"စိတ်မပူနဲ့ Harue။ လုပ်နေကျသွားရင် ခံနိုင်သွားလိမ့်မယ်။"
"ဘာ..."
"ဟုတ်လား။ စမ်းကြည့်ရမှာပေါ့။"
"မင်းတို့..."
"ကဲ၊ တော်ကြပါတော့။ ရန်မဖြစ်ကြပါနဲ့တော့။ ဒီတိုင်းဆိုရင် Tsuki-chanရော၊ Ama-chanရော ကျောင်းမပြီးခင် အသက်ထွက်တော့မှာပဲ။ ဒီတော့ ငါ့အိမ်မှာ ခဏပဲဖြစ်ဖြစ် ခွဲအိပ်ကြပါလား။"
Shin နှင့် Harue တို့၏ အကြည့်တွေက Kiyoထံကို ပြင်းထန်စွာ ရောက်လာကြသည်။
"မင်းကလေ၊ အခွင့်ရေးကို တန်းယူတာပဲ။"
"ခွဲအိပ်ရမယ်ဆိုရင်လည်း ငါနဲ့ Shinshin နဲ့ပဲ လာခဲ့မယ်လေ။"
"ပျော်တယ်မဟုတ်လား။"
"Taro ရော။"
"ငါက ရပါတယ်။ သူပဲ အရင် အိပ်အိပ်သွားနေကျမို့ ကိစ္စမရှိပါဘူး။"
"ဪ..။"
"ကြမ်းလှချည်လား Taro ရယ်။"
အားလုံးက Taro ကို လက်လံသည်ဆိုသည့် သဘောဖြင့် ခေါင်းခါလိုက်ကြသည်။
.
.
.
.
.
ကျောင်းမှာ နီးနီးကပ်ကပ် မနေကြသော်လည်း ကျောင်းပြင်တွင်တော့ လွတ်လွတ်လပ်လပ် နေဖြစ်ကြသည်။ တစ်ယောက်လက်ကိုတစ်ယောက် ခိုင်မြဲစွာ တွဲထားကြသည်။ ဘေးနားက လူတွေ၏ အမြင်ကို သူတို့ ခေါင်းထဲ မထည့်ပါ။ ရာသီဥတုက တဖြည်းဖြည်း ပိုပို အေးလာသဖြင့် Shin က Tsuki ကို သူနှင့် ပိုနီးကပ်၍ လျှောက်စေသည်။မကြာခင် သူတို့နှစ်ယောက် လာခဲ့ဖူးသော ဂိမ်းဆိုင်သို့ ရောက်လာခဲ့သည်။ ကျောင်းဆင်းပြီး၍ ဒိတ်လုပ်တာ ဒါပထမဦးဆုံး မဟုတ်သော်လည်း ချစ်သူဖြစ်ပြီးမှ ဒီဆိုင်ကို ပြန်လာတာ ပထမဆုံးဖြစ်သည်။ ဟိုးတစ်ခါကလိုပဲ သူတို့သည် ဂိမ်းအမျိုးစုံအောင် ဆော့ကြသည်။ ထမင်းစားချိန် ရောက်ခါနီးတွင် Tsuki က Shin အား အိမ်ပြန်ရန်ပြောသည်။
"ခဏလေး နေပါဦး။"
"ဘာဖြစ်လို့လဲ။"
"ဆော့စရာဂိမ်းတစ်ခု ကျန်သေးတယ်။"Shin က Tsuki လက်ကို ဆွဲပြီး အရုပ်ကောက်စက်ဆီသို့ လျှောက်သွားသည်။
"Shin-san...."
"စိတ်မပူပါနဲ့။ ငါ အရင်တစ်ခေါက်ကလို မဟုတ်တော့ပါဘူး။"
Shin သည် Tsuki အား ယုံကြည်ချက်ပြည့်ဝသော အပြုံး ပြုံးပြပြီး စက်ထဲသို့ အကြွေစေ့ထည့်ကာ မောင်းတံကို စတင်လှုပ်ရှားလိုက်သည်။Shin သည် အရင်တစ်ခါကလို မဟုတ်ဘဲ Tsuki မျက်လုံးကျသည့် အရုပ်ကို ကျွမ်းကျင်စွာ ကောက်ယူပေးနိုင်ခဲ့သည်။
"ရော့။"
"Shin-san တော်လိုက်တာ။ အရင်တစ်ခေါက်ကတောင် ချီတုံချတုံနဲ့ကို။"
"တစ်ချိန်လုံး လေ့ကျင့်ခဲ့ရတာကို။ မင်းအတွက်လေ။"
"ကျွန်တော့်အတွက် ဒီလောက်အပင်ပန်းခံစရာ မလိုပါဘူး။"
"လိုပါတယ်။ ကိုယ်ချစ်တဲ့ လူအတွက် လိုက်ဖြည့်ဆည်းပေးနေရတာကိုက ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ။ မင်း အပြုံးလေးကို မြင်လိုက်ရတော့ လတွေနဲ့ ချီပြီး ကြိုးစားပမ်းစားလုပ်ထားရတာတွေ တန်တယ်လို့ မြင်မိတယ်။ နောက်ဆို မင်းအတွက် အရုပ်ကောက်တာထက် ပိုတာတွေ လုပ်ပေးဦးမှာ။"
"ကျွန်တော်လည်း Shin-sanအတွက် တစ်ခုခု လုပ်ပေးချင်လိုက်တာ။ ဒါပေမဲ့ ကျွန်တော်လုပ်ပေးဖို့ ကြိုးစားတိုင်း
အမြဲ တလွဲဖြစ်နေပြီး Shin-sanကပဲ ပင်ပန်းနေရတယ်။"
"မင်း အဲဒီလို ကြိုးစားပေးနေတာကို ငါက ပျော်နေပါပြီ။ မဖြစ်မနေတစ်ခုခု လုပ်ပေးချင်တယ်ဆိုရင်တော့ ဒီည အိမ်ပြန်ရောက်ရင် all night......"
"မရပါဘူး။ စာမေးပွဲတွေက နီးနေပြီ။ အကယ်၍ နားမထောင်ဘဲ အတင်းကြပ် ကြိုးစားရင် ကျွန်တော် Kiyo-sanတို့ အိမ်မှာ သွားအိပ်မှာနော်။"
"ဘာ! ဒါဆို ငါက စာမေးပွဲပြီးတဲ့အထိ စောင့်ရမှာပေါ့။"
"အင်း။"
"အကြာကြီးပဲကို။ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။ သုံးရက်တစ်ခါဆိုရင်ရော။"
"လေးရက်တစ်ခါ။"
"ဟင့်အင်း။"
"ငါးရက်တစ်ခါ။"
"ဟင့်အင်း။"
"ခြောက်ရက်တစ်ခါ။"
"ဟင့်အင်း။"
"တစ်ပတ်တစ်ခါ။"
"ဟင့်အင်း။ ဘယ်လောက်ညှိညှိ ဟင့်အင်းပါပဲ။"
"Tsuki၊ မင်းအသည်းမာလိုက်တာ။ ငါ့ကို မသနားဘူးလား။"
"တစ်ကြိမ်ပြီးသွားတိုင်း အသက်ထွက်ချင်သလို ဖြစ်နေတဲ့ ကျွန်တော့်ကိုလည်း သနားပါဦး။"
"အေးပါ။ အဲဒါလည်းဟုတ်တာပဲ။"
Shin က အားငယ်သော မျက်နှာ ဖြစ်သွားသဖြင့် Tsuki စိတ်မကောင်းဖြစ်သွားရသည်။ သူလွန်များသွားသလား။
"....တစ်ပတ်တစ်ခါဆိုရင်တော့ ရပါတယ်။"
"တကယ်လား။"
Tsuki ဆီမှ လိုချင်သောအဖြေ ကြားလိုက်ရသဖြင့် Shin ၏ မျက်နှာသည် ချက်ချင်းလက်ငင်း ပြန်တောက်ပသွားသည်။
"အင်း။ တစ်ခါပဲနော်။ မပိုရဘူးနော်။"
"အင်းပါ။ ငါ ကတိပေးပါတယ်။"
Tsuki တစ်ယောက်ကတော့ semeတို့မာယာမှာ ကျရှုံးသွားရတော့သည်။
.
.
.
.
.
ထိုနေ့မနက်၌ Shin၊ Tsuki ထက် စောစောနိုးလာခဲ့သည်။To be continue........
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇