အပိုင်းငါးဆယ့်တစ်

226 23 0
                                    

"မင်းမိဘတွေကရော၊ သဘောတူမှာတဲ့လား။"
"သူတို့ သဘောမတူရင် အိမ်ပေါ်က ဆင်းမှာပါ။ ခြိမ်းခြောက်တယ်လို့ ထင်ရပေမဲ့ ကျွန်တော် သူတို့ကို ဖိအားမပေးချင်တော့ရုံပါပဲ။"
"မင်း စကားကြားရတာတော့ အားရစရာကြီးပါပဲ။ အပြောနဲ့ အလုပ်နဲ့ တလွဲမဖြစ်စေနဲ့ပေါ့။ Tsuki စိတ်ချမ်းသာမယ်ဆို ငါ့အတွက်က ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။"
"ကျွန်တော် မေးချင်တာ တစ်ခု ရှိသေးတယ်။"
"ဘာလဲ။"
"အစ်ကို Tsuki အပေါ် မရိုးမသား ခံစားချက်တွေ ထားဖူးလား။"
Shin ၏ စကားကို ကြားရသောအခါ Kuramaသည် သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
"ဘုရားရေ၊ မင်းလိုပဲ လူတိုင်းက ပစ်မှားတတ်တယ် ထင်နေတာလား။ ငါကလေ Tsuki အပေါ် မရိုးမသားစိတ် တစ်ခါမှ မထားဖူးဘူး။ သူ့ကို တစ်သက်လုံး ညီလေးတစ်ယောက်လို့ပဲ မှတ်ယူထားတာကွ။"
"တော်သေးတာပေါ့။"
"မယုံနိုင်စရာကောင်။"
Shin သည် Kuramaနှင့် စကားပြောပြီးသောအခါ အိမ်ကိုတန်းပြန်လာခဲ့သည်။

အိမ်ပြန်ရောက်လာသောအခါ ဧည့်ခန်းထဲတွင် သူ၏ အဖေနှင့် အမေ ထိုင်နေသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။ သူတို့သည် Shin ကို စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ အပြုံးနှင့် ဆီးကြိုနေကြသည်။ သူတို့နှင့် မနီးမဝေးတွင် Tsuki က ထိုင်နေသည်။ သူကိုယ်တိုင် ခေါ်ထားသော်လည်း နေ့ချင်းညချင်းကြီး ပြန်လာလိမ့်မည်ဟု မထင်ခဲ့ပါ။ သူ၏ မိဘနှစ်ပါးကို ကြောက်ပြီး ဂုတ်က​လေးတိုကာ ထိုင်နေသော Tsuki ကို အသည်းယားနေမိသည်။
"ပြန်ရောက်လာပြီလား။"
Shin သည် ခုံတွင် ဝင်ထိုင်လိုက်သည်။ Tsuki ၏ မျက်လုံးတွေက စစ်ကူတောင်းနေသလို Shin ကို ခိုးခိုး ကြည့်နေသည်။ Shin ကလည်း သတိထားမိသည်။
"ကျန်တဲ့ လူတွေအကုန် ရှောင်ပေးကြပါလား။ စကားပြောစရာ ရှိလို့ပါ။"
Shin က ထိုသို့ပြောသောအခါ Tsuki အပါအဝင် အခြားသော အစေခံများသည် ထိုနားမှ ထွက်သွားကြသည်။
"ကျွန်တော်က အားမှ ပြန်လာခိုင်းတာပါ။ အစောကြီး ပြန်လာခိုင်းတာ မဟုတ်ပါဘူး။"
"သားက ပြောစရာရှိတယ်ဆို အန်တီတို့က သေချာပေါက် အရောက်လာပြီး နားထောင်ပေးရမှာပေါ့။"
"ကျေးဇူးပါ။ ကျွန်တော် ပြောချင်တာက ကျွန်တော့်မှာ ချစ်သူရှိိနေပြီဆိုတဲ့ အကြောင်းပါ။"
"ဟုတ်လား။ ဝမ်းသာစရာပဲ။"
"ကျန်သေးတယ်။"
"ဘာများလဲ။"
"ကျွန်တော်က gay ပါ။"
"gay?!"
နှစ်ယောက်စလုံး သံပြိုင်ထွက်သွားကြသည်။
"အန်တီနဲ့ဦး သဘောမကျဘူးဆိုရင် ကျွန်တော့်ကို ပြန်စွန့်ပစ်လို့ ရပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့လူကို လက်လွှတ်မှာ မဟုတ်ပါဘူး။"
သူတို့ ကြားထဲတွင် သုံးမိနစ်လောက် တိတ်ဆိတ်သွားကြပြီးနောက် ဦးလေးDaiက စကားစပြောသည်။
"ဦးလေးတို့လည်း ဝန်ခံပါတယ်။ ဦးတို့က သားကို Daichi လေး နေရာမှာ အစားထိုးခဲ့မိတာပါ။ ဒါဟာ ဦးတို့ အပြစ်မကင်းတဲ့ တစ်ချက်ပဲ။ သားကို ဆေးရုံမှာ တွေ့လိုက်ရတဲ့ အချိန်မှာ သားရဲ့ မျက်လုံးတွေထဲမှာ အေးစက်မှုကလွဲပြီး ဘာမှ မရှိခဲ့ဘူး။ သားကို အိမ်ခေါ်လာပြီး အနည်းငယ်ကြာတော့ ဦးတို့ သဘောပေါက်သွားတာက အဲဒီအေးစက်မှုကို ဦးတို့ကိုယ်တိုင် အရည်မဖျော်နိုင်ဘူးဆိုတာပဲ။ သားကို ဘေးနားမှာ ခေါ်ထားခဲ့ပေမဲ့ သားနဲ့ ဦးလေးတို့က တစ်သီးတစ်ခြားစီ ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ဒီနေ့ ဦးတို့ ပြန်လာတော့ သားရဲ့ မျက်လုံးထဲက အဲဒီအေးစက်မှုတွေက ပျောက်ကွယ်သွားတာ တွေ့ရတယ်။ မင်းရဲ့ ချစ်သူက ဘယ်သူပဲဖြစ်ဖြစ် မင်းကို ဦးလေးတို့ထက် ပိုတဲ့ နွေးထွေးမှု ပေးနိုင်တယ်ဆိုတာ သေချာနေပါပြီ။ ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟာ ချစ်ခြင်းမေတ္တာပဲ။ ဘာထူးခြားမှာမို့လို့လဲ။"
"အန်တီလည်း မင်းဦးလေးလိုပါပဲ။ မင်းကို အစားထိုးခဲ့တယ်ဆိုပေမဲ့ သားအရင်းတစ်ယောက်လိုပဲ ချစ်ရတာပါ။ ဒီလို ကိစ္စတွေဆိုတာ ပြောစရာကို မလိုဘူး။ အန်တီတို့က နားလည်ပြီးသားပါ။"
နှစ်ယောက်စလုံးဆီမှ အားရဖွယ် စကားများ ကြားရသဖြင့် Shin သည် ပြုံးလိုက်မိသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးနဲ့ အန်တီ။"
"ရပါတ​ယ်ကွယ်။ မိသားစုတွေပဲကို။"
"ဒါဆို ပြောကြည့်ပါဦး။ ကံကောင်းသွားတာ ဘယ်သူများလဲ။ Amaလား။ Taro လား။ Kiyoလား။ Harue တော့ ဖြစ်နိုင်မယ် မထင်ဘူး။"
"Tsuki ပါ။"
"ဘာ..."
"ဘာ..."
"Tsuki ဆိုတာ..."
"ခုနက ကောင်လေး မဟုတ်လား။"
"ဟုတ်ကဲ့။"
"ကောင်လေးက ချစ်စရာလေးပဲ။"
"အဲဒါကြောင့်ပဲ ကြွေတာ နေမှာပေါ့ရှင်။"
သူတို့နှစ်ယောက် Shin ကို စနေကြသည်။
"ပြီးတော့ ကျွန်တော် တောင်းဆိုစရာတစ်ခုရှိပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံးနဲ့နောက်ဆုံး တောင်းဆိုစရာပါပဲ။"
"အဲဒီလိုကြီး မပြောပါနဲ့။ သားတောင်းဆိုတာတွေအကုန် လုပ်ပေးမှာပါ။"
"တကယ်တော့...."

To be continue........

တိုးတိုးလေးWhere stories live. Discover now