အပိုင်းတစ်ဆယ်

368 42 1
                                    

"ပဲပင်ပေါက်ရော။"
"ဟို ချာတိတ်လေးကို ပြောတာလား မသိဘူး။"
"ဟုတ်တယ်။"
"မနက်စာ စားနေပါတယ်။"
"ဘယ်မှာလဲ။ ထမင်းစားခန်းက ဒီမှာလေ။"
"မီးဖိုချောင်မှာပါ။ သခင်လေးနဲ့အတူ မစားသင့်ဘူးထင်...."
"သွားခေါ်လိုက်။ အခုရော၊ နောင်ရော အမြဲတမ်း သူ့ကို ကျွန်တော်နဲ့အတူ စားခိုင်းရမယ်။ နားလည်ရဲ့လားMijihara။"
Shin ၏ လေသံ မာသွားရာ အဒေါ်ကြီး Mijiharaခေါင်းငုံ့ပြီး မှာထားသည့်အတိုင်း Tsukiကို သွားခေါ်ပေးလိုက်သည်။ သူမသည် Shin ကို ခစားလာသည့် ကာလတစ်လျှောက် Tsukiလောက် ပစားရသူ မမြင်ခဲ့ဖူးချေ။ အရင်က အနီးကပ် အစေခံများ ဘာပဲဖြစ်ဖြစ် Shin က လှည့်တောင် မကြည့်ခဲ့ရာ အခုတော့ သေးသေးမွှားမွှားကအစ လိုက်ဂရုစိုက်ပေးနေသလိုပင် ခံစားလာရသည်။

ထမင်းစားပြီးချိန်တွင် ကားနှင့် ကျောင်းရှိရာသို့ ထွက်လာခဲ့ကြသည်။ နိုင်ငံ့အကောင်းဆုံးကျောင်းများ တစ်ခုအပါအဝင် ဖြစ်ရာ ဝန်းကြီးမှာ ခမ်းနားထည်ဝါလွန်းလှသည်။ အထပ်ထပ်နှင့် ကျောင်းဆောင်များအပြင် ဧရာမ အားကစားရုံကြီးများလည်း အသီးသီး ရှိကြသည်။ ဒီကျောင်းတွင် စာ သို့မဟုတ် အားကစား၊ နှစ်ခုထဲကတစ်ခု ထူးချွန်လျှင် မျက်နှာပွင့်သည်။ ကျောင်းရှေ့တွင် ကားရပ်ပြီး ဆင်းလိုက်သည်နှင့် မိန်းကလေးအချို့ Shin နားသို့ ချက်ချင်းလက်ငင်း လာကပ်ကြတော့သည်။ Tsukiကတော့ အိတ်နှစ်လုံးကို မနိုင်မနင်း သယ်ရင်း လူအုပ်ထဲက တိုးထွက်ရန် အသည်းအသန် အားထုတ်နေရသည်။ Shin မောင်းထုတ်လိုက်မှ လူကျဲသွားကြသည်။

Tsukiတစ်သက်လုံး စာကြိုးစားခဲ့သည်ကို ဒီလောက် တစ်ခါမှ ဂုဏ်ယူဝမ်းသာ မဖြစ်ခဲ့ဖူးချေ။ အခုတော့ သူချစ်နေရသည့် Shin နှင့်အတူ တစ်တန်းထဲ နေရတော့မည် ဖြစ်သည်။ Shin သာမက စားသောက်ဆိုင်တွင် ဆုံခဲ့သည့် အခြားသော Shin၏ သူငယ်ချင်းများပါ ထို အခန်း(A)ထဲတွင် ရှိနေကြသည်။ သူတို့ အခန်းထဲ ရောက်ပြီဆိုတာနှင့် ဦးစွာ Kiyoက Tsukiအား အပြေးအလွှား လာနှုတ်ဆက်သည်။ မနက်သောစောစီးစီး ဒေါသမထွက်ချင်တာနဲ့ Shinလည်း ဥပေက္ခာ ပြုထားရသည်။ Shin တို့ သူငယ်ချင်းတစ်စု ရှေ့တန်းတွင်သာ ထိုင်ရသော်လည်း Tsukiကတော့ နေရာလွတ်နေသည့် နောက်ဆုံးခုံတွင်သာ နေရာရသည်။ ငယ်ငယ်တည်းက သင်ယူလိုစိတ် ပြင်းပြသော Tsukiသည် စာသင်ချိန်အတွင်း အာရုံစူးစိုက်မှု အပြည့်ရှိသည်။ မုန့်စားဆင်းချိန်တွင် Kiyoမှ ဦးဆောင်ပြီး အသင်းဝင်ဖောင်ကို Tsukiအတွက် အားကြိုးမာန်တက် သွားလျှောက်ပေးသည်။ ဒိတ်ဒိတ်ကျဲ ကျောင်းသားတစ်ဦး၏ ထောက်ခံချက်ကို ရသည့်အခါ ဘတ်စကတ်ဘောအသင်းက Tsukiအား အလွယ်တကူပင် လက်ခံလိုက်ကြသည်။

တိုးတိုးလေးWhere stories live. Discover now