Zawgyi
Chapter 12
System Agent 36Agent013ဟာသူ့အလုပ်စားပွဲကိုဒေါသတကြီးရိုက်လိုက်ပြီး
"ပင်မsystem! ဒါက ဘာအဓိပ္ပါယ်လဲ!?"ပင်မsystemကြီးဟာ သူ့ရဲ့စက်လုံးသဏ္ဍာန်ကိုယ်ထည်ကို agent013ရှေ့က လေထဲတွင် လူးလှိမ့်
ပြနေပြီး တ'ယင်း,ယင်း'* အသံထွက်ပြီးငိုပြနေ၏။
သူ့ကြောင့် Agent013နှင့်လီပိုင်မှာရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားလေသည်။
ပင်မsystemကြီးမှာ ဆယ့်သုံးက သူ့ကိုတကယ်ကြီးစိတ်ဆိုးသွားမှန်းသိတာကြောင့် လေထဲတွင်လူးလှိမ့်ပြရင်းအလွန့်အလွန်သနားစရာကောင်းအောင်သာ အော်ငိုနေပြလိုက်တော့သည်။Agent013မှာတော့ သွေးများဆောင့်တက်လာသောနားထင်ကိုနှိပ်၍ဒေါသများကိုချိုးနှိမ်လိုက်ရသည်။
'ငါတော့ ဒီကလေးဆန်လွန်းတဲ့ဘော့စ်တစ်ယောက်နဲ့ ဘယ်သောအခါမှအပေးအယူမျှမယ် မထင်တော့ပါဘူးကွာ!'
သူagentအဖြစ်အလုပ်ဝင်ကာစမှာ ဘာကြောင့်များသူ့ရှေ့ကစီနီယာ12ယောက်လုံး အလုပ်ထွက်စာတင်သွားရသလဲ နားမလည်နိုင်ခဲ့ပေ။ယခုတော့ ထိုစီနီယာများ၏ ခံစားချက်ကိုလုံးဝ(လုံးဝ)နားလည်နိုင်ခဲ့
ပြီ။Agent 013မှာအတင်းစိတ်ကိုလျှော့ပြီး
"ငိုမနေနဲ့တော့....ကျွန်တော်ဒေါသမထွက်ပါဘူး"ချက်ချင်း သူ့ရှေ့မှအမွှေးပွဘောလုံးလေးဟာ လူးလှိမ့်ငိုယိုနေခြင်းကို ရပ်လိုက်ပြီး AI မျက်နှာပြင်ပေါ်ရှိတဖျတ်ဖျတ်လင်းနေသည့် အဝါရောင်အလင်းစက်လေး ကိုပြရင်းဆို၏။
"ကျောက်စိမ်းဧကရာဇ်က မင်းကိုဆင့်ခေါ်ထားတယ်"Agent 013မှာရုတ်တရက်ကြားလိုက်ရသည့်စကားအပေါ် အံ့သြတုန်လှုပ်သွားရ၏။
ကျောက်စိမ်းဧကရာဇ်ဆိုသည်က ကောင်းကင်ဘုံတစ်ခုလုံးကိုအုပ်ချုပ်နေရသည့်အကြီးအကဲမဟုတ်လား။
ဒီလိုမျိုးကြီးကျယ်မြင့်မြတ်လှပါတဲ့ဧကရာဇ်ကြီးက သူ့လို မြေအောက်လောကအတွက် အမှုဆောင်ပေးနေတဲ့သေးနုပ်လှတဲ့ system agentတစ်ယောက်ကို ဆင့်ခေါ်တယ်ဆိုတော့?အမွှေးပွဘောလုံးသဏ္ဍာန်ခန္ဓာနှင့် ပင်မsystemကြီးမှာAgent013၏ခေါင်းပေါ်တွင်နေရာယူလိုက်ပြီးစကား'စ'၏
"ကြည့်ရတာ မင်းနဲ့လီပိုင် နှစ်ယောက်စလုံးနဲ့ပတ်သက်တာတစ်ခုခုဖြစ်လိမ့်မယ်ထင်တယ်။ဒါပေမယ့်ဘာမှမစိုးရိမ်နဲ့ ဒီအကြီးအကဲကမင်းနဲ့အတူလိုက်မှာပါ~"
BẠN ĐANG ĐỌC
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
Lãng mạnOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...