"မယုံပါဘူး။"
Kiyoက မျက်စောင်းထိုးပြီး ပြောလိုက်၍ Tsuki သည် အသက်ပါအောင် ပြုံးလိုက်မိသည်။ ဖျော့တော့နေသော Tsuki မျက်နှာကို ကြည့်ရင်း Kiyoသည် မေးသင့်မမေးသင့် တွေးနေရာမှ ထုတ်မေးလိုက်သည်။
"မင်းကို Shin-chan အနိုင်ကျင့်နေတာလား။"
ထိုမေးခွန်းကို ကြားရသောအခါ Tsuki မျက်နှာပေါ်မှ အပြုံးတို့ ပျောက်ကွယ်သွားသည်။
"....ဘာလို့....အဲ့လို ထင်ရတာလဲ။"
"သူမဟုတ်လား။"
"မဟုတ်ပါဘူး။ Shin-sanက....အဲ့ဒီလို ရက်စက်တဲ့လူ မဟုတ်ပါဘူး။"
"ဒါဆိုရင်မင်းလည်ပင်းက အရာကြီးက...."
"မမေးပါနဲ့လား Kiyo-san။...အဲဒီအကြောင်းတွေ....ထပ်မတွေးချင်တော့လို့ပါ။"
Tsuki ၏ တောင်းဆိုမှုကြောင့် Kiyoသက်ပြင်းဖွဖွ ချပြီး အသံတိတ်သွားသည်။ရုတ်တရက် Tsuki က သူ့လက်များကို ဆုပ်ကိုင်လိုက်သည်။
"Kiyo-san။"
"အင်း။ ပြောလေ Tsuki-chan။"
"Kiyo-sanမှားခဲ့တယ်။"
Kiyoသည် နားမလည်နိုင်သော မျက်လုံးများဖြင့် Tsuki ကို ကြည့်လိုက်သည်။
"Kiyo-san လုပ်ခဲ့မိတဲ့ အရာက မှားတယ်။ အဲဒါက Kiyo-sanရဲ့ အပြစ်ပဲ။.....ကျွန်တော် အဲဒီလို ပြောလိုက်တော့ Kiyo-san ဘယ်လိုခံစားရလဲ။ ဝမ်းသာလား။ ကျေနပ်သွားလား။"
ထို မေးခွန်းကို Kiyo ပြန်မဖြေတတ်ပါ။
"မဟုတ်ဘူး။ ကျွန်တော် အဲဒီလို ပြောလိုက်လို့ Kiyo-sanနေလို့ မသက်သာသွားပါဘူး။.....ကျွန်တော် အခြားသူတွေလိုမျိုး စကားလုံး ထိထိရောက်ရောက်တွေ သုံးပြီး Kiyo-san ကို ဘယ်လို နှစ်သိမ့်ရမလဲ မသိပါဘူး။ ဒါပေမဲ့ Kiyo-sanမှာ အခြားရွေးစရာ ရှိခဲ့လို့လား။ Kiyo-san အဲဒီလို မလုပ်ခဲ့ရင် Ama-san ဘယ်လို ဖြစ်သွားမလဲ။ မှားချင်းမှား Ranmaru-san ကို သတ်ခဲ့မိလို့ မှားတာ မဟုတ်ဘူး။ အစောပိုင်းတည်းက သူ့ကို မကူညီပေးနိုင်ခဲ့တာ မှားတာ။"
Kiyoသည် မိဘဆုံးမစကား နားထောင်နေသော ကလေးလေးလို ငြိမ်သက်နေမိသည်။
"အကယ်၍ Kiyo-sanကိုယ့်ကိုယ်ကို အပြစ်တင်မှ ကျေနပ်မယ်ဆိုရင် တင်ပါ။ ပြီးရင်တော့ ရှေ့ဆက်လျှောက်ရမယ်လေ။ ကမ္ဘာကြီးက ရပ်နေတာမှ မဟုတ်တာ။ လူဆိုတာလည်း အမှားနဲ့ကင်းတဲ့ သတ္တဝါတွေမှ မဟုတ်တာ။....ပြီးတော့....မကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်လုပ်ကိုင်ရတိုင်း လူဆိုး၊ လူမိုက်တွေ မဟုတ်ပါဘူး။ လူတွေထဲက လူတွေ ဟုတ်လို့ပါ။"စကားရှည်ကြီး ပြောပြီးနောက် Tsuki သည် လည်ပင်းပြန်နာလာသဖြင့် ခဏနားလိုက်သည်။
"အဆင်ပြေရဲ့လား Tsuki-chan။"
"ရပါတယ်။"
Kiyoသည် သူ့ကိုကြည့်ပြီး ပြုံးလိုက်၏။
"အခုချိန်အထိ ငါ့ကို လူတွေက ငါ့အမှားမဟုတ်ဘူးလို့ပဲ ပြောနေခဲ့ကြတာ။ ဟီး...။ မင်းအလှည့်ကျမှပဲ ထူးထူးဆန်းဆန်းပါလား။"
"....စိတ်ဆိုးသွားလား။"
"မဆိုးပါဘူး။"
Kiyoသည် Tsuki ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
"မင်းသာ Shin-chanနဲ့ မပတ်သက်နေဘူးဆို ငါ မင်းကို ကြိုက်မိမှာပဲ။"
သူ၏ စကားကြောင့် Tsuki မျက်နှာလေး နီရဲသွားသည်။
"ကဲပါ။....ငါ ဆရာဝန်တွေ သွားခေါ်ပြီး Shin-chanတို့ကို သွားအကြောင်းကြားလိုက်ဦးမယ်။"
"ဟုတ်ကဲ့။"
Kiyoသည် အခန်းထဲမှ ထွက်သွားတော့သည်။ထိုအခါ Tsuki သည် ပြူတင်းပေါက်ဘက်သို့ လှည့်ပြီး အတန်ကြာ ငေးမှိုင်နေသည်။ သူ၏ ပါးပြင်ပေါ်မှ မျက်ရည်စက်များ ကျလာသည်။
"အသက်ရှင်ရတာ ပင်ပန်းလိုက်တာ။"များမကြာမီ Kiyoသည် ဆရာဝန်တွေနဲ့အတူ အခန်းထဲသို့ ပြန်လာခဲ့သည်။ သို့သော်လည်း အခန်းထဲတွင် ဘယ်သူမှ ရှိမနေတာကို ကြည့်ပြီး Kiyo တစ်ယောက် အရမ်း ထိတ်လန့်သွားသည်။
"Tsuki-chan...."
.
.
.
.
.
Shin သည် တံခါးတစ်ဖက်က မိုးရေစက်တွေကို အသက်မဲ့စွာ ငေးကြည့်နေမိသည်။ အရာအားလုံးသည် စိုပြည်လျက် ခြောက်သွေ့နေသည်။....လွမ်းတယ်။.....တွေ့ချင်လိုက်တာ။ ဒါပေမဲ့ သူ့ကို မြင်လျှင် Tsuki ဘယ်လို တုံ့ပြန်လိမ့်မလဲ။ မုန်းနေလောက်မလား။ အကယ်၍ Tsuki သာ သူ့ကို လွယ်လင့်တကူ ခွင့်လွှတ်ခဲ့လျှင် ပို၍ ခံရခက်မည်သာ။တီ.......တီ
အတွေးဆက်တို့သည် ဖုန်းသံကြောင့် ပြတ်တောက်သွားသည်။ အိတ်ထဲက ဖုန်းကို ထုတ်ကြည့်တော့ Kiyo ဖြစ်နေသည်။
"ဟယ်လို။"
"Shin-chan၊ Tsuki-chan ပျောက်နေပြီ။"
"ဘာ!"
အလောတကြီး ပြောလိုက်သော Kiyo၏ စကားကြောင့် Shin သည် မျက်လုံးများ ပြာသွားသည်။To be continue........
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇