Chapter 24

3.1K 557 88
                                    

Zawgyi
Chapter 24
ခိုင်ဖုန်းကအန္တရာယ်များလွန်းတယ်!

ခိုင်ဖုန်းတစ်ယောက် ဆွဲဆောင်မှုတို့ပြည့်လျှံလန်ထွက်နေသည့်အက်ရှရှလေသံဖြင့် လီပိုင့် နား,နားကပ်ကာစကားဆို၏။
"လီပိုင်.....အခု ကိုယ်နဲ့မင်း နှစ်ယောက်ထဲဘဲရှိတော့တယ်။
ဒီတော့......ကိုယ်နဲ့အတူတူ အိပ်ရာပေါ်မှာအချိန်ဖြုန်းချင်လား ဒါမှမဟုတ် အရင်တစ်ခေါက်ကလို baseအပြင်ကိုထွက်လည်ကြမလား?"
ထို့နောက် ယုန်ငယ်လေးလီပိုင်မှာ ဝံပုလွေကြီး၏လက်ထဲအချုပ်ခံလိုက်ရပြီး နားဖျားလေး အလျက်ခံလိုက်ရတော့သည်။

လီပိုင်မှာ ခိုင်ဖုန်းရဲ့ဗွင်းဗွင်းရှင်းရှင်းစကားကြောင့်ကြက်သေ,သေသွားရ၏။
ခိုင်ဖုန်းမှာ ရှန်းလျန်ကျွင်း နဲ့မတူ။
သူ့'အချစ်'ကို ဖော်ပြရာတွင်လဲ ပိုးခြင်းပန်းခြင်းမရှိ။
ဗြောင်ကျ,ကျ 'ငါမင်းကိုကြိုက်တယ်၊လာအိပ်ရာပေါ်သွားကြမယ်'ဟုပြောသည့်လူစားမျိုးပင်။
ဒီလို လူစားမျိုးက သူ့အပေါ် 'ချစ်မေတ္တာ လယ်ဗယ်'တွေ စောက်ရမ်းမြင့်နေမယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့?

လီပိုင် 'special filter' ကိုသုံးပြီး ခိုင်ဖုန်းကိုကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကိုယ့်မျက်လုံးကိုပင်မယုံနိုင်ဖြစ်သွားရ၏။

Target: ခိုင်ဖုန်း
စိတ်ဝင်စားမှု လယ်ဗယ်: 30%
ချစ်မေတ္တာ လယ်ဗယ်: -30%

"Systemရေ အနုတ်လက္ခဏာကြီးပြူးနေတာဘာသဘောလဲဟင်?သုညထက်ကိုနိမ့်နေတယ်လို့်တော့မပြောနဲ့နော်!"

Agent 013မှာ မျက်မှောင်ကြုပ်လိုက်ပြီးဆိုသည်
" လူတစ်ယောက်ကို 'ချစ်တာ' နဲ့ 'စိတ်ဝင်စားတာ' ကမတူဘူး။ 'စိတ်ဝင်စားမှု လယ်ဗယ်'ဆိုတာက ရှင်းရှင်းပြောရရင် စိတ်ကစားတာနဲ့တူတယ်။အချိန်မရွေး နောက်တစ်ယောက်ကိုပြောင်းကြိုက်သွားနိုင်တယ်။ချစ်မေတ္တာ လယ်ဗယ် မြင့်နေမှအာမခံချက်ရှိမှာ။
အနုတ်လက္ခဏာတွေပါလာရင် အခြေအနေကမတူတော့ပြန်ဘူး။
'စိတ်ဝင်စားမှုလယ်ဗယ်'မှာ အနုတ်ပြတာကောင်းပေမယ့် 'ချစ်မေတ္တာလယ်ဗယ်'မှာ အနုတ်ပြနေရင်တော့ မုန်းတဲ့သဘောကိုသက်ရောက်သွားပြီ"

013ကိုယ်တိုင်မှာလဲ ခိုင်ဖုန်းဘာကြောင့် လီပိုင်ကိုမုန်းနေသလဲ မခန့်မှန်းတတ်တော့ပါပေ။
-30%ဆိုတာ နည်းတဲ့ပမာဏမှမဟုတ်တာ။
ပြီးတော့ 'ချစ်မေတ္တာ လယ်ဗယ်'ဘားတန်းမှာမှ အနုတ်ကပြနေသတဲ့!!!

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Donde viven las historias. Descúbrelo ahora