါ Tsuki သည် ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်မိသည်။
"လာစုပ်လို့ ပြောနေတာ မကြားဘူးလား။"
"....သခင်လေး...ဒီလို မလုပ်ပါနဲ့။"
"ငါ လုပ်တာ ဘာမှားလို့လဲ။...စိတ်မပူပါနဲ့။..ငါ ပိုက်ဆံပေးမှာပါ။"
"သခင်လေး.."
"မင်း အလယ်တန်းတည်းက လုပ်နေကျမဟုတ်လား။ အကောင်နှစ်ကောင်နဲ့လေ။"
Tsuki သည် Shin ကို ထိတ်လန့်သော အမူအယာဖြင့် လှမ်းကြည့်လိုက်သည်။
"သခင်လေးကို ဘယ်သူပြောတာလဲ။"
"ဘယ်သူရှိရဦးမှာလဲ။...မင်း အစ်ကိုပေါ့။"
"ကိုကို Kurama?...သူ...သိနေခဲ့တာလား။.....ဘယ်သူတွေလဲဆိုတာရော ပြောလိုက်သေးလား။"
"ငါ သိလည်း မသိသလို သိလည်း မသိချင်ဘူး။"
"သခင်လေး....အဲ့ဒါက သခင်လေး ထင်နေသလို မဟုတ်ရ..."To be continue.......
ESTÁS LEYENDO
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇