"ဖြစ်တာတောင် နည်းသေးတယ်။"
"ပြောရက်လိုက်ကြတာ။"
ဘာဖြစ်သွားသေးလဲ သေသေချာချာ သိရန် Harueနှင့် Amaတို့ Kiyoကို သူနာပြုခန်းသို့ အတင်း ခေါ်ဆောင်သွားကြသည်။ အခန်းထဲ၌ Shin၊ Tsukiနှင့် Taroတို့ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။
"Shin နဲ့ Tsuki။"Taro က စကားစပြောသောကြောင့် နှစ်ယောက်သား အာရုံစိုက်လိုက်ကြသည်။ Taroသည် တော်ရုံတန်ရုံ စကားမပြောတတ်သူ ဖြစ်သောကြောင့် အခုပြောမည့် ကိစ္စက အရေးကြီးမည်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
"ဒီကိစ္စကို ကြုံရာလူကို လိုက်ပြောဖို့ မသင့်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ရှေ့ဆက်ပြီး မင်းတို့က Kiyoရဲ့ သူငယ်ချင်းတွေ ဖြစ်နေမယ် ဆိုရင်တော့ ဒီကိစ္စကို မင်းတို့ သိသင့်ပါတယ်။"
Taroသည် ဇာတ်လမ်းကို မစသေးမီ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"Kiyoက လွန်ခဲ့တဲ့ လေးနှစ်ကတည်းက အခုချိန်ထိ စိတ်ကုထုံး ဆရာဝန်တွေနဲ့ တွေ့နေရတုန်းပဲ။"
Taro တည်တည်ငြိမ်ငြိမ် ပြောလိုက်သော စကားလုံးများသည် ဒီနောက်ကွယ်က ဇာတ်လမ်း၏ နက်ရှိုင်းမှုများကို တီးတိုးရေရွတ်လိုက်ကြလေသည်။
.
.
.
.
.
Kiyoတွင် သူ့ထက် လေးနှစ်ကြီးသော Ranmaru(ရမ်မာရု)ဆိုသည့် အစ်ကိုကြီးတစ်ယောက် ရှိခဲ့ဖူးသည်။ သူ့မိဘတွေအတွက်တော့ စံပြသား ဗားရှင်းအဟောင်း ဖြစ်ခဲ့ဖူးသည်။ သို့သော် Kiyoမွေးဖွားလာချိန်မှ စ၍ Ranmaruအပေါ် ထားသော မိဘတို့၏ မျှော်လင့်ချက်တို့သည် သားအငယ်ပေါ် ကျရောက်ကုန်ကြသည်။ Kiyo၏ မိဘများကား သားသမီးတို့အပေါ် အလွန် မျှော်လင့်ချက်ကြီးမားပြီး အောင်မြင်သော လူများ အလွန် ဖြစ်စေချင်ကြသည်။ သို့သော် ထိုအဖြူထည် ဆန္ဒတို့သည် အချိန်ကြာလာသည်နှင့်အမျှ အရောင် ညစ်ထေးသော အတ္တများအသွင် ပြောင်းလဲခဲ့ကြသည်။ အရာရာတိုင်းတွင် အခြားသူများကို ကျော်လွန်ပြီး နှာတစ်ဖျားသာသော အဆင့် (၁) ဆိုသည့် အရာကိုသာ ပြင်းပြစွာ လိုလားကြသည်။ ဂီတ၊ ပန်းချီ၊ ကိုယ်ခံပညာ၊ သုတရသ စုံလင်အောင် ဘာသာရပ်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ လိုလေသေးမရှိအောင် သင်ကြားဖြည့်ဆည်းပေးကြ၏။ မည်သို့ဆိုစေကာမူ၊ ဖြစ်စေချင်သော စိတ်တို့ကသာ ဖိစီးနေခဲ့ကြသဖြင့် တစ်ကယ်ဖြစ်အောင် ကြိုးစားနေခဲ့ရသည့် သားနှစ်ယောက်နှင့် နှလုံးသားချင်း ဝေးကွာခဲ့ကြသည်။
STAI LEGGENDO
တိုးတိုးလေး
Storie d'amoreရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇