"သုံးမိနစ်လောက် နေပြီးမှ အထဲကို နှစ်ယောက်စလုံး ပြန်ဝင်လာခဲ့။"
"အိုကေ။"Ama ၏ မှာကြားစရာများကို နားထောင်ပြီးသောအခါ Harue သည် တံခါးကို ဖွင့်၍ အပြင်သို့ ထွက်သွားသည်။ ရသော အချိန်အတွင်းမှာ Amaသည် အရှက်ဇောနှင့် ရှိသမျှအားတွေ ကုပ်ခြစ်ပြီး အဝတ် ထဝတ်ရသည်။ Kiyoကတော့ ဘာ့ကြောင့် သူ့ကို အထဲ မဝင်ခိုင်းကြောင်း စတင် မေးမြန်းတော့သည်။
"ဘာဖြစ်လို့လဲ။"
"ခုလေးတင် sexလုပ်ထားတာ။ အင်္ကျီ ဝတ်ချင်လို့ နေမှာပေါ့။"
Harue သည် သူ့အကျင့်အတိုင်း အကုန်လုံးကို အရှက်အကြောက် မရှိ ပြန်ဖြေလေသည်။
"ဒီလို အပူကြီးထဲမှာလား။"
"မတတ်နိုင်ဘူးလေ။ လုပ်ချင်နေတာကို။"
"အဲ့လောက်တောင် စွဲမက်စရာ ကောင်းလား။"
"မင်းလို ရည်းစားမရှိတဲ့ကောင်က နားလည်မှာ မဟုတ်ပါဘူး။"
"မထားချင်လို့ပါနော်။ စော်တွေ အဲ့လောက် ဝိုင်းနေတာကို။"
"ပိုတွေပါ။....ကဲ...သုံးမိနစ်ပြည့်ပြီ။ ဝင်ရအောင်။"သူတို့ ဝင်သွားချိန်တွင် Amaသည် ဘာမှ မဖြစ်သလိုမျိုး ထိုင်ခုံတွင် ထိုင်ပြီး စာအုပ် ဖတ်နေပါသည်။ ထိုအခါ Kiyoသည် မသတီစရာ အပြုံးနှင့် ၏ Ama၏ အနားသို့ သွားကပ်ထိုင်လိုက်သည်။
"Ama-chan ဘာတွေ လုပ်နေတာလဲ။ နဖူးမှာ ချွေးတွေ အများကြီးပါလား။ စာအုပ်ဖတ်ရင်း အရိပ်ထဲမှာ ဒီလောက်ထိ ချွေးထွက်နေစရာလား။"
"ပူလို့ပေါ့ကွာ။ ငါ့ဟာငါ ချွေးထွက်တာ မင်းနဲ့ ဘာဆိုင်လို့လဲ။"
"မသိပါဘူးကွ။.....ပြီးတော့အနံ့.....ရင်းနှီးနေတဲ့ အနံ့ပဲ။....ဘာနံ့ပါလိမ့်။"
"ပါးစပ်ကို ပိတ်ပြီး လာရင်းကိစ္စကိုသာ ပြောစမ်းပါ။"
"အေးပါကွာ။....မွေးနေ့လက်ဆောင် လာယူတာာဗျ။"
"မရဘူး။"
"ဘာလို့လဲ။"
"လက်က ပတ်တီးတောင် မကျွတ်သေးပဲနဲ့ ဘာတွေ ဖြစ်ချင်နေတာလဲ။"
"ကောင်းကောင်း လှုပ်ရှားလို့ ရနေပြီ။ ဒီမှာ ကြည့်ပါလား။"
Kiyoသည် သူ့လက် ကောင်းနေပြီ ဖြစ်ကြောင်းအား လက်ကို အားရပါးရ လှုပ်ရှားပြလေသည်။
"မပေးဘူးဆို မပေးဘူးပဲ။"
"တစ်ကယ် မပေးဘူးနော်။"
"ဒါပေါ့။"
"ကောင်းပြီလေ။ နေ့ခင်းကြောင်တောင်ကြီး မဖွယ်မရာတွေကို ဂိုဒေါင်ထဲမှာ လုပ်နေတဲ့ အတွဲအကြောင်း Taro တို့ကို ပြောပြရမှာပေါ့။"
"မင်း....ပြောလိုက်ပြန်ပြီလား Harue။"
"နည်းနည်းပါ။"
"မင်းကတော့....ငါ သတ်မိတော့မှာပဲ။ အခုကစပြီး တစ်လလုံး ငါ့အိမ်ကို လာဖို့ မစဉ်းစားနဲ့တော့။"
"ဟာ..တွေ့လား Yoyo။ မင်း လုပ်တာနဲ့ ငါပါ အပြောခံနေရပြီ။"
"ကဲ...ဘယ်လိုလဲ ပြောစမ်းပါဦး။"
ပြောမရသည့်အဆုံး Amaသည် စုတ်တစ်ချက်သပ်ပြီး မျက်နှာလွှဲလိုက်သည်။
"လုပ်ချင်တာသာ လုပ်တော့။ ဆိုင်ကယ် မှောက်ရင် ငါ့ကိုတော့ အမှု လာမပတ်စေနဲ့။"
"ဝေး~။ ဒါမှ တို့ Ama-chanကွ။"
Kiyoသည် တစ်ခုခုကို သတိရဟန်ဖြင့် စကား ဆက်ပြန်သည်။
"ဒါနဲ့လေ Shiro ကျောင်း ထွက်သွားပြီ။ ကြားမိကြလား။"
"ဟင့်အင်း။"
"ငါတို့ ရန်ဖြစ်ပြီး သိပ်မကြာခင် ကျောင်း ပြောင်းသွားတာတဲ့။"
"ဘာဖြစ်လို့များပါလိမ့်။"
"Tataကြောင့်ပေါ့။ လူလွှတ်ပြီး နည်းနည်း လှန့်ခိုင်းလိုက်တဲ့ သဘောပါပဲ။"
Harueက ဆံပင်ကို လှန်ရင်း ပြန်ဖြေသည်။
"အယ်..။ ဒါဆို Taro-chan ပေါ့။"
"ကျောင်းပြောင်းတဲ့ အထိတော့ မခြောက်သင့်ပါဘူး။"
"ဒါနဲ့ Taro-chanက ဘယ်တော့လောက် ရာထူး ဆက်ခံရတော့မှာလဲ မသိဘူးနော်။"
"မင်းတို့ မသိကြဘူးလား။"
Harue သည် Ama၏ ဘေးတွင် ကပ်သပ်ပြီး ဝင်ထိုင်လိုက်သည်။
"ရာထူးက ဆက်ခံပြီးတာ နှစ်လလောက် ရှိနေပြီ။"
"ဘာ..."
"တစ်ကယ်ကြီးလား။"
Ama ရော၊ Kiyoပါ အံ့ဩသွားကြသည်။
"ဖြစ်လောက်ပါတယ်။ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် Tata အတွက် အန္တရာယ် ရှိတယ်။ အန်ကယ် Aki(အခိ)က အခြေနေ သိပ်မကောင်းတော့ဘူး။ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် အခြေနေတွေ ရှုပ်ထွေးကုန်မှာစိုးလို့ Tataကို တစ်ခါတည်း လွှဲပေးထားတာ။"
"ဒီလိုကို။"
"မင်းက ဘယ်လိုဖြစ်လို့ အကုန်လုံးကို သိနေရတာလဲ Harue။"
Harue က စိတ်ရှည်လက်ရှည်နှင့် ရှင်းပြသည်ကို Amaက မကျေနပ်သည့် မျက်လုံးများဖြင့် မေးလိုက်သည်။ Taro နှင့် Harue တို့ မိသားစု လုပ်ငန်းများ ပတ်သက်ပုံများကို သိသော်လည်း Amaသည် Harue ကို ဒီလို ကိစ္စမျိုးတွေ၌ ဝင်မပါစေချင်ပါ။
"ဦးလေးဆီက ကြားထားတာပါ Amaရယ်။ စိတ်မပူပါနဲ့။ ငါ ကျောင်းပြီးမှ လုပ်ငန်းဆက်ခံမယ်လို့ ပြောထားပါတယ်။"
"လုပ်ရဲလည်း လုပ်ကြည့်စမ်းပါလား။ ဘဝမေ့အောင် ရိုက်နှက်ပြမယ်။"
"ကြောက်ပါတယ်။ ငါက Amaကို ချစ်လို့ သေချာပေါက် Amaရဲ့ စကားကို နားထောင်ရမှာပေါ့။"
Harue သည် အချိုသွေးရင်း Ama၏လက်ကို ဆုပ်ကိုင်လိုက်သည်။To be continue.....
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇