Chapter 31

2.3K 455 40
                                    

Zawgyi

Happy New Year!!!
Chapter 31
('ပုဆိန်'က သတိမရတော့ပေမယ့် 'သစ်ပင်'က မမေ့နိုင်ခဲ့ဘူး)*

[T/N]
တစ်ဖက်သားကိုတစ်စုံတစ်ရာ(နစ်နာစေတဲ့ကိစ္စမျိုး)
ပြုလုပ်ခဲ့တဲ့သူက သူလုပ်ခဲ့မှန်းတောင်သတိမရတော့ပေမယ့် ခံလိုက်ရတဲ့သူကတော့ တစ်သက်မမေ့နိုင်ခဲ့ဘူး ဆိုတဲ့အဓိပ္ပါယ်ပါ။
...................

သူ ကျွင်းပိုင်ချန်ဘဝကနေပြီး အခုထိတိုင် အချိန်ဘယ်လောက်ကြာအောင် ဒီလူကိုစောင့်ခဲ့ရသလဲ။
မြေအောက်ကမ္ဘာကိုရောက်လာတဲ့ဝိဥာဏ်တိုင်းကို ထိုသူဟုတ်နိုးနိုးဆိုတဲ့မျှော်လင့်ချက်လေးနဲ့သွားကြည့်ခဲ့တယ်။
တစ္ဆေဂိတ်ဝမှာ သူအမြဲစောင့်နေခဲ့တယ်။
ရာသီ ဘယ်လောက်ပြောင်းပြောင်း ထိုသူနဲ့ပတ်သတ်နဲ့သူ့မှတ်ဥာဏ်တွေ မနေ့တစ်နေ့ကလိုရှင်းရှင်းလင်းလင်းရှိနေခဲ့တယ်။

ပုဆိန်က မေ့မေ့ပျောက်ပျောက်ရှိနေခဲ့ပေမယ့် သစ်ပင်ကတစ်သက်မမေ့နိုင်ဘူးဆိုသလိုပေါ့။
သူချစ်ရတဲ့သူကို တစ်ချိန်မှာ ဝိဥာဏ်အဖြစ်နဲ့ပြန်မြင်နိုင်လိမ့်မယ်၊ထိုသူ ပြန်လည်မွေးဖွားခြင်းတံခါးထဲဝင်သွားတာကိုကြည့်နိုင်မယ် ဆိုတဲ့မျှော်လင့်ချက်ရေးရေးကိုဖက်တွယ်ထားပြီး အခုလိုသံသရာစက်ကွင်းကနေလွတ်မြောက်ဖို့ရာကမ်းမမြင်တဲ့ agentအလုပ်ကိုရွေးချယ်ခဲ့တာ။

ဒါပေမယ့် နှစ်တွေမရေတွက်နိုင်အောင်ကုန်ဆုံး သွားသည်အထိတစ်ကြိမ်လေးတောင် မတွေ့ခဲ့ရပေ။

မျှော်လင့်ချက် မဲ့လွန်းပါတယ်။
သူ့အမေပြောခဲ့ဖူးတယ် ....လူတစ်ယောက်ဟာ အချစ်မှာကျရှုံးသွားပြီဆိုရင် သူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို ထိုသူ့အတွက်ပေးဆပ်လေ့ရှိတယ်တဲ့။
သို့ပေမယ့် ကျွင်းပိုင်ချန်အတွက်ကတော့ ဘဝတစ်လျှောက်လုံးလူတစ်ယောက်ကိုဘဲ စွဲစွဲမြဲမြဲချစ်ခဲ့ကာ၊သူ့ဘဝမှာ ထို့သူ့အပေါ်ထားတဲ့အချစ်တွေကလွဲပြီး ဘာမှမကျန်တော့သည်အထိကို အကုန်ပေးဆပ်ခဲ့သူဖြစ်သည်။

ဒါပေမယ့် သူ လီပိုင့်ကိုအဲ့ဒီကမ္ဘာထဲကထွက်နိုင်အောင်ကူညီပေးပြီးတာနဲ့ အကုန်လုံးကိုလက်လျော့လိုက်တော့ဖို့ဆုံးဖြတ်ထားခဲ့တာ။
ဒီလို လက်လျော့လိုက်တော့ဖို့စဉ်းစားထားသည့်အကြောင်းကိုလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပေ။
နောက်ဆုံး ကျောက်စိမ်းဧကရာဇ်ကိုတောင်မှအသိမပေးရသေး။
လီပိုင်ရဲ့အယူအဆတွေက သူ့ကို စိတ်ကူးယဉ်ကမ္ဘာထဲမှ နိုးထစေခဲ့သည်။
သူကိုယ်တိုင်လည်းနောင်တ,တရားထဲနစ်မြုပ်မနေချင်ပေ ဒါပေမယ့် အရာအားလုံးနောက်ကျနေခဲ့မှတော့သူဘာတတ်နိုင်မှာတဲ့လဲ?
သူ့ဝိဥာဏ်ကို ထာဝရဖျက်ဆီးပစ်လိုက်ရင်ရော သက်သာရာရလေမလား?

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now