"မင်း ဘယ်လိုတွေ လူကျော်ပေးနေတာလဲ။ အသုံးမကျလိုက်တာ။"
"တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော် အဆင်မပြေဘူးလို့ ပြောထား...."
"ဘာလဲ...မင်းက ငါ့အပြစ်လို့ ပြောနေတာလား။"
"မဟုတ်ရပါဘူး။"
"မင်းပြောချင်တာ ငါမသိဘူးမှတ်...."
"Kuro(ကူရို)....တော်တော့ကွာ။
"အစ်ကိုကြီး Shiro(ရှီရို)...."
Shiroဆိုသည်မှာ Shin နှင့် ရန်ဖြစ်ခဲ့သည့် တစ်ယောက်ပင် ဖြစ်သည်။
"ကလေးတွေကို အဲ့ဒီလောက် မခြောက်ပါနဲ့ကွာ။"
"ဟုတ်ကဲ့။"
"ကောင်လေး။"
"ဟုတ်။"
"ဘာမှ ကြောက်စရာ မလိုဘူး။ ဟုတ်ပြီလား။"
"ဟုတ်ကဲ့။"ထိုစဉ် Tsuki၏ ခေါင်းထဲ၌ ဒီလူ ဒီလောက်ထိ မဆိုးလောက်ပါဘူးလို့ ထင်လိုက်မိသည်။ Harueကအခြေနေတွေကို အဝေးကသာ အကဲခတ်နေသည်။ အခြေအနေ ဒီ့ထက် ဆိုးလာခဲ့လျှင် သူဝင်ပါရန် စဉ်းစားထားသော်လည်း အေးအေးဆေးဆေး ပြီးဆုံးသွားခဲ့သဖြင့် စိတ်ချနိုင်တော့သည်။ နောက်တစ်ကျော့ ထပ်မစခင် Shiroကတတိယနှစ် ကျောင်းသားနှစ်ဦးအား ခေါ်ပြီး တိုးတိုး တိုးတိုး ပြောလိုက်သေးသည်။ ပြီးသည်နှင့် နေရာ ပြန်ယူကြသည်။ Tsukiက နောက်ဆုံးနားလောက်တွင် ရှိနေသည်။
ဝီစကီ မှုတ်ပြီး ဘောလုံး စပစ်ချိန်တွင် Tsukiတို့ ဘက်က စရသည်။Shiro၏လက်ထဲ ဘောလုံး ရောက်သွားသောအခါ သူသည် Kuroကိုပြုံးပြပြီး ရှိသမျှ အားနှင့် ပစ်ပေးလိုက်သည်။ အကွက်ချပြီး ဖြစ်သောကြောင့် Kuroက အလိုက်တသိနှင့် ဘောလုံး သူ့ဆီ မရောက်မီ ရှောင်ထွက်သွားသည်။Kuro၏အနောက်တွင် ရှိနေသော Tsukiသည် ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိခင် ခေါင်းတစ်ခုလုံး ပူထူပြီး ပစ်လဲကျသွားသည်။ ပြန်ထထိုင်လိုက်ပြီးနောက် နှာခေါင်းနားမှ စိုစိုစွတ်စွတ် ခံစားလိုက်ရသဖြင့် ထိကြည့်လိုက်တော့ .....သွေးများ ဖြစ်နေသည်။ Tsuki၏ နှာခေါင်းမှ သွေးများ တတောက်တောက် ကျနေသည်။
"Opps...."
"ညီလေးရယ်၊ ဘောလုံးကို မျက်နှာနဲ့ ဖမ်းစရာလား။"
"ဟား...ဟား....ဟား။"Harueသည် ဒုတိယနှစ် တစ်ယောက်ကို Shin အား သွားခေါ်ခိုင်းလိုက်သည်။ ထို့နောက် Tsukiရှိရာဆီသို့ ပြေးသွားသည်။
"အဆင်ပြေရဲ့လား။"
"ဟုတ်ကဲ့။ ရပါတယ်။"
"ခေါင်းမော့ထားပြီး နံရံမှာ သွားကပ်နေ။"
"ဟုတ်ကဲ့။"
Tsukiတစ်ယောက် ယိုင်တိယိုင်တိုင်ဖြင့် နံရံတစ်ဖက်သို့သွားကပ်နေသည်။
"အစ်ကိုကြီး Shiro....ဒါ ဘာသဘောလဲ။"
"ငါတို့က ဘာသဘော ဖြစ်နေလို့လဲ။ မတော်တဆ ဖြစ်သွားတာလေးကို။"Shiroစကားပြောနေစဉ် အတွင်းမှာပဲ ဒုတိယနှစ်နှင့် တတိယနှစ်တွေ တစ်ဖက်တစ်ချက်စီ မျက်နှာမူပြီး ရပ်လိုက်ကြသည်။ ဒုတိယ နှစ်တွေက အစတုန်းက ချရန်အထိ မမျှော်လင့်ထားသော်လည်း ကိုယ့်ဘက်ကို ဗလိုင်းကြီးသက်သက် လာအနိုင်ကျင့်နေသည်ကိုတော့ လက်ပိုက်ကြည့်မနေနိုင်တော့ပါ။
"မတော်တဆဆို ကျွန်တော်တို့က ကန်းနေတာမှ မဟုတ်တာ။"
"ဒါဆို မင်းတို့က ဘာပြန်လုပ်ချင်လို့လဲ။"
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးနဲ့ ပြန်ချေမှ တရားမျှတမှာ။"
"Oi...Oi...မင်းက ငါတို့ကို စိန်ခေါ်နေတာလား။ ငါတို့က ငါးယောက်တောင်။ မင်းတို့က သုံးယောက်တည်းနော်။"
"စိတ်မပူပါနဲ့။ ဒီက အစ်ကိုကြီး Shiroကကျွန်တော်တို့ ဒုတိယနှစ်လေးတွေကို လျှော့ပေးပြီး အစ်ကိုကြီးရဲ့ မျက်ခွက်ကို နှာခေါင်းသွေးလျှံတဲ့အထိ ထိုးခွင့်ပေးရင် အဲ့ဒီအဆင့်ထိ ရောက်မှာမဟုတ်ပါဘူး။"
"ဒီစောက်ကလေးကတော့..."
"အစ်ကိုကြီးရဲ့ အချိုးတွေက Shinshinရဲ့ အုတ်ခဲစာ မိထားတာတောင် အရင်လိုပါပဲလား။"
Shiroသည် အရှိုတ်ထိအောင် အပြောခံလိုက်ရသဖြင့် ဒေါသပုံတွေ ထသွားပြီး ဝိုက်လက်သီးတစ်ခုဖြင့် ဒုတိယနှစ်နှင့် တတိယနှစ်တို့ကြားက ရန်ပွဲကို အစပျိုးပေးလိုက်လေသည်။သူတို့ စကားပြောနေတာကို ရင်တမမနှင့် ကြည့်နေရသော Tsukiသည် ရန်ပွဲစသည်နှင့် ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိအောင် ဖြစ်သွားသည်။ ရန်ပွဲထဲ ပြေးဝင်တော့မည် အပြုတွင် Harueကလှမ်းတားလိုက်သည်။
"Kiki....မင်း ဝင်မလာနဲ့နော်။"
"ဒါပေမယ့်...."
"အဲ့မှာပဲ နေစမ်းပါ။"
မိမိကြောင့် အခုလို ရန်ဖြစ်နေကြတာကို မြင်ရတာ Tsukiများစွာ စိတ်မကောင်းပါ။ ဖြစ်နိုင်ရင် သူတို့ကြားထဲ ဝင်ပြီး ဖျန်ဖြေပေးချင်သော်လည်း မဖြစ်နိုင်ဘူး ဖြစ်နေသည်။ ထို အချိန်တွင် ရင်ထဲ၌ Shin ရောက်လာရန် အသည်းအသန် ဆုတောင်းနေမိသည်။ရုတ်တရက် အားကစားခန်းမ တံခါးက ဝုန်းကနဲ ပွင့်သွားပြီး အထဲသို့ Shin တို့အဖွဲ့ ရောက်လာခဲ့သည်။
"Tsuki!......"
"Shin-san...."
Tsuki၏ မျက်နှာပေါ်က သွေးတွေကို တွေ့လိုက်ရသောအခါ Shin ၏ တစ်ကိုယ်လုံး ထုန်တက်သွားသည်။ သူ့ခေါင်းထဲတွင် အရာအားလုံးဟာ လွတ်ထွက်သွားပြီး ဗလာကျင်း ဖြစ်သွားသည်။
"Kiyo-san.....Harue-sanကို သွားကူပါဦး။"
"ဒီမှာပဲ နေဦးနော်။....Shin-chan...သွားတားရ..."Kiyo၏ စကား မဆုံးမီ Shin ၏ ခန္ဓာကိုယ်သည် ရန်ပွဲရှိရာသို့ အလိုအလျောက် ရွေ့လျားသွားသည်။
To be continue........
ESTÁS LEYENDO
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇