Chapter 5

4K 787 24
                                    

Zawgyi
Chapter(5)
မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခြင်း

"ဆယ့်သုံး ပင်မsystemကဘာကြောင်တာလဲဟ?ငါ့ရုံးခန်းတစ်ခုလုံးရေတွေစိမ့်နေတာများပြောလို့တောင်မကောင်းဘူး"
Agent 016ဟာ ရုံးခန်းထဲတံခါးမခေါက်ဘဲဝင်ရင်းဆို၏။

ထို့နောက် မှော်ဆန်ဆန် လေထဲမှပေါ်လာသည့် အချိုရည်တစ်ခွက်ကိုယူကာအလုပ်ရှုပ်နေသည့်Agent013ကိုကြည့်ပြီး အလုပ်ကြီးကြီးငုံသောက်လိုက်သည်။
Agent013 အလုပ်ရှုပ်နေတဲ့ပုံအရဆိုရင်တော့ လီပိုင်ရဲ့အခြေအနေက သူတို့ထင်ထားတာထက်ဆိုးနေသည့်ပုံပင်။

"ပင်မsyatemကြီး စိတ်မပျော်တဲ့အချိန်တိုင်းအဲ့လိုဖြစ်နေကျမဟုတ်ဘူးလား?သကြားလုံးပေးပြီးချော့ကြည့်မင်းရုံးခန်းအဆင်ပြေသွားလိမ့်မယ်"
Agent 013မှာ သူ့ကိုမကြည့်ဘဲဖြေလိုက်သည်။

Agent016မှာ သူagentဖြစ်ကာစအချိန်တုန်းက ပင်မsystemကြီးကို အနိုင်ကျင့်ရန်ကြိုးစားခဲ့သည့်အချိန်များကိုပြန်သတိရသွား၏။
§"ကျွတ်! ဒီလက်တစ်ဆုပ်စာဘဲရှိတဲ့ dataတွဲလေးကအတော်လေးဒုက္ခပေးတာဘဲကွ"

ရုတ်တရက်ဆိုသလိုဘဲ သူ့AIဟာအနီရောင်ပြောင်းသွားပြီး သူ့ခေါင်းပေါ်မှရေများကျလာကာ တစ်ကိုယ်လုံးရွှဲရွှဲစိုသွားတော့သည်။
ရှင်းပါတယ် systemကသူပြောတာကြားသွားပြန်ပြီ!

Agent016မှာ သူ့ကိုယ်သူ သဘက်တစ်ထည်ဖြင့်သုတ်လိုက်ပြီး
"ဒါနဲ့ လီပိုင်ရောက်သွားတဲ့ကမ္ဘာက ပျက်စီးနေတာ
ကြီးမလား?ငါမှတ်မိသလောက်ဆိုရင် ပင်မsystemကမင်းရဲ့ပြစ်ဒဏ်လျော့စေဖို့ဆိုပြီး ပြင်ဖို့ဆိုပြီးတာဝန်ပေးထားတဲ့ဟာမလား"

"....အမှန်ဘဲ"
သို့ပေမယ့် အဲ့ဒီကမ္ဘာမှာထင်သလောက် မရိုးရှင်းပေ။သူagentမဖြစ်ခင်ကတည်းက ပင်မsystemနှင့်သူသာသိသည့်လျှို့ဝှက်ချက်တစ်ခုကရှိနေသေးသည်။

"ထူးဆန်းတာက ပင်မsyatemက လီပိုင် ဝင်စားရမယ့်ကမ္ဘာတွေကိုသီးသန့်ရွေးထားတဲ့ပုံဘဲ"
ပင်မsystemဆီကို လီပိုင်ပြောတာတွေတိုက်ရိုက်ပို့လိုက်တုန်းကဖြစ်သွားတဲ့ systemရဲ့ဇဝေဇဝါအမူအရာကိုသူပြန်သတိရသွားခဲ့၏

"နောင်တရလိမ့်မယ်ဆိုတဲ့ခံစားချက်..."
ထိုအချိန်တုန်းက လီပိုင်မှာ ဘယ်လောက်အန္တရာယ်များသလဲ တစ်ချက်မစဉ်းစားဘဲ နောက်တရမယ်ဆိုတဲ့ခံစားချက်သက်သက်ကြောင့်လက်ခံခဲ့သည်တဲ့။
ဒါဆို သူလက်ခံပြီးတော့ရင်ရော နောင်တမရတော့ဘူးတဲ့လား?

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now