အပိုင်းငါးဆယ့်ခြောက်🚨

571 12 0
                                    

Shin က ရေချိုးနေတုန်းမို့ အခန်းထဲတွင် Tsuki တစ်ယောက်တည်းသာ ရှိနေသည်။ ပုံးအတွင်းရှိ ပစ္စည်းများကို မြင်လိုက်ရချိန်မှာတော့ Tsuki သည် မျက်နှာထားစရာမရှိအောင် ရှက်သွားသည်။ ပုံးထဲတွင် Taro ၏ လက်ရေးဖြင့် ရေးထားသော စာတိုလေးလည်းပါသည်။
.
.
.
.
.
Shin သည် ရေချိုးပြီး၍ ရေစိုနေသော ဆံပင်တွေကို တဘက်ဖြင့် သုတ်ရင်း အပြင်သို့ ထွက်လာခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ပြီး ထိုင်နေသော Tsuki ကို ကြည့်ပြီး ပါးစပ်မပိတ်နိုင်အောင် အံ့ဩနေလေသည်။
"....လျက်....လျက်ပေး။....လျှာနဲ့ လာလျက်ပေးစမ်း!"
Tsuki သည် ဒေါက်ပါသည့် ဘွတ်ဖိနပ်အနက်ရောင် စီးထားသည့် ခြေထောက်ကို ခပ်မြင့်မြင့် မြှောက်ပြရင်း ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

Shin က သူ့ကို ကြည့်ရင်း သတိလက်လွတ်ဖြစ်နေတုန်းပင်။ ဘားမှာ မိန်းကလေးတွေ ဝတ်လေ့ရှိသော အနက်ရောင်ဖော်ချွတ်အင်္ကျီမှာ Tsuki နှင့်တင်းတင်းရင်းရင်း ရှိလှသည်။ ဇာအသားကပ်ဘောင်းဘီမှ ဖောက်မြင်နေရသော ပေါင်တံဖြူဖြူသွယ်သွယ်လေး။ အထူးသဖြင့် Tsuki ခေါင်းပေါ်က ယုန်နားရွက်အနက်ရောင်လေးနှစ်ဖက်က ပြောစရာမရှိအောင် သူနှင့် လိုက်ဖက်လွန်းသည်။

Shin က ကြောင်နေတုန်းမှာပင် Tsuki က သူလုပ်လိုက်မိသော အပြုအမူကို Shin သဘောမကျဘူးထင်၍ အရှက်က တစ်ရှက်ကနေ နှစ်ရှက်ဖြစ်သွားသည်။
"တောင်း...တောင်းပန်ပါတယ်။....ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားပေးပါ။"
Shin ဘေးက ဖြတ်သွားစဉ် Shin က သူ့လက်ကို လှမ်းဆွဲလိုက်သည်။
"ဘယ်သွားမလို့လဲ။"
"...အဝတ်သွားလဲမလို့ပါ။"
"ထားလိုက်ပါ။"
"ဗျာ..။"
"မင်းပဲ လျှာနဲ့ လျက်ပေးဆို။ လျက်ပေးရမှာပေါ့။"
"ဗျာ!"

Shin သည် Tsuki ကို ပွေ့ချီပြီး ကုတင်ဆီသို့ သယ်သွားသည်။ သေးသွယ်သော Tsuki ကို ကုတင်ပေါ်သို့ တင်ပြီးချိန်တွင် Shin သည် သူ့ကို အပေါ်ကနေ အုပ်မိုးကာ ဝတ်ထားသော အဝတ်ကို ချွတ်ပြီး ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
"S...Shin-san..."
"စားစရာသောက်စရာက ကိုယ့်ဘာသာ ဟင်းခတ်အမွှေးကြိုင်တွေနဲ့ ပြင်ဆင်ပြီး ပါးစပ်နားထိ ရောက်လာတာကို ဘယ်သူက မစားဘဲ နေနိုင်မှာလဲ။"
Shin သည် မျက်လုံးကစားရင်း Taro ပေးထားသော ပုံးဆီသို့ အကြည့်ရောက်သွားသည်။
"မင်း အရုပ်တွေကို တော်တော် သဘောကျတဲ့ ပုံပဲနော်။ စမ်းသုံးချင်လို့လား။"
"...မနက်ဖြန်...ကျောင်းတက်ရဦးမယ်။"
Tsuki က ထပြေးမလို့လုပ်တော့ Shin က သူ့ပခုံးကို ပြန်တွန်းချလိုက်ကာ ဘေးက အဝတ်ခါးစည်းကို ဆွဲ၍ Tsuki ၏ လက်နှစ်ဖက်ကို ဆွဲချည်လိုက်သည်။
"မင်း ဘယ်လောက် ခံနိုင်လဲ ငါသိပါတယ်။ အခုတလောလည်း မလုပ်ဖြစ်တာ ကြာနေတာနဲ့ အတော်ပဲ။"
"Shin-san..."
"ရှူး....မပြောနဲ့တော့။ မလုပ်ချင်တာလည်း မဟုတ်ပဲနဲ့။"
Tsuki ဘာမှ ဆက်မပြောဘဲ တိတ်တိတ်လေးသာ နေတော့သည်။

Shin သည် ပုံးထဲမှ vibratorလေးတစ်ခု ထုတ်လာပြီး စားပွဲထဲက ချောဆီဘူးကိုလည်း ထုတ်လာသည်။ Tsuki က သူ့ကို လှဲကြည့်နေရင်း ရင်ထဲ၌ တဒိတ်ဒိတ် ဖြစ်နေသလို စိတ်လည်း လှုပ်ရှားနေမိသည်။
"မင်းက အခုမှ စမှာဆိုတော့ သေးသေးလေးက စကြတာပေါ့။"
Shin သည် Tsuki ဘေးတွင် ထိုင်ပြီး လက်ထဲသို့ ချောဆီများ ထည့်ကာ နှံ့စပ်စွာ သုတ်လိမ်းလိုက်သည်။ ထို့နောက် သူသည် Tsuki ၏ အကောင်ငယ်ကို ပါးလွှာသော အင်္ကျီစပေါ်ကနေ ထိတွေ့ပွတ်သပ်လိုက်သည်။
"အ..."
Tsuki ၏ ပါးစပ်မှ ချစ်စဖွယ် အသံလေး ထွက်လာသော်လည်း သူက အံကြိတ်ပြီး ထိန်းလိုက်သည်။
"အခုတော့ ထိန်းထားပါဦး။ မကြာခင် မင်း အိပ်မပျော်မချင်း ဆက်တိုက် အော်နေရတော့မှာပါ။"
Shin ၏ လက်သည် အင်္ကျီပေါ်ကနေမှ ပေါင်ကြားအပေါက်သို့ တိုးဝင်လာပြီး တိုက်ရိုက်ထိတွေ့လှုပ်ရှားနေတော့ Tsuki သည် မ​နေနိုင်အောင် ဖြစ်လာသည်။ တဖြည်းဖြည်းနှင့် မြန်ဆန်လာသော အထက်အောက်လှုပ်ရှားမှုများအောက်တွင် Tsuki ၏ ခြေချောင်းလေးတွေ တွန့်ကွေးလာပြီး ခါးကော့ကာ သူ၏ ပထမအချီကို ပြီးဆုံးသွားစေသည်။

အင်္ကျီအောက်ကနေ အဖြူရောင်အရည်များ စိမ့်ထွက်လာသည်။
"...Shin-san....ကျွန်တော်...မရတော့ဘူး။...ဒီလောက်နဲ့ပဲ တော်ကြရအောင်။"
"မင်း နောက်နေတာလား Tsuki။ စတောင်မစရသေးတာကို။"
Shin သည် Tsuki ၏ နောက်ဘက်က အင်္ကျီစကို ဆွဲဖယ်၍ လက်ခလယ်တစ်ချောင်းထိုးသွင်းလိုက်သည်။
"အား...။"
သည်တစ်ခါတော့ Tsuki မထိန်းနိုင်တော့ဘဲ ညည်းလိုက်မိသည်။ ချောဆီလက်ကျန်ရော၊ Tsuki ပြီးထားသည့် အရည်တွေရောကြောင့် အထဲတွင် ချောချောချူချူပဲ ဖြစ်နေသည်။ အဆင်ပြေနေလက်စနှင့် Shin သည် လက်ညှိုးပါ ထည့်လိုက်သည်။
"...အား....အား....Shin-san..။"

To be continue.......

တိုးတိုးလေးDonde viven las historias. Descúbrelo ahora