Tsuki အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း လုပ်စရာ ရှိတာများကို လုပ်ဆောင်ရသည်။ သို့သော် သူ၏ စိတ်များသည် ဟိုလွင့် ဒီလွင့်နှင့် အာရုံ မစိုက်နိုင် ဖြစ်နေသည်။ Kiyoပြောခဲ့သည့် စကားများ၏ နောက်ကွယ်က လေးနက်သည့် ဇာတ်လမ်း တစ်ပုဒ်ကို တူးဆွချင်နေမိသည်။ ဒါပေမယ့် သူ့လို လူတစ်ယောက်ဟာ ဒီလို အကြောင်းအရာတွေကို သိခွင့် ရှိပါ့မလား။ မည်သို့စေကာမူ သူသည် Kiyoအတွက် တော်တော် စိတ်မကောင်း ဖြစ်ရသည်။ ဒီလို နာကျင်မှုတွေကို ကြိတ်မှိတ်ပြီး နေမင်းရဲ့ ဖြာထွက်နေတဲ့ နေရောင်ခြည်လို အပြုံးတွေကို ပြုံးပြနိုင်သည်မှာ Kiyo၏ စိတ်ဓာတ် ကြံ့ခိုင်မှုကို ပြသနေသလိုပင်။ မကြာမီ ရောက်လာတော့မည့် မွေးနေ့ပွဲမှာ လက်ဆောင် ပေးချင်နေသော စိတ်ကလည်း တစ်ချိန်လုံး ဖုံးဖိလို့မရနိုင်အောင် ဖြစ်နေသည်။ လက်တလော ပိုက်ဆံ လက်ထဲ မရှိသော်လည်း ဟိုး အရင်တည်းက အရေးရယ် အကြောင်းရယ်ဆို သုံးရအောင်ဆိုပြီး စုထားတာလေးတော့ ရှိသည်။ ထိုပိုက်ဆံ လက်တစ်ဆုပ်စာလေးနှင့် သူဌေးသား ဖြစ်သော Kiyoကို ဘယ်လို ကျေနပ်စေမည့် လက်ဆောင် ဝယ်ပေးရမလဲဟု တွေးရင်း ညတော်တော် နက်သည်အထိ အိပ်မပျော်ခဲ့ပါ။ ဟ
လှဲရင်း ကျောပူလာလို့ ထထိုင်ကာ နာရီကို ကြည့်လိုက်တော့ နှစ်နာရီ ထိုးနေပြီဖြစ်သည်။ ဘေးနားက Shin ကတော့ ခလူးခလောနှင့် အားရပါးရ အိပ်ပျော်နေ၏။ ရေ သောက်ချင်လို့ ရေဘူးကို ကြည့်မိတော့ ကုန်နေလေသည်။ အဲ့ဒါကြောင့် အသစ်တစ်ဘူး ယူရန် အောက်ထပ်က ကုန်ခြောက်သိုလှောင်ခန်းထဲသို့ ဆင်းလာခဲ့သည်။ တစ်အိမ်သားလုံး အိပ်ကောင်းသောအချိန် ဖြစ်သဖြင့် ပုစဉ်းရင်ကွဲ အသံများမှလွဲ၍ ဘာမှ မကြားရပါ။
Tsukiကုန်ခြောက်သိုလှောင်ခန်းထဲသို့ ရောက်သွားချိန်တွင်တော့ ကောင်လေးတစ်ယောက် ရှိနေပါသည်။ ကောင်လေးသည် Tsukiကို မြင်သည်နှင့် ချောင်ပိတ်ခံထားရသည့် ကြွက်ကလေးပမာ ကြောက်လန့်သွားသည်။
"Tsuki-san ...မအိပ်သေးဘူးလား။"
"အင်း။ ရေဆာလို့။ မင်းရော..။ ဘာတွေရှာနေတာလဲ။ ကူရှာပေးရမလား။"
"ရ..ရပါတယ်။ ကျွန်တော်လည်း ရေဘူးတွေ ရှာနေတာပါ။"
"ရေဘူးတွေက ဒီဘက်မှာလေ။"
"ဟုတ်သားပဲနော်။ ကျွန်တော် သတိလစ်သွားလို့။ ကျေးဇူးပါပဲ။"
ရေဘူးတစ်ဘူးကို ခပ်သွက်သွက် လှမ်းယူပြီး အခန်းထဲက ပြေးထွက်သွားလေသည်။ Tsukiကတော့ တော်တော် ထူးဆန်းတဲ့ လူပါလားဟုသာ တွေးလိုက်သည်။ ရေဘူး ယူပြီးနောက် အိမ်ပေါ်သို့ ပြန်တက်ပြီး အိပ်ပျော်အောင် ကြိုးစားအိပ်လိုက်သည်။နောက်တစ်နေ့တွင်တော့ Kiyoကျောင်း ပြန်တက်ဖြစ်သည်။ ပတ်တီးကြီး တကားကားနှင့် လိုက်ပြုံးပြနေပုံက မျက်စိတွေတောင် ကြိမ်းသည်။
"Kiyo...မင်း အဆင်ရောပြေရဲ့လား။"
Amaက မျက်နှာလွှဲပြီး မေးလိုက်သည်။ အကြာကြီး ငိုထားသဖြင့် နီရဲနေသော Ama၏ မျက်ဝန်းများကို Kiyoသည် အတန်ကြာ ငေးစိုက်ကြည့်နေသည်။ ထို့နောက် Amaကို ဆက်မကြည့်တော့ဘဲ မျက်နှာ လွှဲလိုက်မိသည်။ ထိုခဏတာလေး......ထိုအချိန် ခဏတာလေးတွင် ခံစစ် တောင့်တင်းလှပါသည် ဆိုသော Kiyoသည် တစ်စစီ ပြိုကွဲသွားပြီး အပြုံး မျက်နှာဖုံးကြီး ကြေမွသွားသည်ကို သူ၏ မျက်လုံးများမှ တစ်ဆင့် Tsuki ခဏတာ မြင်လိုက်ရသည်။သို့သော် သူ၏ ထိုပုံစံအား လူတွေ မြင်သွားမှာ ကြောက်သည့်အလား Kiyoသည် မျက်လုံး ပိတ်ချလိုက်သည်။
"အို~......ငါ့ကို Ama-chanက စိတ်ပူနေတယ်ပေါ့။"
"ဘယ်သူက ပူနေလို့လဲ။ ဒီတိုင်း မေးတာကို။"
"ဒါဆို ငါလည်း ဒီတိုင်း မေးကြည့်ရမလား။"
Kiyoသည် Ama၏ အနားကို ကပ်၍ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။ ဘာလဲဆိုတာတော့ Tsukiမကြားရပေမယ့် ပြောပြောပြီးချင်း၊ တည်ငြိမ်လှသော Amaတစ်ယောက် မျက်နှာတစ်ခုလုံး ရဲတွတ်သွားပြီး မျက်နှာကို စာအုပ်နှင့် ကွယ်လိုက်ပါသည်။
"မျိုးမစစ်ကောင်...."
"ဘယ်လိုလဲ။ မဖြေနိုင်ဘူးမလား။ ဒါဆို ငါ Harue-chanကို မေးကြည့်ရမလား။"
"မင်း....မင်း.....ဘယ်လို ဖြစ်နေတာလဲ။ ငါ စိတ်ဆိုးမှာနော်။"
"အိုက်ယား.......ငါတို့ မင်းသမီးလေး Ama-chanက ဒေါသ ထွက်ရင် အရမ်း ချစ်ဖို့ကောင်းတာ။ ဟုတ်တယ်မဟုတ်လား Harue-chan။"
"ဟုတ်။....ဟုတ်။"
"ဘယ်သူ့ကို ချစ်ဖို့ကောငးတယ်လို့ ပြောနေတာလဲ!......Harue..မင်း သူ့ကို အဲ့ဒီကိစ္စ သွားပြောလိုက်တာ မဟုတ်လား။"
"ငါ ဘာမှ မသိဘူးနော်။ ငါ ဖြူစင်တာ ငါပဲ သိတယ်။"
"ဟာ.....ငါနဲ့မင်း နှစ်ယောက်ထဲမှာ မင်းမပြောရင် ဘယ်သူ ပြောမှာလဲ။"
"Harue-chan.....Ama-chanရဲ့ ခံစားလွယ်တဲ့ နေရာတွေက...."
"ဂုတ်သားလေးတွေ။"
"အား.....ဆက်မပြောပါနဲ့တော့။"
"ဟား....ဟား......ဟား....."
Kiyoက လူရုပ်မာရုပ်ကြီးနှင့် အားရပါးရ ရယ်နေလေသည်။ဂျွတ်....
Kiyo၏ လက်မှ ထွက်လာသော အသံကြောင့် သူ၏ ပတ်တီး စည်းထားသော လက်ကို အားလုံး လှမ်းကြည့်လိုက်ကြသည်။
"အား.....နာတယ်။"
"အငြိမ်မှ မနေတာကို။"To be continue......
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇