Shin၏ မေးခွန်းက အခန်းထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ Taroက ထိုမေးခွန်း၏ အဖြေကို တည်ငြိမ်စွာ ပြန်ဖြေသည်။
"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။"
"ဒါဆိုရင် မင်းက မျက်နှာတွေ အလှကြည့်ဖို့ ခေါ်ထားတာလား။"
"Shin-chan....မင်းလည်း စိတ်ကို နည်းနည်းလောက် သက်သက်သာသာ နေစမ်းပါ။ မင်းကို ကြည့်ရတာ တစ်ချိန်လုံး အလုပ်တွေ ရှုပ်နေသလိုပဲ။ ကျောင်းမှာ အမြဲ စာလုပ်၊ အားနေရင် ဘတ်စကတ်ဘော ကစား၊ ဒါမှမဟုတ်ရင် အိပ်။ နွေရာသီမှာတောင် နိုင်ငံခြားသွားပြီး သင်တန်းပေါင်းစုံတက်။ မင်း မငြီးငွေ့ဘူးလား။"
စားပွဲခုံပေါ်မှာ တင်ထားသော ဟင်းပွဲတွေက လာသော သင်းရနံ့က Tsukiကို အစွမ်းကုန် ဆွဲဆောင်နေသည်။ မနက် မိုးလင်းကတည်းက ဘာမှ မစားရသေးသည်မို့ ဗိုက်တော်တော် ဆာလှသည်။
"ထည့်စားလေ။"
KiyoကTsukiရှေ့သို့ ပန်းကန်အလွတ်တစ်ခု ချပေးပြီး ဟင်းတွေ တစ်ခုပြီးတစ်ခု ထည့်ပေးနေသည်။
"ရော့။"
တူတစ်စုံနှင့် ဇွန်းတစ်ချောင်းကို Tsukiလက်ထဲသို့ ထည့်ပေး၏။
"သူတို့ စကားဝိုင်းက ပျင်းစရာကြီး။ မင်း ဂရုစိုက်စရာ မလိုပါဘူး။ ငါတောင် ဂရုမစိုက်ဘူး။....ဗိုက်ဆာလို့ သေတော့မယ်။"
"ဒါပေမယ့်...."
Tsuki၏ မျက်လုံးများက Shinဆီသို့ မရဲတရဲ ရောက်သွားသဖြင့် Kiyoသဘောပေါက်သွားသည်။
"ဘာမှမဖြစ်ဘူး။ ငါမင်းကို ကာကွယ်ပေးမယ်။ ဟုတ်ပြီလား။"
Kiyoထံမှ ကတိစကား ကြားလိုက်ရမှ Tsukiစိတ်သက်သာသလို ဖြစ်ပြီး ရဲရဲတင်းတင်း စားနိုင်တော့ပါသည်။
"ဒါနဲ့ ကျောင်းက ဘယ်နေ့ စတက်ရမှာလဲ။"
Kiyoသည် Tsukiကို စကားစမြည်ပြောနေပြန်သည်။
"သန်ဘက်ခါ။"
Tsukiသည် ပုစွန်လုံး နှစ်ခုကို ပါးတစ်ဖက်တစ်ချက်စီမှာ ငုံပြီး ပြောပါသည်။
ချပ်........
Kiyoသည်သူ့မျက်နှာကို အမိအရ ဓာတ်ပုံရိုက်လိုက်သည်။
"အိုးခိုင်မော့........မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ။............ဘယ်ကျောင်းမှာ တက်မှာလဲ။"
"Mei(မိန်)။"
"Mei?.....Shin-chan....Tsukiကငါတို့နဲ့ ကျောင်းအတူတူတက်ရမှာပဲ။ မင်းအစတည်းက ဘာလို့မပြောလဲ။"
"ရူးနေလား။ သူက ဒီမနက်မှ ရောက်တာလေ။ ပြီးတော့ သူတက်တဲ့ ကျောင်းနဲ့ တူနေတော့ ဘာဖြစ်လဲ။"
"မင်းဟာလေ........Tsukiလေး ဘာအသင်းဝင်မယ်လို့ ဆုံးဖြတ်ပြီးပြီလား။"
"ဟင့်အင်း.......ဒါပေမယ့် ကျွန်တော်....."
Tsukiအသံတိုးပြီး ခေါင်းငုံ့သွားပါသည်။
"ဘတ်စကတ်ဘောအသင်း......."
"မဝင်နဲ့။"
Shin က စကားကို ပိတ်ပြောလိုက်သဖြင့် Tsukiငိုချင်သလိုတောင် ဖြစ်သွားသည်။ ဘာလို့များ သူ့ကို ဒီလောက် မုန်းနေတာပါလိမ့်။ သူ ဘာအပြစ်တွေများ လုပ်ခဲ့မိလို့လဲ။ Shin ဆိုသည့် လူ့ရက်စက်ကြီးကို ဆက်ချစ်နေရုံကလွဲလို့ သူဘာအမှားမှ မလုပ်ခဲ့မိပါ။
"Shin-chan...."
"Kiyo......သူက မင်းရဲ့ အစေခံမဟုတ်ဘူး။ ငါ့ရဲ့ အစေခံ။ ဒီတော့ ငါပြောတာပဲ သူနားထောင်ရမယ်။"
"ဒါ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး။ သူက မင်းရဲ့ အစေခံဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျောင်းကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ မင်းနဲ့ မဆိုင်တော့ဘူး။"
"Kiyo"
"ဘာလဲ။"
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထသတ်တော့မည့် ပုံစံမျိုးဖြင့် ကြည့်နေကြသည်။ အစောပိုင်းက ပြောင်ချော်ချော် လုပ်နေသော Kiyo၏ မျက်နှာမှာ အခုတော့ ကြောက်ရွံ့ခြင်းအရာတွင် Shin နှင့်တောင် ယှဉ်လို့ ရနေပေသည်။ထိုစဉ် အေးစက်နူးညံ့သော အတွေ့ထိလေး တစ်ခုကြောင့် Kiyoစိတ်ထဲတွင် ရုတ်တရက် အေးချမ်းသွားသလို ခံစားရသည်။ သူ၏ လက်သန်းလေးကို မိမိရရ ဆုပ်ကိုင်ထားသော Tsuki၏ မျက်နှာလေးကို မနေနိုင်အောင် လှည့်ကြည့်မိသည်။
"ကျွန်တော်.....အဆင်ပြေပါတယ်။"
ကာယကံရှင်တော့မသိ။ ဘေးနားက ဝင်ပါနေမိသော မိမိသည်ပင် Tsukiမျက်နှာပေါ်က အပြုံးကို ကြည့်ပြီး၊ မျက်ဝန်းထဲမှာ နေရာ ယူနေကြသော မျက်ရည်များကို ကြည့်ပြီး တော်တော်လေး ပူလောင်လာသည်။
"အဲ့ဒါကြောင့်....."
ငိုသံမပါအောင် ထိန်းပြောနေရရှာသော Tsukiကို ကြည့်ကြည့်လေ ပိုဝမ်းနည်းလာမိသည်။
"Shin...."
Taroက လက်ထဲက ခက်ရင်းကို ချပြီး ဝင်ပြောပါသည်။
"Kiyoကိုငါထောက်ခံတယ်။"
"ဘာ.....Taro"
"သူပြောတာ မှားလို့လား။"
Shinတောက်တစ်ချက် ခေါက်ပြီး ဒေါသကို တတ်နိုင်သမျှ လျှော့လိုက်သည်။
"ကဲ.....Taroပြောပြီးပြီဆိုတော့ မင်းစိတ်ပူစရာ မလိုတော့ဘူးTsuki။ မင်းကို သူကျောင်းမှာ အနိုင်ကျင့်ရင် ငါ့ကိုလာပြော။ ဟုတ်ပြီလား။"
"အင်း။"
"ချစ်ဖို့ ကောင်းလို့ သေမှာပဲ။ လာ၊ selfieဆွဲရအောင်။"
"ဗျာ...."
Tsukiစကားမဆုံးခင် Kiyoသည် သူ့အား ရင်ခွင်ထဲထည့်ပြီး poseအမျိုးမျိုး ပေးပါတော့သည်။
To be continue........
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇