အပိုင်းနှစ်ဆယ့်နှစ်

258 28 0
                                    

"ငါ မင်းကို လူစင်မမှီဘူးလို့ပြောတာ မဟုတ်ပါဘူး။ ကိုယ့်အကြောင်းကိုယ်သိတော့ ကောင်းတာပေါ့။"
"ငါ မင်းကို ချစ်လွန်းလို့ သည်းခံနေတာနော်Ama။ ငါ့ကို အဲ့ဒီလိုမျိုး မနှိမ်ပါနဲ့။"
"ဒါ နှိမ်နေတာ မဟုတ်ဘူး။ အမှန်တရားကို ထုတ်ဖော်ပြောနေတာ။"
"ငါသိပြီ!"
သူတို့နှစ်ယောက် ရန်ဖြစ်နေတုန်း Kiyoသည် ဖြစ်ရပ်တွေကို စဉ်းစားသဘောပေါက်သွားသည်။
"ငါ ဆုံးဖြတ်လိုက်ပြီ။ အခုက စပြီး သူတို့နှစ်ယောက်ကို ငါ အောင်သွယ်ပေးမယ်။"
Kiyoဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သော စကားအား သူတို့အားလုံး ပြောနေကြသည်ကို ခိုးနားထောင်ပြီး ရင်ခုန်နေကြသော fujoshiဝန်ထမ်းမလေးတွေက လွဲလို့ ဘယ်သူမှ အဖက်မလုပ်ကြပါ။ ထိုအချိန်မှစ၍ Kiyoသည် သူ၏ အိုင်ကျူတစ်ရာကျော်ကို အောင်သွယ်ဖို့အတွက် အစွမ်းကုန်ထုတ်သုံးတော့မည် ဖြစ်ပါသည်။
.
.
.
.
.
နေ့လည်စာစားချိန်တွင် သူတို့အားလုံး ကုန်တိုက်က ဆိုင်တစ်ဆိုင်မှာပဲ ထိုင်ဖြစ်ခဲ့ကြသည်။ အားလုံးက သူတို့ သယ်လာသော မွေးနေ့လက်ဆောင်များကို စတင်ချပြကြသည်။ ပထမဦးဆုံးတစ်ယောက်မှာ Harueဖြစ်သည်။ သူပေးသောပစ္စည်းမှာ **တံဆိပ်ဖြင့် ပိုက်ဆံအိတ်ဖြစ်သည်။
"ဝါး~..အဆင်လေးက မိုက်သားပဲ။ ဒါမြွေသားရေလား။"
"မဟုတ်ဘူး။ မိကျောင်းသားရေ။ ခြံထဲက အလှဆုံးတစ်ကောင်နဲ့ လုပ်ခိုင်းထားတာ။"
"မိုက်တယ်ဟ။"
"ရေစိုခံတယ်။"
"ကျေးဇူးပါပဲ။"
Harue၏ လက်ဆောင်ကို မြင်ပြီးချိန်တွင် Tsukiသည် ဟာရီကိန်းတစ်ခုကြောင့် အဝေးကို လွင့်ထွက်သွားသလို ခံစားရသည်။
'မိကျောင်းတဲ့။....ခြံတဲ့။....ဘယ်လိုတွေတောင် ချမ်းသာနေတာပါလိမ့်။'
Ama က သော့လေးတစ်ခု ချပေးလိုက်သည်။
"ငါ့ အိမ်မှာပဲ ရှိသေးတယ်။ အဝါရောင်။ အင်ဂျင် ၁၄လုံး ပါတယ်။"
"ဝိုး~...ငါ လိုချင်တယ်လိူ့ ပြောထားတာလေးကို မှတ်ထားတာပဲ။ ကျေးဇူးပါ Ama-chan။"
'အင်ဂျင် ၁၄လုံးတဲ့။.....အဲ့ဒါ....ဖြစ်နိုင်လို့လား။'
Shin သည် ယူလာသော နာရီဘူးလေး တစ်ခုကို စားပွဲပေါ် တင်ပေးလိုက်သည်။
'နောက်ဆုံးတော့....သာမန်လက်ဆောင်လေး။'
"ဒါ..အကန့်သတ်နဲ့ ထုတ်ထားတဲ့ဟာ မဟုတ်လား။"
"ဟုတ်သားပဲ။ တစ်နိုင်ငံလုံးမှာ ခုနှစ်ခုပဲ ရှိတာထင်တယ်။"
"၆ခုပါဟ။"
"ဒါ ထွက်ထားတာ ကြာနေပြီ။ ကုန်တောင် ကုန်နေပြီ မဟုတ်ဘူးလား။"
"အရူးတွေ။ ငါက ခေတ်နောက်ပြန်မသွားဘူး။ ဒါက နောက်နှစ်ပတ်လောက်နေရင် **က ထွက်မယ့် ဒီဇိုင်းအသစ်။"
"ဪ..။"
"အရောင်စိုသားပဲ။"
"ကဲ...Shin-chanကိုလည်း ကျေးဇူးတင်ပါတယ်။ Taro-chanကရော။"
Taro သည် လက်ဖက်ရည်ခွက်ကို ချပြီး ဘူးလေးတစ်ဘူးကို ထုတ်ပေးလိုက်သည်။

Kiyoက ဘူးကို ဖွင့်ကြည့်လိုက်သည်။
"နားကပ်ပါလား။"
ဂေါ်လီနားကပ် အမည်းရောင်တစ်ဖက်ဖြစ်၏။
"တော်တော်လှတာပဲ။
'ဒီတစ်ခုတော့ ပုံမှန်ဖြစ်လောက်တယ် မဟုတ်လား။'
"ဘာနဲ့ လုပ်ထားတာလဲ။"
Harueမေးလိုက်သည်။
"စိန်အနက်။"
"What the fuck!....ပြစမ်းပါဦး။"
'ငါ မပေးတော့တာပဲ ကောင်းမယ်။ သူတို့ ပေးတာတွေနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ cookie က ဘာမှ မဟုတ်တော့ဘူး။"

Tsukiသည် လွယ်အိတ်ထဲသို့ အထုတ်ကလေး ပြန်ထည့်လိုက်သည်။ ထိုအခြင်းအရာကို Kiyoသည် သတိထားမိလိုက်သည်။
"Tsuki-chan၊ ငါ့ကို လက်ဆောင်ပေးမယ်ဆို။"
"အဲ့ဒါက..."
"လွယ်အိတ်ထဲမှာ မဟုတ်လား။ ငါ ယူကြည့်မယ်နော်။"
"မလုပ်..."
Kiyo သည် Tsukiစကားမဆုံးမီ လွယ်အိတ်ကို လှမ်းယူပြီး မွှေနှောက်ရှာပါတော့သည်။ Tsukiသည် သူ၏ cookie ကို တွေ့သွားသော Kiyo အား မျက်နှာချင်းမဆိုင်ရဲသဖြင့် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ Shin ကတော့ မေးထောက်ပြီး သူတို့နှစ်ယောက်အား ဘာမှ ဝင်မပြောဘဲ ကြည့်နေပါသည်။
"cookie ပဲ။"
"တောင်းပန်ပါတယ်။ ပိုက်ဆံ မရှိလို့ပါ။"
"ငါ ဘာပြောရသေးလို့လဲ Tsuki-chanရဲ့။ သူငယ်ချင်းတွေ ပေးတဲ့ ဘယ်လိုလက်ဆောင်မျိုးကိုမဆို ငါ တန်ဖိုးထားပါတယ်။"
Kiyo၏ နှစ်သိမ့်စကားကြောင့် Tsuki နည်းနည်း သက်သာသွားသလို ခံစားရသည်။

Harueက ရုတ်တရက် cookie ဘူးကို ဆွဲယူပြီး ဖွင့်လိုက်သည်။ သူသည် အစားနှင့် ပတ်သက်လာပါက အဖွဲ့ထဲတွင် အပြူးပြဲဆုံး ဖြစ်သည်။
"ချစ်စရာလေးတွေပါပဲ။ စားကြည့်မယ်နော်။"
Harueသည် တစ်ခုနှိုက်စားကြည့်လိုက်သည်။

To be continue......

တိုးတိုးလေးDonde viven las historias. Descúbrelo ahora