အပိုင်းလေးဆယ့်တစ်

347 24 0
                                    

အပေါ်ထပ်သို့ တက်ရသော လှေကားထစ်များမှာ ယနေ့ ပိုများနေသလိုပင်။ တစ်ထစ်ပြီးတစ်ထစ်၊ ခြေထောက်တွေ ပိုမို လေးလံလာပြီး ရှေ့ဆက်မလျှောက်ချင်လောက်အောင် ပင်ပန်းနေခဲ့သည်။ နောက်ဆုံး လှေကားထစ်ကို ကျော်မလို့လုပ်နေစဉ် ကြမ်းပြင်ပေါ်သို့ သွေးစက်တစ်စက်ကျသွားသည်ကို မြင်မိသောကြောင့် ခဏရပ်လိုက်သည်။ သူ၏ လက်များကို ပြန်ကြည့်ကြည့်တော့ သွေးစသွေးနများကို မတွေ့ရပါ။ နောက်တစ်စက်က သူ့လက်ပေါ်သို့ ကျလာပြန်သည်။ ကိုယ့်မျက်နှာကိုယ် ပြန်ကိုင်ကြည့်မှ နှာခေါင်းသွေးလျှံနေမှန်း သတိထားမိတော့သည်။ လက်ချောင်းများပေါ်တွင် ပေကျံနေသော နီရဲနေသည့် သွေးများကို ကြည့်နေစဉ် ခေါင်းထဲက မိုက်ခနဲ ဖြစ်သွားပြီး သတိလွတ်သွားသည်။ အလင်းရောင်တို့ တဖြည်းဖြည်း ပျောက်သွားပြီး နာကျင်မှုတို့က ကြီးစိုးလာခဲ့သည်။
'မှောင်လိုက်တာ...။ ကြောက်တယ်...။ နာတယ်...။ စိတ်ပင်ပန်းတယ်။'
.
.
.
.
.
အသံမြည်နေသော ဖုန်းအား Shin သည် မကြည့်ချင်ကြည့်ချင်နှင့် ကြည့်လိုက်သည်။ အိမ်ဖုန်းဆိုရင် မကိုင်ဘူးလုပ်နေစဉ် Ama၏ နံပါတ် ဖြစ်နေသောကြောင့် ကိုင်လိုက်၏။
"ဘာဖြစ်...."
"Shin....အခုချက်ချင်း##ဆေးရုံကို လိုက်ခဲ့။"
စိုးရိမ်နေသော အသံဖြင့် ဆေးရုံဆိုသော စကားကို ပြောလိုက်သောကြောင့် Shin နည်းနည်း မျက်လုံးပြူးသွားသည်။
"စိတ်အေးအေးထားပါ Ama။...ဘယ်သူ ဘာဖြစ်လို့လဲ။"
"Tsuki လေ...Tsuki...လှေကားပေါ်ကနေ ပြုတ်ကျပြီး ခေါင်းထိထားတယ်။"
ရုပ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ဘဲ Shin ၏ တစ်ကိုယ်လုံး အေးခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
"သွေးတွေ အများကြီးပဲ။ မင်း မြန်မြန် လာခဲ့နော်။"
Amaသည် အလောတကြီး ပြောပြီးနောက် ဖုန်းချသွားသည်။ စက္ကန့်ပိုင်းလောက် Shin သည် လုံးဝ စိတ်လွင့်သွားသည်။ သူ ဘာလုပ်နေတာလဲ၊ သူ ဘယ်ရောက်နေတာလဲ၊ သူ ဘယ်သူလဲဆိုတာတောင် မေ့ချင်သလို ဖြစ်သွား၏။

Tsuki ဒီလို ဖြစ်သွားတာ သူ့ကြောင့်လား။...သူ သွားကြည့်သင့်ရဲ့လား။ သူ့ကို တွေ့ရင် ဘာပြောရမှာလဲ။...သွားတောင် သွားကြည့်သင့်ရဲ့လား။ သူသည် ထိုင်နေသော နေရာမှ ထရန်ပင် အတန်ကြာ တွေဝေနေခဲ့သည်။ သို့သော် Tsuki အား စိုးရိမ်သော စိတ်က နောက်ဆုံးတွင် အနိုင်ရသွားသည်။ ကားတစ်စီး အလျှင်အမြန်ငှါး၍ Ama ပြောသော ဆေးရုံဆီသို့ ရောက်သွားခဲ့သည်။

ဧည့်ကြိုကောင်တာနှင့် မနီးမဝေးတွင် Kiyoနှင့် Amaတို့နှစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် Shin သည် သူတို့ဆီသို့ အရင်လျှောက်သွားသည်။ Kiyo သည် မောဟိုက်နေသော ပုံစံဖြင့် ကိုယ်ကို ကိုင်းလျက် လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ထားသည်။ သူ့လက်တွေ တုန်နေသည်ကို အဝေးကပင် မြင်နေရသည်။ သူ၏ အင်္ကျီ အဖြူရောင်ပေါ်တွင် သွေးကွက်များက ချင်းချင်း နီနေသည်။ ၎င်းကို မြင်ပြီး Shin သည် ရင်ထဲ၌ တော်တော် တုန်လှုပ်သွားသည်။ Amaက သွေးများ ပေနေသော သူ၏ လက်ဖြင့် Kiyoကို နှစ်သိမ့်နေသလို ကျောအား ပွတ်ပေးနေသည်။

"Kiyo..."
"Shin ၏ အသံကို ကြားသောအခါ Kiyoသည် ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုကို အထင်းသား တွေ့နေရသည်။
"Shin..."
"သူ...အဆင်ပြေရဲ့လား။"
"အသက်အန္တရာယ် မရှိတော့ဘူးလို့တော့ ပြောတာပဲ။"
Amaက ဝင်ဖြေလိုက်သည်။
"မင်းတို့နဲ့ ဘယ်လိုတွေ့တာလဲ။"
"ငါနဲ့ Kiyoက မင်းအိမ်ကို အလည်လာကြတာ။...ခုတလော မင်းတို့နှစ်ယောက်ကြည့်ရတာ ထူးဆန်းနေလို့။...ငါတို့ Tsuki ကို တွေ့တော့ သူက လှေကားထိပ်မှာ။ ရုတ်တရက်ကြီး...သတိလစ်သွားပြီး......။မင်းအိမ်က လူတွေ မင်းကို ဖုန်းဆက်တယ်။ ဒါပေမဲ့ မင်းမကိုင်လို့။ တစ်ညလုံးလည်း နှစ်ယောက်စလုံးကို မတွေ့ဘူးတဲ့။ ဘယ်သွားနေကြတာလဲ။"
"ငါတို့...ကိစ္စလေးနည်းနည်း ရှိလို့ပါ။"
"ဘာကိစ္စလဲ။"
တစ်ချိန်လုံး တိတ်နေသော Kiyoက ခပ်ဆတ်ဆတ် လေသံဖြင့် ဝင်ပြောသည်။
"Tsuki-chan ရဲ့ လည်ပင်းမှာ လက်ရာကြီး တွေ့တယ်။ လက်ကောက်ဝတ် နှစ်ဖက်မှာလည်း ညိုမဲစွဲနေတဲ့ အရာတွေချည်းပဲ။...ဘာကိစ္စတွေ ရှိထားလို့လဲ။"
"Kiyo...နေပါဦး။ အဲ့ဒါတွေက Shin လုပ်တာ..."
"မဆိုင်ရင် ဝင်မပါနဲ့။"
Shin ကလည်း ခပ်တင်းတင်းပင် ဖြေလိုက်သည်။
"မဆိုင်ရင် ဝင်မပါနဲ့ဟုတ်လား...။"
Kiyoက လှောင်ပြုံးပြုံးပြီး ဆက်ပြန်သည်။
"...တာဝန်ကျတော့လည်း မယူချင်ဘဲ ငါ့ပစ္စည်းဆိုပြီး ကြွေးကြော်ချင်နေတာ...ဟာသမဆန်ဘူးလား။"
Shin က ဘာမှ ပြန်မပြောဘဲ ဆိတ်ဆိတ်နေလေသည်။ Ama သည် သူတို့ကြားက အခြေနေတွေ ဒီ့ထက် ပိုမဆိုးလာရေးအတွက် Shin အား သတိပေးသလို လှမ်းပြောလိုက်သည်။
"Shin၊ မင်း Tsuki ကို တစ်ချက်သွားကြည့်ဦး။ အခန်း ၂၀၆မှာ။ Taro နဲ့ Harue တို့ စောင့်နေကြတယ်။"
Shin သည် ခေါင်းညိမ့်ပြီး အပေါ်ထပ်သို့ တက်ရန် လှေကားဆီသို့ ထွက်သွားခဲ့သည်။

To be continue.......

တိုးတိုးလေးHikayelerin yaşadığı yer. Şimdi keşfedin