Zawgyi
Chapter 18
နဖူးထက်ကအကြင်နာ အနမ်းAgent 013 မြေအောက်လောကကို ရတက်မအေးစွာပြန်ရောက်လာခဲ့သည်။
သူ့ရုံးခန်းတံခါးကိုဖွင့်,ဖွင့်ချင်းမြင်လိုက်ရသည်က အာလူးကြော်အိတ်ခွံများ၊အအေးဘူးခွံများနှင့်ပွစာကျဲနေသည့် မြင်ကွင်းပင်။
လီပိုင်နဲ့ စက္ကန့်မလပ်အဆက်အသွယ်ရှိနေသင့်သည့်တရားခံမှာတော့ အမှိုက်များအလယ်ကိုယ့်အိမ်ကိုယ့်ယာလိုတခူးခူးတခေါခေါနှင့်အိပ်ပျော်နေရှာ၏။Agent013 သူ့ရှေ့ကမြင်ကွင်းကြောင့်လေဖြတ်ချင်သလိုပင်ဖြစ်သွားရကာ စိတ်လွတ်ကိုယ်လွတ် အိပ်ပျော်နေသည့် agent 036၏အနားကိုသွားပြီးနားရွက်ကိုနာနာလိမ်ဆွဲလိုက်တော့သည်။
"အိုး!နာတယ် နာ နာ နာ....§"
Agent036မှာ ရုံးခန်းထဲမှ စင်္ကြံတစ်လျှောက်လုံးကို နားရွက်မှဆွဲခေါ်ခြင်းခံလိုက်ရတော့သည်တည့်။
တခြားagentတွေမှာ ဒီမြင်ကွင်းကိုမကြည့်ဘဲမနေနိုင်ပေ။
သေချာသည်ကတော့ agent016နားရွက်ကဆွဲခေါ်ခံရတဲ့သတင်းဟာ သူတို့ဌာနရဲ့အဟော့ဆုံးသတင်း
ဖြစ်လာတော့မည်ပင်။
Agent036မှာ သူ့ချစ်သူလေးရုံးခန်းအထိကိုနားရွက်ကဆွဲခေါ်ခြင်းခံလိုက်ရသည်။"ဆယ့်ခြောက် ငါမင်းရဲ့အိမ်မွေးခွေးကိုခေါ်လာတယ်"
Agent013မှာ ရုံးခန်းတံခါးကိုခေါက်ရင်းဆို၏။Agent 016မှာ ချက်ချင်းရုံးခန်းတံခါးကိုထဖွင့်ပေးလိုက်ရာ သူ့အထက်လူကြီးကိုယ်တိုင် နားမှဆွဲခေါ်လာခြင်းခံရသည့်ချစ်သူကိုမြင်လိုက်ရလေသည်။
သူချက်ချင်း agent013ကိုကျေးဇူးတင်စကားဆိုလိုက်ကာ သူ့ချစ်သူကိုရုံးခန်းထဲဆွဲသွင်းလိုက်ပြီး တံခါးကိုပိတ်လိုက်၏။
ထို့နောက် ပြသနာရှာလွန်းသူအားဗိုက်ကြောလိမ်တော့လေသည်။ခဏအကြာမှာတော့ agent036ရဲ့ အော်သံနက်ကြီးနှင့်တောင်းပန်အသနားခံသံစူးစူးဟာ ရုံးခန်းအ
ပြင်အထိ ပြန့်လွင့်လို့လာတော့သည်။
ဆယ့်သုံး ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး သူ့ရုံးခန်းထဲပြန်ကာ လီပိုင်၏အခြေအနေကိုစစ်ဆေးတော့သည်။လူငယ်လေးအေးချမ်းစွာအိပ်ပျော်နေသည်ကိုမြင်မှ သူအေးသွားကာ သက်ပြင်းဖွဖွချမိသည်။
လီပိုင်အဆင်ပြေတာသေချာမှ သူpointနဲ့တခြားအချက်အလက်တွေစစ်ကြည့်လိုက်ရာ pointတွေဈေး
ကြီးပေးဝယ်ရတဲ့ special itemတွေရောက်နေ
ကြောင်းတွေ့လိုက်ရတော့၏။
YOU ARE READING
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...