"ကျွန်တော်တို့က Tsuki-chanရဲ့ သူငယ်ချင်းတွေပါ။ တွေ့ရတာ ဝမ်းသာပါတယ်။"
"အစ်ကိုလည်း တွေ့ရတာ ဝမ်းသာပါတယ်။ ရား...ငါတို့ရဲ့ Tsuki လေးက သူငယ်ချင်းတွေ အများကြီး ဖွဲ့ထားပါလား။ Shin၊ အစ်ကို့ကို မှတ်မိလား။ Kuramaလေ။"
"မှတ်မိပါတယ်။"
"မင်းတောင် လူကောင် ထွားလာပါရောလား။ အစ်ကို့ထက်တောင် အရပ်ကျော်နေပြီ။ မင်းကို စတွေ့တုန်းက လူကောင်သေးသေးလေး...."
Kuramaသည် ပြောရင်းဆိုရင်း ပွဲကြည့်စင်ဘက်သို့ ကြည့်မိရာ Taro နှင့် မျက်လုံးချင်း ဆုံသွားသည်။
"Oh..my...god...Tsuki၊ ဟိုနားက Taro ဆိုတဲ့ ကောင်လေးက မင်းနဲ့ သူငယ်ချင်းတွေဆို။"
Kurama ညွှန်ပြသော နေရာသို့ လှမ်းကြည့်ပြီး Tsuki ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ။"
"သူ့ ဖုန်းနံပါတ်လေး အစ်ကိုကြီးကို တောင်းပေးပါလား။"
"အာ...ဘာလို့လဲ။"
"တောင်းပေးပါနော်။ နော်လို့။"
".....ဟုတ်ကဲ့ပါ။"
"ကျေးဇူးပါပဲ။"
Kuramaသည် Taro တို့ဘက်သို့ လှည့်ပြီး လက်လှမ်းပြလိုက်သည်။ Taro က မြင်လျက် မမြင်ချင်ယောင် ဆောင်လိုက်သည်။
'ဘုရားရေ....ဥပေက္ခာပြုလိုက်တဲ့ပုံလေးက စိတ်ကြွချင်စရာလေး။'တစ်ယောက်တည်း အရူးတစ်ပိုင်း ဖြစ်နေသော Kuramaကို ကြည့်ပြီး Amaသည် ဘေးက Taro ကို လက်တို့ပြီး မေးလိုက်သည်။
"မင်း ဟိုနားက တစ်ယောက်ကို သိလား။ အစောပိုင်းက မင်းကို လက်ပြနေတဲ့ တစ်ယောက်လေ။"
"Tsuki ရဲ့ အစ်ကိုတဲ့။"
"ဪ၊ မင်းတို့က တွေ့ပြီးပြီပေါ့။"
"အင်း။"
Tsuki တို့နှင့် စကားပြောနေစဉ် Kuramaရဲ့ နောက်ကနေ သူ့ သူငယ်ချင်းတစ်ယောက်က Kuramaရဲ့ အင်္ကျီစကို ဆွဲလှန်ပြီး ခေါင်းကို စွပ်လိုက်ပါသည်။
"ဘယ်တွေ သွားနေတာလဲ။ သွေးပူလေ့ကျင့်ခန်း လုပ်ရတော့မယ်။ ပြန်လိုက်ခဲ့။"
"အေးပါကွာ။"
Kuramaက အင်္ကျီစကို ပြန်ချပြီး သူ့ သူငယ်ချင်းများနှင့် စနောက်ရင်း ပြန်လှည့်သွားသည်။Kuramaက သတိမမူလိုက်မိသော်လည်း သတိထားမိလိုက်သော Shinက လုံးဝ ကြောင်ထွက်သွားသည်။ Kurama၏ ခါးနားက အမာရွတ်ကို မြင်လိုက်ရသော လူတွေ ရှိသော်လည်း ပြောစရာစကား ရှာမရဖြစ်နေသူမှာ Shin ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို အမာရွတ်အကြောင်း ကောင်းကောင်း သိနေသူမှာ Kuramaနှင့် သူသာ ရှိသောကြောင့် ဖြစ်သည်။ ကိစ္စအားလုံးသည် မနေ့တစ်နေ့က ဖြစ်သွားသလို Shin ၏ ခေါင်းထဲ၌ ပြန်ပေါ်လာသည်။
.
.
.
.
.
"ငါ့အိမ် တစ်ကယ် မလိုက်ချင်ဘူးလား။ မှောင်မည်းနေပြီလေ။"
Shin သည် Tsuki ပခုံးကို ဖက်ထားရင်း မေးလိုက်သည်။ ကျောင်းဆင်းပြီးလို့ နှစ်ယောက်သား မုန့်ဆိုင်တွေ၊ စျေးဆိုင်တွေ လျှောက်လည်ပြီး၍ မှောင်နေပြီဖြစ်သည်။ သူတို့နှစ်ယောက် အိမ်မှာ သိပ်မဝေးကြသည့်အပြင် မိဘများကလည်း တစ်ရုံးတည်း အလုပ်လုပ်နေကြသူများ ဖြစ်သဖြင့် Tsuki ဟာ Shin အိမ်မှာ မကြာခဏ လာအိပ်တတ်သည်။
"အင်း။ တောင်းပန်ပါတယ် Shin-san။ အဆင်မပြေလို့ပါ။"
Tsuki ၏ မျက်နှာမှာ သွေးမရှိသလို ဖြူလျော့နေသည်။
"မင်း အဆင်ရော ပြေရဲ့လား။ နေမကောင်းသလိုပဲနော်။"
Shin က Tsuki ၏ ဘယ်ဘက်ပခုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး မေးလိုက်သောအခါ Tsuki တစ်ချက်တွန့်သွားသည်။
"အင်း။ နေကောင်းပါတယ်။"
"ကျန်းမာရေးလည်း ဂရုစိုက်ဦး။ မင်း အခုတလော ကျောင်းမှာ ခွင့်ယူတာတွေ တအား များနေသလိုပဲ။"
"စိတ်ပူပေးတာ ကျေးဇူးပါပဲ Shin-san။ ကဲ..ကျွန်တော် သွားတော့မယ်နော်။"
လမ်းခွဲရောက်၍ နှစ်ယောက်စလုံး နှုတ်ဆက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြသည်။Shin ပြောသလိုပဲ Tsuki သည် အခုတလော ခဏခဏ နေမကောင်းဖြစ်ပြီး ခွင့်ခဏခဏ ယူလာခဲ့သည်။ တစ်ခါတစ်လေ အခန်းထဲမှာတောင် မူးလဲနေတတ်သည်။ သူ့အိမ်မှာ မိထွေးက နှိပ်စက်လို့လား။ ဒါမှမဟုတ် အားနည်းနေတာကို မိဘတွေက ကောင်းကောင်း ဂရုမစိုက်နိုင်လို့များလား။ အချိန်ပြည့် ဂရုစိုက်ပေးချင်သော်လည်း အတူတူနေတာ မဟုတ်တော့ ခက်လှသည်။ စဉ်းစားရင်း စဉ်းစားရင်းနှင့် သူ့အိမ်ရှေ့သို့ ပြန်ရောက်သွားသည်။
ထူးထူးဆန်းဆန်း အိမ်ပြူတင်းပေါက်မှ အလင်းရောင် တစ်စွန်းတစ်စကိုမှ မတွေ့ရပါ။ ပုံမှန်ဆို ဒီအချိန်လောက်တွင် အဖေရော၊ အစ်ကိုရော ရုံးက ပြန်လာပြီး ထမင်းဟင်း ချက်ပြုတ်နေသင့်သည်။ သို့ပေမယ့် ဒီနေ့မှာ လူအရိပ်အယောင် မမြင်ရသည့်အပြင် အသံလည်း တစ်သံမှ မကြားရပါ။ အိမ်ပြန်နောက်ကျနေကြတာများလား။
Shin သည် သော့မခတ်ထားသော ခြံစည်းရိုးကို မြင်တော့ ထူးဆန်းနေတာ ခံစားလိုက်ရသည်။ ပြန်မရောက်သေးဘူးဆိုရင် ဘာကြောင့် တံခါးပွင့်နေရတာလဲ။ သံသယဝင်သော စိတ်များကြောင့် ခြံတံခါးကို ဖွင့်ပြီး အိမ်တံခါးမကြီးဆီသို့ လျှောက်လာခဲ့သည်။ ပိုပြီး သံသယဝင်စရာ ကောင်းအောင် တံခါးသည် အနည်းငယ် ဟနေသည်။ အဖေနဲ့ အစ်ကိုက စည်းကမ်းရှိသူတွေ ဖြစ်သည့်အလျှောက် တံခါးကို ကပျက်ကချော် ဟထားခဲ့မှာ မဟုတ်ဘူးလို့ Shin သိနေသည်။
To be continue.......
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇