Zawgyi
Chapter(2)
"လက်ခံမည်"အားရွေးချယ်ခြင်းလီပိုင်ဟာ ယိုယွင်းဆွေးမြေ့နေတဲ့အဆောက်အဦးများနှင့် ကျိုးပဲ့ပျက်စီးကာ ဖုန်တထောင်းထောင်းထနေတဲ့လမ်းမများကိုငေးကြည့်နေမိသည်။
ဇွန်ဘီတွေမရှိတာကို ချွင်းချက်ထားဦးတော့ ဒီနေရာတစ်ခုလုံးဟာ ကမ္ဘာပျက်နေသကဲ့သို့ပရမ်းပတာနိုင်လှ၏။
ခပ်ဝေးဝေးမှလဲ သေနပ်သံတွေ ဗုန်းပေါက်ကွဲသံတွေကြားနေရသေးသည်။ခြေချထားသည်ကမ္ဘာမြေကြီးမှာလဲ ခဏပြီးခဏ လှုပ်ရမ်းလို့နေ၏။
အဆောက်အအုံများမှာလဲ ကြံကြံခံနိုင်ခြင်းငှါမစွမ်းသာတော့ဘဲ တဖြည်းဖြည်းယိုင်နဲ့ပြိုလဲကျကုန်တော့သည်။ကျည်ဆံများမှာ သူ့မျက်နှာအနီးမှဖြတ်သန်းသွားကြ
ပြီးအနောက်မှ နံရံကြီးကိုပြိုလဲကျသွားစေသည်။
ပြိုကျလာတဲ့အုပ်ခဲများက သူ့ဆီသို့လွင့်စင်လာတာကြောင့် ဘေးကိုအချိန်မှီလေးကပ်ရှောင်လိုက်ရ၏အကျွမ်းတဝင်မရှိသည့်နေရာစိမ်းဖြစ်နေသည်မို့ လီပိုင် မှန်းဆကာ လမ်းကျဉ်းလေးများကိုအရဲစွန့်ပြီးဖြတ်လာရသည်။သူ့အတိတ်ဘဝက ဒုက္ခဆိုတာဘာလဲမေးယူရလောက်အောင် အေးအေးဆေးဆေးနေခဲ့ရသည့်အတွက် သူ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ လက်ရှိအခြေအနေနှင့်လုံးဝ မအပ်စပ်လှပေ။
ရုတ်တရက်သူ့စိတ်ထဲမှ Agent013ဟုထင်ရတယ့် အသံလှိုင်းတစ်ခုကိုကြားလိုက်ရသည့်အတွက် အဆက်အသွယ်ရရန်ကြိုးစားလိုက်သည်။
"System?system?ဘော့စ်?Agent 013? ရှီဖော်?""....."
ထိုအသံလှိုင်းမှာ မှေးမှိန်ပျောက်ကွယ်ကာ ငြိမ်ကျသွားပြန်သည်။လီပိုင် အထိတ်တလန့်ဖြစ်သွားရကာ လျှောက်သွားနေခြင်းကိုရပ်လိုက်၏။
ဒီလိုထူးဆန်းတဲ့နေရာကြီးမှာ တစ်ယောက်ထဲဖြစ်နေတယ်ဆိုတဲ့အတွေးကသူ့ကိုကသိကအောက်နဲ့မသက်သာမှုကိုခံစားရစေသည်။သူ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးဘေးကင်းစွာပုန်းနိုင်မည့်နေရာတစ်ခုကိုရှာလိုက်သည်။
သူတွေ့လိုက်တဲ့အိမ်လေးက တောင့်တောင့်တင်းတင်းရှိလိမ့်မယ်လို့တော့ထင်တာဘဲ ။
သူယဉ်ကျေးသမှုဖြင့်အိမ်တံခါးကိုခေါက်လိုက်ကာ ခပ်မြန်မြန်အထဲသို့ဝင်လိုက်၏။
ESTÁS LEYENDO
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...