Chapter 1

10.1K 890 22
                                    

Zawgyi:

Chapter (1)
သေခြင်းတရားကတကယ်ခံစားလို့ကောင်းတာဘဲ

"အဘိုး!အဘိုး!"

တဖြည်းဖြည်းနဲ့ သူ့အာရုံငါးပါး၏လုပ်ဆောင်မှုတွေဟာ တစ်ခုပြီးတစ်ခုရပ်ဆိုင်းသွားတော့သည်၊၊ ပထမဆုံး သူ့နှုတ်ခမ်းတွေကဖွင့်လို့မရတော့ လျှာတစ်ခုလုံးမှာလဲထုံကာလှုပ်ရှားလို့မရတော့ပေ၊၊

သေဆုံးခါနီး သူ့ဘေးပတ်လည်မှာရှိနေတဲ့ကလေးတွေကိုနှစ်သိမ့်မပေးနိုင်တော့။ အဲ့ဒီနောက်မှာတော့ သူ့အမြင်အာရုံတစ်ခုလုံးအမှောင်ကျသွားတော့သည်၊၊ သိမ်မွေ့တဲ့အဖြူရောင်အလင်းတန်းတစ်ခုဟာသူ့မျက်ဝန်းရှေ့ဖြတ်ပြေးသွားတာကြောင့်မျက်တောင်တွေကိုခပ်ဖြေးဖြေးဖွင့်လိုက်မိသည်။

တောက်ပလာတဲ့အလင်းနှင့်အတူ ပတ်ဝန်းကျင်ရှိပူဆွေးငိုကြွေးသံတွေဟာ မှေးမှိန်လာပြီး နွေးထွေးမှုတစ်ခုဟာ သူ့အေးစက်စက်ခန္ဓာကိုလွှမ်းခြုံလာပြီး အကြားအာရုံ အထိအတွေ့အာရုံတို့်ကိုပျောက်ကွယ်သွားစေတော့သည်။

အဲ့ဒီခဏမှာဘဲ လီပိုင်ဟာ သေခြင်းတရားဆိုတာထင်သလောက်ကြောက်ဖို့မကောင်းဘဲ ခံစားရတာတောင်ကောင်းသေးသည်ဟုတွေးမိလေသည်၊၊ ရုတ်တရက် ထွက်ပေါ်လာတဲ့အမျိုးသားအသံကြောင့် သူလန့်ဖျပ်သွားရ၏၊၊

"မင်း မတရားသေဆုးံခဲ့ရတယ်ဆိုရင် ရဲရဲဝံ့ဝံ့နဲ့ဖြစ်ကြောင်းကုန်စင်ကိုပြောပြဖို့အကြံပေးချင်တယ်"

"ဘာရယ်!?"လီပိုင်ထထိုင်လိုက်မိသည်
ခုသူ့ကိုစကားပြောနေတာ ဘုရားသခင်ဆိုတာများလား?

သူမျက်လုံးဖွင့် ဖွင့်ချင်းမြင်လိုက်ရသည်က သန့်ရှင်းသပ်ရပ်မှုကိုပေးစွမ်းနေသည့် အညိုဖျော့ဖျော့ဘောင်းဘီရှည်နှင့် တောက်ပြောင်နေသည့်အနက်ရောင်ရှူးဖိနပ်ကိုဖက်ရှင်ကျကျဝတ်ဆင်ထားသည့် ကျစ်လျစ်သွယ်လျနေသောခြေတံတစ်စုံဖြစ်သည်။

ကြည့်လိုက်မိတော့ သူ့အနားတွင်အမျိုးသားတစ်ယောက်ရှိနေ၏၊၊ ထိုသူ၏ကျဉ်းမြောင်းစူးရှလှသော မျက်ဝန်းပြာတစ်စုံထက်တွင် တဖျတ်ဖျတ်လက်နေသည့် ငွေရောင်ကိုင်းကွပ်မျက်မှန်တစ်လက်ကနေရာယူထားသည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now