Chapter 20

3.3K 649 59
                                    

Zawgyi
Chapter 20
နင်းရှီရွှမ်း

"Systemရေ အခြေအနေမကောင်းတော့ဘူးဗျ ကယ်ပါဦး"
လီပိုင် အံ့ကြိတ်လိုက်ရင်းသူ့agentကိုအကူအညီတောင်းလိုက်၏။
သူ့လက်ချောင်းသွယ်သွယ်တို့ကတော့ ဖုန်းမျက်နှာ
ပြင်ပေါ်တတောက်တောက်ခေါက်ကာ အသည်းအသန်တိုက်ပွဲဝင်လျက်ရှိနေသည်။

"Pointတွေသုံးပြီး ဂိမ်းနိုင်အောင်လုပ်မယ် ဟုတ်လား!အတတ်ကောင်းတွေ သိပ်တတ်နေတယ်ပေါ့"
ဆယ့်သုံး အေးစက်စက်နှာမှုတ်ရင်း ဆူ၏။

လီပိုင်သူ့ဘေးက ရွှေရောင်အမွှေးနဲ့ခွေးကြီး(နင်းရှီရွှမ်း)ကို ဘုကြည့် ကြည့်လိုက်မိသည်။
ဒီလူကြီးက တကယ့်ဘူကောင်ကြီးဘဲ!
သူနဲ့ဆော့မိထဲက ရှုံးတာ ရှုံးတာဆိုတာ သောက်သောက်လဲဘဲ!!

နင်းရှီရွှမ်းမှာတော့ တပြုံးပြုံးနှင့်ပျော်မဆုံးအောင်ဖြစ်လို့နေ၏။
သူတို့နှစ်ယောက် by 1ချကြတာ သူချည်းဘဲနိုင်နေတာလေ ဘယ့်နှယ်ကြောင့်မပျော်ရမတုန်း။
ဒါပေမယ့် လူငယ်လေးရဲ့ 'နဂါးမျက်စောင်းနဲ့ဆူဆူအောင့်အောင့်မျက်နှာပေး'လေးကြောင့် ချက်ချင်းဘဲသူ့အပြုံးတွေပြန်းသိမ်းလိုက်ရတော့သည်။
လီပိုင်ရဲ့ အပြုံးတွေ အပျော်တွေက အခုသူ့ဆီရောက်လို့နေပြီ။
ပထမတော့ သူအပျော်သဘောနဲ့ဆော့ကြည့်လိုက်တာပါဘဲ ဒါပေမယ့်ဘယ်သူထင်မလဲ သူတကယ်
ကြီးကို ဒီဂိမ်းကိုကြိုက်သွားလိမ့်မယ်လို့။

နင်းရှီရွှမ်း'လူကြီးရှက်တော့ရယ်'ဆိုသည့်ဆိုရိုးအတိုင်း အရှက်ပြေရယ်လိုက်မိသည်။
ကံကောင်းလို့ သူ့ရဲ့ပူထူနီရဲနေတဲ့နားရွက်တွေကိုလီပိုင်သတိထားမိဘူး။
သူလည်ချောင်းရှင်းလိုက်ကာ ဆိုသည်
"အဟမ်း..ကိုယ်တောင်းပန်ပါတယ်....ကိုယ်ငယ်ငယ်ထဲက ဒီဂိမ်းကိုဆော့နေကျဆိုတော့ နဲနဲကျွမ်းနေလို့ပါ ....တခြားတစ်မျိုးပြောင်းဆော့ကြမလား?"

လီပိုင် ချက်ချင်းတက်ကြွတဲ့ကြက်ဖလေးပြန်ဖြစ်သွားပြီး
"ဒါဆို....ဗိုလ်ချုပ်ကြီးရှန်း ဆီသွားလည်လို့ရလားဟင်?"

သူစိတ်ဝင်စားနေသည့် လူငယ်လေးဆီမှ သူ့ပြိုင်ဘက်ရဲ့နာမည်ထွက်လာတာကြောင့်သူ့အမူအယာက
ပြိုတောမယ့်မိုးလို မဲမှောင်သွားရ၏။
သို့ပေမယ့် သူချက်ချင်းအမူအယာကိုထိန်းကာ
"ဗိုလ်ကြီးရှန်း ကခုတာဝန်ထမ်းဆောင်နေရတယ်။နေစောင်းရင်တော့ပြန်ရောက်လောက်မှာပါ"

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)حيث تعيش القصص. اكتشف الآن