"မင်းက ငါ့အမိန့်ကို နာခံရမယ်။ အခု အိမ်မှာ သခင်လေးပြီးတာနဲ့ ငါက ရာထူးအကြီးဆုံးပဲ။.....သခင်လေးက မင်းကို အများကြီး ခိုင်းမှာ မဟုတ်ဘူး။ဒီတော့ ပိုနေတဲ့ အချိန်တွေမှာ အခြားလူတွေနဲ့ တန်းတူ အလုပ်လုပ်ရမယ်။"
"ဟုတ်ကဲ့။"
"မင်းက သခင်လေးနဲ့ တစ်ခန်းထဲ အတူတူ နေရမယ်ဆိုတာက သခင်လေးကို မင်းက သူငယ်ချင်းလို ဆက်ဆံလို့ရတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ငါတို့လိုပဲ သခင်လေးလို့ ခေါ်ရမယ်။ ရှင်းလား။"
"ဟုတ်ကဲ့။"
အိမ်ထဲရောက်လို့ အမောတောင် မဖြေရသေးဘူး၊ ထိုအဒေါ်ကြီးပြောသော စည်းကမ်းချက်များကို ကြားပြီး လှည့်တောင် ပြန်ချင်မိသည်။ သေချာပါသည်။ ဒီနေရာသည်လည်း Tsukiအေးအေးဆေးဆေး နေလို့ရမည့် နေရာမဟုတ်။ စကားပြောလို့ မပြီးသေးခင် အိမ်ထဲသို့ တစ်စုံတစ်ယောက် ဝင်လာသည်။
"ခေါင်းငုံ့ထား။"
"ဟုတ်ကဲ့။"
ဘယ်သူလဲဆိုတာ မကြည့်ရသေးခင် Tsukiခေါင်းကို တတ်နိုင်သမျှ ငုံ့ထားလိုက်သည်။သူကတော့ အိမ်ထဲသို့ တည်တည်ငြိမ်ငြိမ် ဝင်လာခဲ့သည်။
"သခင်လေး......ပြန်လာတာ ကြိုဆိုပါတယ်။"
"အင်း။"
ဒီအသံက..........
"ဒါနဲ့ သခင်မကြီးပြောထားတဲ့တစ်ယောက် ရောက်နေပါပြီ။ အခန်းထဲ ပို့လိုက်ရတော့မလား။"
"ကြိုက်သလိုသာလုပ်။"
ဒီအသံ........မှားနိုင်စရာမရှိ။သေချာနေပါပြီ။Tsuki၏ နှလုံးခုန်သံများ အတိုင်းမသိ မြန်ဆန်လာပြီး အသံလာရာ လှေကားပေါ်သို့ လှမ်းကြည့်မိလိုက်သည်။
'ဒါ......ဒါက......'
လှေကားပေါ်ကနေ သူ့ကို စိုက်ကြည့်နေသော Shin၏ မျက်လုံးများမှာ မတူရာမတန်ရာ လူတစ်ယောက်ကို ကြည့်နေသလို အထက်စီးဆန်ကာ အေးစက်လွန်းလှသည်။ Tsukiတစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်လုံးတွေပြာလာသည်။
'မကြည့်ပါနဲ့......မကြည့်ပါနဲ့။...ကျွန်တော့်ကို အဲ့ဒီလို မျက်လုံးတွေနဲ့ မကြည့်ပါနဲ့..Shin-san။'
Tsuki၏ ကမ္ဘာကြီး အမှောင်အတိ ဖြစ်သွားတော့သည်။ နောက်တော့ သူခံစားလိုက်ရသည့် အရာများမှာ အေးစက်မှုနှင့် နာကျင်မှုသာ ဖြစ်သည်။
.
.
.
.
.
မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ပြီး ခေါင်းမူးနေသေးသောကြောင့် ချက်ချင်းမထလိုက်သေးချေ။
'ငါဘယ်ရောက်နေတာလဲ။... နွေးလိုက်တာ။...အရမ်းလည်း လင်းထိန်နေတာပဲ။...ပြီးတော့ ဒီအသံက ဘာလဲ။...ဘောလုံးပုတ်သံလား။'
တွေးနေတာတွေ ရပ်ကာ ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး သာမန်ထက် ပိုလင်းနေသော အလင်းရောင်တွေ လာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ဘတ်စကတ်ဘော ကစားနေသော Shin ကို တွေ့လိုက်ရသည်။ဘေးပတ်လည်ကို သေချာကြည့်တော့လည်း ဟောခန်းကြီး တစ်ခုလိုပင်။ သို့ရာတွင် မိမိအိပ်နေသော ကုတင်နှင့် အခြားသော အသုံးအဆောင်များအရ Shin ၏ အခန်း ဖြစ်မည်ဟု ထင်ရသည်။ကိုယ်ပိုင်အခန်းတစ်ခုထဲမှာ ဘတ်စကတ် ဘောကွငးတစ်ကွင်း လုပ်ထားပေးသည်အထိ Shin ၏ မိဘများသည် ဘယ်လောက်တောင် ချမ်းသာကြပါလိမ့်။ ဒီလိုမျိုး မွေးစားမိဘတွေနဲ့ နေရတာ ကံကောင်းတာလား၊ ကံဆိုးတာလားမသိ။ သို့သော် တစ်ဘဝလုံး ကောင်းကောင်းမွန်မွန် မနေခဲ့ရသော Shinကို အခုလို ပြည့်ပြည့်စုံစုံ မြင်တွေ့နေရတာ အမှန်ပင် ဝမ်းသာမိသည်။ အခုတော့ Shin ကို ကြည့်ရသည်မှာ နိုင်ငံခြားသားတစ်ယောက်နှင့် တူလှသည်။ Shin သည် မွေးရာပါ အသားညိုသည်ကလွဲလို့ ကျန်တာအကုန် ဖခင်နှင့် အလွန်တူသည်။ အရပ်က ၆ပေ၆လက်မရှိသည်မို့ အားကစားဝတ်စုံနှင့် ကြည့်ကောင်းလှသည်။ အားကစားလုပ်သူပီပီ ခန္ဓာကိုယ်ကလည်း ကျစ်လျစ်ခိုင်မာမှု အပြည့်ရှိသည်။ ရုတ်တရက် ကစားနေသည်မှ ရပ်လိုက်ပြီး အမောဖြေလျက်ရှိသည်။
"နိုးနေပြီမဟုတ်လား။"
"အော်...အင်း။...ဟုတ်ကဲ့။"
အရွယ်ရောက်ပြီးသား ယောကျ်ားလေးပီပီ အသံ ဩောလာသော်လည်း Tsukiအတွက်တော့ ထိုအသံကို ခွေးချီသွားရင်တောင် မှတ်မိနေသေးသည်။
"တဘတ်ယူလာပေး။"
"ဟုတ်ကဲ့။"
ကုတင်ပေါ်ကဆင်းပြီး နံရံပေါ်တွင် ကပ်ထားသော စင်အထပ်တွေထဲမှ တဘတ်တစ်ထည်ယူကာ Shinထံသို့ ပြေးသွားသည်။ ကစားသော နေရာနှင့် အသုံးအဆောင်ပစ္စည်းများရှိသော နေရာမှာTsukiတို့အိမ်နှစ်လုံးစာလောက် ရှိသည်။ Shin ဆီသို့ ရောက်သွားချိန်တွင် Tsukiမှာ အမောဖောက်ပြီး ပြန်မေ့လဲချင်သလိုတောင် ဖြစ်လာသည်။
"ဒီမှာပါ။...သ...သခင်လေး။"
Tsukiဦးညွှန့်ပြီး ရိုရိုသေသေ လှမ်းပေးလိုက်သည်။ တဘတ်ကို လှမ်းယူစဉ် ပလာစတာပေါင်း များစွာနှင့် ရှုတ်ထွေးနေသော Tsuki၏ ခြေထောက်ကို Shinသတိထားမိသည်။
To be continue.....😊စိတ်ချမ်းသာနေပါတယ်။
Readerတစ်ယောက်တွေ့တယ်။
Zawgyiနဲ့က ဖုန်းက အဆင်မပြေလို့ပါ။
တောင်းပန်ပါတယ်ရှင့်။
ESTÁS LEYENDO
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇