Amaက Harue ကို ရိုက်ချလိုက်သည်။
"ညစ်ညမ်းကောင်။"
"တကယ်ကို ခံစားလို့ ကောင်းတာပဲကို။ Amaဆိုရင်လေ ငါက ကောင်းလားမေးရင် သူက..."
"မင်း ရပ်လိုက်။"
"သူက ကောင်းတယ်။ ပိုပြီးလိုချင်တယ်လို့ ပြောတာ။"
"အား!!"
Amaက ရှက်လွန်း၍ မျက်နှာကို အုပ်ပြီး ထိုင်ချလိုက်သည်။
"Amaက တကယ့်ကို အဲ့ချိန်ဆို ပွင့်လင်းတာ။ ချစ်ဖို့လည်း ကောင်းတယ်။"
"တော်ပါတော့။"
Amaမဆိုနှင့်၊ ဘေးနားက ကြားနေရသော Tsuki ပင် ရှက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲနေသည်။ထိုစဉ် Taro က တစ်စုံတစ်ခုကို သတိရသော ပုံစံဖြင့်.....
"ဒါနဲ့ Tsuki၊ မင်း အစ်ကိုအကြောင်း မေးရဦးမယ်။"
အားလုံးက Taro ကို စိုက်ကြည့်နေကြသည်။
"သူက ရည်းစားထားဖူးလား။"
"မထားဖူးပါဘူး။"
"တွေ့ကရာလူကိုရော နှာဘူးကျနေတတ်လား။"
"ဟင့်အင်း။...ကိုကို နှာဘူးကျတာဆိုလို့....Taro-chanပဲ ရှိတာပါ။"
Tsuki က မရဲတရဲနှင့် ပြန်ဖြေလိုက်သည်။ Kuramaအစား မျက်နှာပူနေရသည်။
"ငါ သိပြီ။"
Taro ကထူးဆန်းစွာ ပြုံးလိုက်သည်။ ထိုအပြုံးက တစ်ခုခုကို ဆာလောင်မွတ်သိပ်နေသည့် ပုံစံ။ထို အပြုံးကြီးကို ကြည့်ပြီး Tsuki ကြက်သီးတွေတောင် ထသွားသည်။
"မထင်ရပေမဲ့ Taro-chanက sadist ကြီးလေ။"
Kiyoက အနားကပ်ပြီး မဲ့ကာရွဲ့ကာ အတင်းတုပ်လိုက်သည်။
"မင်းရဲ့ အစ်ကိုကို အဲဒါကြောင့် ချေနေတာ။"
"...ဪ.."
"Tsuki၊ ဒီကိုလာ။"
Shin သည် Tsuki ကို Kiyoနားကနေ ဆွဲခေါ်လိုက်သည်။
"သူ့နားမှာ နေတာကို မြင်ရရင် စိတ်မချဘူး။ တော်ကြာ ကိုယ့်ချစ်သူကို လုသွားဦးမယ်။"Kiyoသည် တစ်ယောက်တစ်မျိုးစီ ဖြစ်နေကြသော သင်းတို့ကို ကြည့်ပြီး FAဆိုသည့် ခံစားချက်ကြီး ဝင်လာမိသည်။
"ငါ ရည်းစားရှာမှပဲ။"
ကိုယ့်အတွေးကိုယ် သဘောကျပြီး ရယ်လိုက်မိလေသည်။
.
.
.
.
.ဒေါက်....ဒေါက်....ဒေါက်
အိမ်ဝမှ တံခါးခေါက်သံ ကြားလိုက်ရသဖြင့် Tsuki ၏ ပထွေးသည် သတင်းစာကို ချထားကာ တံခါးလာဖွင့်သည်။ သူ မြင်လိုက်ရသည်မှာ သူ့ထက် ခေါင်းတစ်လုံးစာလောက် မြင့်သော ဦးလေး Dai ၏ ခက်ထန်သော မျက်နှာပင် ဖြစ်သည်။ သူ၏ နောက်တွင် အန်တီ Kikyo လည်း လိုက်ပါလာသည်။
"...ဘယ်...ဘယ်သူလဲခင်ဗျ။"
"ကျုပ်တို့က Shinamoအိမ်တော်ကပါ။ စကားနည်းနည်းလောက် ပြောလို့ရလား။"
"ဟုတ်ကဲ့။ ဝင်ပါခင်ဗျ။"
သူသည် သူတို့နှစ်ယောက်ကို ဧည့်ခန်းကျဉ်းလေးထဲသို့ ခေါ်သွားပေးသည်။
"မိန်းမရေ၊ ဧည့်သည်တွေ လာတယ်ဟေ့။ သောက်စရာ ပြင်ပေးပါဦး။"
"ဘယ်က ဧည့်သည်..."
သူမသည် မီးဖိုချောင်ဘက်ကနေ အပြင်သို့ ထွက်လာစဉ် Kikyoနှင့် မျက်လုံးချင်း ဆုံသွားသည်။စစချင်းတုန်းကတော့ ဝမ်းသာသွားသော်လည်း Kikyoက သူ့ကို မကြည့်ချင်ဘူးဆိုသည့် ပုံစံဖြင့် အကြည့်လွှဲသွားသည်။
"မလိုပါဘူး။ စကားပဲ ပြောချင်တာပါ။"
Kikyo ၏ ခပ်ပြတ်ပြတ် စကားကြောင့် သူမသည် သူတို့နားတွင် မရဲတရဲ ဝင်ထိုင်လိုက်သည်။
"ဘာ...ဘာများပြောချင်လို့လဲ။ Tsuki ပြဿနာရှာလို့လား။"
"ဟုတ်တယ်။ ခင်ဗျားတို့သားက ကျုပ်တို့သားကို ပြဿနာအကြီးကြီးပေးထားတယ်။"
"ဗျာ..."
"ရှင်..."
"အဲဒီကိစ္စကို ခင်ဗျားတို့ ဘယ်လို ဖြေရှင်းပေးမှာလဲ။"
"ဟုတ်တယ် Toyama။ ငါက နင့်ကို ခင်လို့ ကူညီပေးတာကို နင့်သားက ဒီလို ပြဿနာ ရှာလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားမိဘူး။ တကယ်ကို စိတ်ပျက်စရာပဲ။"
"အဲဒီ ကောင်စုတ်လေးက နင်တို့ကို ဘာ ပြဿနာ ရှာလိုက်လို့လဲ သူငယ်ချင်းရယ်။ ငါ သူ့ကို ကောင်းကောင်း ဆုံးမပေးပါ့မယ်။"
"ဒီကိစ္စက နင် ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။"
"ဒါပေမဲ့ ဖြေရှင်းစရာ တစ်နည်းတော့ ရှိတယ်။"
"ဘာများလဲ။ ကျွန်တော်တို့ တတ်နိုင်တာဆိုရင် ရေကုန်ခမ်းကုန် လုပ်ပေးပါ့မယ်။"
"ခင်ဗျားတို့သားကို ကျုပ်တို့ဆီ ရောင်းစားလိုက်။"
"ဗျာ.."
"ရှင်.."
"သူ့လို ပုံစံကို လိုချင်နေတဲ့ ငါတို့အသိတစ်ယောက် ရှိတယ်။ စျေးကောင်းကောင်း ရမှာပါ။"
"ဘယ်လိုလဲ။"
"ဒီလိုမှ မဟုတ်ဘဲ သူ့ကို ခင်ဗျားတို့သားအဖြစ် ဆက်ထားနေဦးမယ်ဆိုရင် သူလုပ်ထားတဲ့ အပြစ်ကို ကျေအေးစေဖို့ ခင်ဗျားတို့မှာပါ တာဝန် ရှိတယ်။"To be continue.......
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇