Chapter 46

2.1K 326 15
                                    

Zawgyi

Chapter 46
(ဒယ်ဒီနဲ့ပါး)

ကျွင်းပိုင်ချန်သည် သူ့ဘဝကိုစက်ရုပ်တစ်ရုပ်လိုရှင်သန်နေထိုင်ခဲ့၏။
သို့ပေမယ့် ယခုသူ့ဘဝထဲ သူ့ဘော့စ်ယွီယွီပါ ဝင်ရောက်ပတ်သတ်လာပြီဆိုတော့ ထိုသို့ဆက်လက်နေထိုင်၍မရတော့ပေ။
ထိုအမျိုးသားက ခွာချလို့မရတဲ့ခွေးပေါက်လေးနှင့်တူလှသည်။
အမြဲ သူ့ပါးပေါ်အနမ်းတွေခြွေတတ်ပြီး သူပင်ပန်းလာသည့်အချိန်တိုင်းလည်း ချဉ်ဖြုံ့ဖြုံ့သကြားလုံးအမျိုးမျိုးကိုလက်ဆောင်ပေးတတ်သေးသည်။
ကောင်းကင်ဘုံမှနတ်ဘုရားများကတော့ သူဟာ ယွီဟွမ်ကွမ်းရဲ့ချစ်သူအဖြစ် မလျော်ကန်မထိုက်တန်ကြောင်းကို အကြိတ်အနယ်အတင်းစကားဆိုခဲ့ကြသည်။

ဘယ်သူတွေဘယ်လိုဘဲ ကဲ့ရဲ့ရှုံ့ချကြပါစေ ကျွင်းပိုင်ချန်ကတော့ဂရုမစိုက်။
သူ့ဘဝကို နောက်တစ်ကြိမ်အသက်ဝင်စေခဲ့တဲ့ ဒီအမျိုးသားကိုလက်လွှတ်ပေးဖို့ဆိုတာလုံးဝမဖြစ်နိုင်။
agent016နဲ့036ကတော့ သူတို့သူငယ်ချင်းအပေါ် သူတို့ဘော့စ်ရဲ့မောင်ပိုင်စီးမှုကြောင့် အနားမကပ်နိုင်ဘဲခပ်ဝေးဝေးရှောင်နေကြရ၏။
ကျွင်းပိုင်ချန်က သူ့အကြောင်းသူကောင်းကောင်းသိပါ၏ သူနဲ့ယွီဟွမ်ကွမ်း ယှဉ်လိုက်လျှင် သူကတောင်ပိုပြီးပိုင်ဆိုးပိုင်နင်းနိုင်သေးသည်။
ယွီဟွမ်ကွမ်းက တစ်ခြားတစ်ယောက်နဲ့အလုပ်သဘောအရ စကားပြောတာမြင်လျှင်တောင် သူသဝန်တိုတော့သည်။
ထိုကဲ့သို့ သူ့ရင်ထဲကအတွေးတွေကို တစ်ခါမှထုတ်မပြဖူးသည့်တိုင် ယွီဟွမ်ကွမ်းက သိနှင့်နေသည့်ပုံပင်။

"မင်းအလုပ်တွေပြီးပြီလား?ကိုယ့်အကိုကမင်းနဲ့စကားပြောချင်လို့တဲ့"
ယွီဟွမ်ကွမ်းက သူ့ချစ်သူလေး၏ရုံခန်းတံခါးကိုအသာဟပြီးမေးလိုက်သည်။

"အင်း"
ကျွင်းပိုင်ချန်က လီပိုင့်ဒေတာတွေကိုထုတ်ယူလိုက်ပြီး သူ့ချစ်သူဆီသွားလိုက်သည်။

ကျောက်စိမ်းဧကရာဇ်ကတော့ ကျွင်းပိုင်ချန် သူ့ညီကိုတရားဝင်လက်မခံခင်ထဲက ထိုနှစ်ယောက်ကိုသဘောတူပြီးသားဖြစ်သည်။

ယွီဟွမ်ကွမ်း သူ့ကိုပိုးပန်းလာတဲ့မူလတန်းသာသာနည်းတွေက ဒီစိတ်ရှုတ်စရာ ဧကရာဇ်ဆီကဖြစ်ရမည်။
သို့ပေမယ့် သူ့ချစ်သူရဲ့မိသားစုတွေ သူ့ကိုလက်ခံတယ်ဆိုတဲ့အချက်က ကျွင်းပိုင်ချန်ကိုအကြီးအကျယ်စိတ်သက်သာရာရစေသည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin