"သွားစမ်းပါ။"
ချစ်သူနှစ်ယောက် အချိုသပ်နေသည်ကို ကြည့်ရင်း FAကြီး Kiyoသည် မခံစားနိုင်တော့သည့်အဆုံး ဆိုင်ကယ်ကိုသာ ထရှာမိတော့သည်။
.
.
.
.
.
တစ်နေကုန်တစ်နေခမ်း Tsuki သည် ဘာအလုပ်မှ မလုပ်ရဘဲ စာလုပ်လိုက်၊ Shin နောက် လိုက်ကပ်နေလိုက်နှင့်သာ တစ်နေကုန်နေသည်။ Shin က ဆူပူထားသောကြောင့် ဘယ်သူကမှ Tsuki ကို တောက်တိုမရ မခိုင်းရဲကြပါ။ အလုပ်လုပ်ရတော့ ပင်ပန်းပေမယ့် မလုပ်ရပြန်တော့လည်း ပျင်းရိသလို ဖြစ်နေသည်။ Kurama နှင့် ဖုန်းပြောချင်သော်လည်း ဖုန်းနံပါတ်ကို မသိ၍ မအောင်မြင်ပါ။ နောက်ဆုံး သူ စဉ်းစားမိသော လူမှာ Kiyoဖြစ်သည်။ Kiyo၏ ဖုန်းနံပါတ်ကို သိဖို့ အရေးကတော့ သတ္တိမွေးပြီး Shin ကို မေးဖို့ပဲ ဖြစ်သည်။Shin သည်ကား ကိုယ်လက်လှုပ်ရှား ကိစ္စများ ပြီးပြီ ဖြစ်၍ ရေချိုးပြီး စာလုပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် စာကြည့်စားပွဲမှ ထပြီး Shin ဆီသို့ တရွေ့ရွေ့ လျှောက်သွားသည်။
"သခင်လေး..."
"ပြော။"
Shin က လုပ်လက်စ အလုပ်ကို ဆက်လုပ်ပြီး ပြန်ဖြေသည်။
"ဟိုလေ....Kiyo-sanရဲ့ ဖုန်းနံပါတ်လေး ပြောပြပေးပါလား။"
ရေးနေသော ခဲသားဘောပင်မှ ခဲသား ကျိုးထွက်သွားသည်။ 'Kiyo-sanရဲ့ ဖုန်းနံပါတ်လေး ပြောပြပေးပါလား'တဲ့။
"ဘာလုပ်ဖို့လဲ။"
"....စကား ပြောဖော် မရှိလို့ပါ။...ကိုကို Kuramaရဲ့ ဖုန်းနံပါတ်ကို မသိလို့ Kiyo-san နဲ့ပဲ ပြောကြည့်မလားလို့။"
Shin ၏ ရင်ထဲ၌ ဒုတိယ ပေါက်ကွဲမှု ထပ်ဖြစ်သွားသည်။ 'ကိုကို Kurama' တဲ့။ ရိုးရိုးတန်းတန်း အစ်ကိုကြီးတို့၊ အစ်ကိုတို့ လို့ပဲ ခေါ်ရင် ရရဲ့သားနဲ့ ဘာဖြစ်လို့ ကိုကိုလို့ ခေါ်နေတာလဲ။ သူ့ကို အသည်းယားအောင် တမင်ခေါ်ပြနေသလိုပင်။
"ပြောရရင် လုပ်စရာ မရှိလို့ အားယားနေတယ်ပေါ့။"
ပြောခဲ့မိသည်မှာ မှားသွားကြောင်း သိ၍ Tsuki သည် နောက်ဆုတ်ရန် ကြိုးစားရတော့သည်။
"တောင်းပန်ပါတယ်။ သခင်လေး မအားရင် မမေးတော့ပါဘူး။ အလိုက်ကမ်းဆိုး မသိမိလို့ တောင်းပန်ပါတယ်။"Shin သည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
"အင်္ကျီလဲ။ အပြင်သွားမယ်။"
"ညဘက် ရောက်နေပြီလေ။ ဘယ်သွားမလို့လဲ။"
"ဘယ်တုန်းက ငါ့ကို ဒီလို ပြန်မေးတတ်သွားပါလိမ့်။"
"တောင်းပန်ပါတယ်။ အခုချက်ချင်း ပြင်လိုက်ပါ့မယ်။"
တစ်ချက်လွှတ် အမိန့်ကို ကြားပြီးသောအခါ Tsuki သည် ကပျာကယာနှင့် စတင် ပြင်ဆင်ရတော့သည်။ ည ၇ နာရီကျော်မှ ဘယ်ကို သွားဖို့ စိတ်ကူးပေါက်တယ်ဆိုတာ ခန့်မှန်းလို့မရပါ။အဝတ်အစားလဲပြီးသည်နှင့် အိမ်ကနေ ကားနှင့် တန်းထွက်လာကြသည်။ အပြင်၌ ရာသီဥတုက အေးစိမ့်စိမ့် ဖြစ်နေပြီ ဖြစ်သည်။
"ဟက်ချိုး!"
ပြူတင်းပေါက်မှ ဖြတ်သန်းတိုက်ခတ်လာသော လေများကြောင့် Tsuki နှာချေလိုက်သည်။
"အေးရင် ပြူတင်းပေါက် ပိတ်လိုက်ပါလား၊ ပဲပင်ပေါက်ခေါင်းရဲ့။"
"တောင်းပန်ပါတယ်။"
Tsuki သည် ကပျာကယာနှင့် ကားပြူတင်းပေါက်ကို ပိတ်လိုက်သည်။ ဘယ်သွားနေမှန်း မသိသော်လည်း ကားသည် မြို့ထဲက လူစည်သော နေရာသို့ ဝင်ရောက်လာခဲ့သည်။ကားကြပ်နေသော မီးပွိုင့်တစ်ခုတွင် Shin က နေရင်းထိုင်ရင်း ဤကဲ့သို့ ထပြောသည်။
"နောက်ခန်းကို လာခဲ့။"
"ဗျာ...ခဏလေးနော်။...မီးပွိုင့်ကျော်သွားရင် ပြောင်းထိုင်ပေးပါ့မယ်။"
"အခုချက်ချင်းလာ။"
"အမ်....ဟုတ်...ဟုတ်ကဲ့။"
သုံးနှစ်အရွယ် ကလေးလို လိုချင်တာကို မရမက ခိုင်းနေသော Shin အား ဒါရိုင်ဘာ ဦးလေးကြီးပင် စိတ်ဓာတ်ကျမိသည်။ခုံနှစ်ခုကြားက ကျဉ်းကြပ်လှသော နေရာလေးကြားမှ Tsuki သည် နောက်ခန်းသို့ သွားဖို့ ကြိုးစားရလေသည်။ ကားက ရုတ်တရက် ရွေ့လျားသွားသဖြင့် ခြေမခိုင်သော Tsuki သည် Shin ၏ ရင်ခွင်ထဲသို့ အချိန်ကိုက် တန်းရောက်သွားသည်။ သူ့အတွက်တော့ အချိန်ကိုက် ဆိုပေမယ့် တစ်ယောက်သောသူအတွက်တော့ ကြိုတင် ကြံစည်ထားခြင်း ဖြစ်သည်။
"တောင်းပန်ပါတယ် သခင်လေး။"
"စကားတွေ အများကြီး ပြောမနေနဲ့။ တိတ်တိတ်နေ။"
"ဟုတ်ကဲ့။"ဂိမ်းဆိုင်တစ်ခုရှေ့တွင် ကားရပ်လိုက်သည်။ ညဘက်ရောက်နေပြီ ဖြစ်သော်လည်း Tsuki တို့နှင့် သက်တူရွယ်တူတို့မှာ ပျော်တုန်းရွှင်တုန်းဖြစ်သည်။ အမျိုးအစား စုံလင်လှသော ဂိမ်းစက်များကို ဆိုင်ရှေ့ကနေ လှမ်းမြင်နေရသည်။ တစ်ခါမှ မရောက်ဖူးသော နေရာဖြစ်သဖြင့် Tsuki သည် ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသည်။ ဒါရိုင်ဘာ ဦးလေးကြီးအား ဖုန်းဆက်မှ ပြန်လာကြိုရန် မှာပြီး ပြန်လွှတ်လိုက်သည်။
"အဲ့ဒီလောက် ပြူးပြဲကြည့်နေတာ တစ်ခါမှ မရောက်ဖူးဘူးလား။"
"...ဟုတ်ကဲ့။"
"တောသားပဲပင်ပေါက်ပဲ။ နောက်က လိုက်ခဲ့။"
"ဟုတ်ကဲ့။"Shin သည် Tsuki ကို ဆိုင်ထဲသို့ ခေါ်သွားပြီး ကစားနည်း အကုန်လုံးနီးပါး စုံအောင် သင်ပြပေးသည်။ သို့သော်လည်း Tsuki သည် အကုန်လုံးကို game over ဖြစ်အောင်က လွဲ၍ မဆော့တတ်ပါ။
To be continue.......
YOU ARE READING
တိုးတိုးလေး
Romanceရေးဖို့ကြိုးစားနေတာကြာပါပြီ😔 အခုမှရေးဖြစ်တာပါ ဇာတ်လမ်းလေးကအစမှာဇာတ်ရှိန်တော်တော်ယူထားရလို့ပျင်းစရာဖြစ်နေပါလိမ့်မယ် နောက်ပိုင်းမှာတော့18+လေးတွေပါလာပါမယ်😇