အဖြစ်အပျက်တွေမှာ Tsuki လိုက်မမှီအောင် မြန်ဆန်နေလွန်းခဲ့သည်။ Shin သည် သူ့ကို နမ်းဖို့ ကြိုးစားခဲ့တာအမှန်ပဲလား။ ကိုယ့် မှတ်ဉာဏ်တောင် ကိုယ် မယုံနိုင်အောင် ဖြစ်နေသည်။
Shin ကလည်း မိမိ လုပ်ခဲ့သော အရာကို အံ့အားသင့်စွာဖြင့် တံခါးကို မှီ၍ ထိုင်ချလိုက်သည်။ ခေါင်းတစ်ခုလုံး ပူထူပြီး Tsukiကို ဘယ်လို မျက်နှာမျိုးနှင့် ရင်ဆိုင်ရမလဲ စဉ်းစားမရ ဖြစ်နေသည်။ အခု သူလုပ်ခဲ့သော အရာမှာ 'ငါ မင်းကို ချစ်တယ်၊ ငါဟာ သဝန်တိုနေတဲ့ သနားစရာ ကောင်းတဲ့ လူတစ်ယောက်ပါ'လို့ ပြောခဲ့သည်နှင့် မထူးခြားနားပါ။ ဘေးနားက ဖြတ်သွားဖြတ်လာ လုပ်နေကြသော အစေခံများကလည်း သူတို့သခင်လေး အပေါက်ဝမှာ ထိုင်ပြီး ဘာတွေ ခေါင်းတကုပ်ကုပ် လုပ်နေသည်ကို မစဉ်းစားတတ်ကြပါ။ မတတ်သာသည့်အဆုံး အားကစား အခန်းထဲဝင်၊ ချွေးထွက်အောင် လေ့ကျင့်ခန်းတွေ လုပ်ပြီးမှ အခန်းထဲ ပြန်လာခဲ့သည်။
သူပြန်ဝင်လာချိန်တွင် Tsukiသည် သူထားခဲ့သည့်အတိုင်း ကုတင်ပေါ်တွင် အိပ်ပျော်နေသည်။ Shin သည်လည်း ရေချိုးမိုးချိုးပြီး ကုတင်ပေါ်တက်ကာ Tsukiကို စောင်ချုံပေး၍ အိပ်လိုက်ပါသည်။ ကိုယ်လက် လှုပ်ရှားထားသဖြင့် ခဏအတွင်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။ ထိုညတွင် နှစ်ယောက်စလုံး တစ်ရေးမှ မနိုးလိုက်ကြပါ။
.
.
.
.
.
ပထမဆုံး အိပ်ရာက နိုးလာသူမှာ Shin ဖြစ်သည်။ သူ့ကို ခွပြီး အိပ်ပျော်နေသော Tsukiကို မြင်လိုက်ရသောအခါ ရင်ဘက်ထဲသို့ မြှားတစ်ချောင်း စိုက်ဝင်သွားသလို ခံစားလိုက်ရသည်။
"ဘုရား...ဘုရား.."
နိုးနေသော်လည်း Tsuki နိုးသွားမည် စိုးသောကြောင့် တတ်နိုင်သမျှ သည်းခံပြီး နေသော်လည်း Tsuki ဖိထားသော ခြေထောက်က ကျင်တက်လာသည်။ သည်းခံသည်။....သည်းခံသည်။ ကံကောင်းစွာနှင့် နောက်ဆုံးတွင် Tsukiက တစ်ဖက် လှည့်သွား၍ Shin တစ်ယောက် ကုတင်ပေါ်က ထွက်သွားနိုင်တော့သည်။
'သနားကမားလေးမို့ သည်းခံနေတာ။ မဟုတ်ရင် ကုတင်ပေါ်က တွန်းချတာ ကြာရောပေါ့။'
Shin သည် စိတ်ထဲကသာ ကြိမ်းမောင်းပြီး ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။
.
.
.
.
.
နှိုးစက် ပိတ်ထားသည့်အပြင် ပင်ပန်းနေတာတွေ စုပြီး Tsukiသည် ရှစ်နာရီလောက်ထိ အိပ်ပျော်သွားခဲ့သည်။ အိပ်ရေးဝဝ အိပ်ထားရသည်မို့ ကြည်ကြည်လင်လင်နှင့် နိုးလာခဲ့သည်။ အခန်းထဲတွင် Shin မရှိသောကြောင့် မျက်နှာသစ်သွားတိုက်ပြီး အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ထူးထူးဆန်းဆန်း အပေါ်ထပ် တစ်ထပ်လုံးတွင် အစေခံတွေလည်း တစ်ယောက်မှ မရှိပါ။အောက်ထပ် ဆင်းခါနီး လှေကားထိပ်သို့ ရောက်သောအခါ Shin ၏ ရင့်မာလှသော အသံကို စကြားလိုက်ရသည်။
"ခုက စပြီး အန်တီ Sanaကပဲ အစေခံခေါင်းဆောင် တာဝန်ကို ယူပါ။ Mijiharaနဲ့ Shirogane....နှစ်ယောက်စလုံးကို အလုပ်ထုတ်မယ်။"
Tsuki အပါအဝင် Mijiharaရော၊ Shirogane ရော ထိတ်လန့်သွားကြသည်။Mijiharaက ဘာမှ မပြောသော်လည်း Shirogane ကတော့ Shin ကို ဒူးထောက်ပြီး တောင်းပန်လေသည်။
"တောင်းပန်ပါတယ် သခင်လေး။ နောက်ဆို အဲ့ဒီလို မလုပ်တော့ပါဘူး။ ကျွန်တော့် ညီမလေးနဲ့ အမေ့ကို ထောက်ပံ့ဖို့ ကြံမိကြံရာ လုပ်မိတာပါ။ အခုလို အလုပ်ထုတ်လိုက်ရင် ကျွန်တော်တို့ မိသားစု ဘယ်လို လုပ်ရပါတော့မလဲ။"
"အစတည်းက ဒီလို ဖြစ်မယ်လို့ မတွေးမိဘူးလား။ လောကမှာ အလုပ်က ဒီတစ်နေရာတည်း ရှိတာ မဟုတ်ဘူး။ ပြီးတော့....ဒီလိုတွေ ဖြစ်ပြီးတာတောင် ငါက မင်းကို သနားမယ်ထင်...."
"မလုပ်ပါနဲ့!"
Tsukiသည် Shin ၏ ကျောက အင်္ကျီစကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အော်လိုက်လေသည်။
"ပဲပင်ပေါက်..မင်း ဒီမှာ ဘာလုပ်နေတာလဲ။...အခန်းထဲ ပြန်ဝင်နေ။"
"သခင်လေး အဲ့ဒီလို မလုပ်ပါနဲ့။...သူ ပြောတာလည်း အမှန် ဖြစ်ချင် ဖြစ်နေမှာပါ။"
"မင်းကို ချောက်ချထားတဲ့ ကောင်ကိုတောင် ထပ်ယုံချင်နေတာလား။"
"ဟုတ်ကဲ့!"
Tsuki ၏ ပြတ်သားသော အဖြေကြောင့် Shin ဒေါသထွက်သွားလေသည်။
"ဒါဆိုရင်....မင်းရဲ့ ခြေထောက် တစ်ဖက်ကို ရိုက်ချိုးပစ်မယ်ဆိုရင် ဘယ်လိုလဲ။"
Tsuki သာမက ဘေးနားက လူများပင် ထိတ်လန့်သွားကြသည်။
"မဟုတ်သေးပါဘူး။ တစ်ယောက်တစ်ဖက်ဆိုရင် နှစ်ယောက်ဆိုတော့ နှစ်ဖက်ပေါ့။.....ဘယ်လိုလဲ။...သူတို့ကို ကယ်ချင်သေးလား။"
Shin က ရယ်ရင်း မေးလိုက်သောအခါ Tsuki သည် Shirogane၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ Shirogane ၏ သွေးပျက်နေသော ပုံကို မြင်ရသောအခါ မိမိတွင် ရွေးစရာ မရှိတော့မှန်း Tsuki သဘောပေါက်လိုက်သည်။
"ဟုတ်ကဲ့။ ရပါတယ်။"
ပြောမရ ဆိုမရသည့်အဆုံး Shin သည် Tsuki လက်ကို ဆွဲပြီး အပေါ်ထပ်သို့ ပြန်တက်သွားသည်။
"သခင်လေး....သူတို့က..."
"ဒီ ပဲပင်ပေါက် ပြောနေတာ မကြားဘူးလား။"
Shin သည် ထိုမျှသာ ပြန်ဖြေခဲ့သော်လည်း နှစ်ယောက်စလုံး အလုပ်မပြုတ်တော့မှာကတော့ သေချာသွားသည်။
"သခင်လေးက သူ့ကို အရမ်း အလေးပေးတာပဲနော်။"
"မနေ့တုန်းက အဲ့ဒီကောင်လေးကို ရိုက်လို့ ဒေါသထွက်သွားတာကြီးက ငါတောင် ကြက်သီးတွေ ထသွားတယ်။"To be continue.....
ESTÁS LEYENDO
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇