Zawgyi
Chapter 14
မုချန်၏အကြံပေးချက်"ဘုရားရေ!မင်း ညကြီးအချိန်မတော်ဘာလာလုပ်တာလဲ"
မုချန် သူ့အိမ်ထဲအမြစ်ဆွဲနေသည့် သစ်ပင်လူသား
ကြီးကိုကြည့်ကာ နောင်တ,တရားတွေတဖွားဖွားဖြစ်ပေါ်လို့လာသည်။
ဘယ်လက်က အိမ်တံခါးဖွင့်ပေးမိတာလဲ ?..လာစမ်း ခုတ်ဖြတ်ပစ်မယ်!
ငါဒီနေ့ အချိန်ပိုဆင်းနေရလို့ ဆေးရုံကနေ မနက်1နာရီထိုးမှပြန်ရောက်တာလေ နည်းနည်းလေးနားခွင့်ပေးပါဦး မကောင်းဘူးလား?
ငါ အိပ်ဖို့လုပ်နေကာမှ မင်းကရောက်လာပြီးကြက်ငို င်,ငိုင်ပြနေတယ် ရှန်းလျန်ကျွင်းရာ ရှန်းလျန်ကျွင်း မင်းတော်တော်ရက်စက်တာဘဲကွ!မုချန် သူ့မျက်မှန်ကိုပင့်တက်လိုက်ရင်း တစ်ဖက်သူကို ချော့ကလက်ချိုချိုလေးတွေချပေးကာ မှိုင်ငိုင်နေရသည့်အကြောင်းအရာကိုမေးလိုက်သည်။
ရှန်းလျန်ကျွင်း မျက်နှာမှာပြိုတော့မည့်မိုးလိုသုန်မှုန်မှိုင်းညို့လို့နေ၏။
"ကောင်လေးက ငါ့ကိုကြောက်နေတယ်"'အိုး မယ်တော်သစ်ပင်!ဒီကောင် ကျွန်တော့်ကိုအချိန်မတော်လာနှိုးတာ သူ့အချစ်လေးနဲ့ကတောက်ကဆဖြစ်လို့တဲ့! ဒီကောင့်ကိုလည်ပင်းမညှစ်မိအောင် ထိန်းချုပ်နိုင်စွမ်းများပေးသနားတော်မူပါ'
မုချန် ဟန်ဆောင်ပြုံးကြီးဖြင့် ခွက်ထဲလက်ဖက်ရည်ငှဲ့ပေးကာ မေးသည်။
"ဆိုတော့ကာ... မင်း လီပိုင်ကိုတစ်ခုခုလုပ်မိလို့လား?""ငါသူ့ကိုသတ်မိတော့မလို့..."
မုချန် ပါးစပ်ထဲမှလက်ဖက်ရည်များထွေးထုတ်မိသွားတော့သည်။
မင်းပြောပုံအရဆို ဒီကိစ္စကသေးသေးလေးမှမဟုတ်တာကွ!
ငါသာလီပိုင့်နေရာမှာဆို မင်းကိုစိတ်ဆိုးရုံဘဲ စိတ်ဆိုးမှာမဟုတ်ဘူးသိလား..ရှန်းလျန်ကျွင်းမှာ သူ့လုပ်ရပ်ဘာမှားသွားသလဲပြန်တွေးမည့်လူစားမျိုးမဟုတ်ပေ။ထိုအစား တစ်ဖက်သူစိတ်ဆိုးနေခြင်းအပေါ်သာ ထိုင်ပြီးစိတ်မကောင်းဖြစ်နေပေလိမ့်မည်။
သူငယ်ချင်းအရင်းခေါက်ခေါက် ဖြစ်နေသည့် သူလိုလူတောင်မှ ရှန်းလျန်ကျွင်းရဲ့စဉ်းစားပုံစဉ်းစားနည်းမှာမှားယွင်းနေကြောင်းလက်ခံရလေသည်။
ESTÁS LEYENDO
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...