Zawgyi
Chapter 16
The Eva(ရှင်သန်ခြင်းလရောင်လေး သို့ ဧဝ )ရှန်းလျန်ကျွင်း လီပိုင်၏မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေမိသည်။
ကောင်လေးအိပ်ပျော်သွားတာသေချာမှ သူခြေသံလုံလုံဖြင့်အိပ်ခန်းထဲကထသွားလေသည်။
သူ့ ဟိုတယ်ဧည့်ခန်းထဲမှာတော့ပုံရိပ်နှစ်ခုဟာတကျက်ကျက်စကားများလို့နေ၏။"04!မကောင်းတဲ့ကောင်စုတ်!ငါ့သကြားမျှင်ကိတ်ကိယူသွားတယ်ပေါ့"
"ရှောင်ချန်(ချန်လေး)...မင်းရည်းစားရှုပ်ထားသမျှကို ငါ02ကိုပြန်တိုင်ပြောမှာမစိုးရိမ်ဘူးလား?မင်းရဲ့သ
ကြားကိတ်လေးတစ်ခုကိုတွက်ကပ်မနေသင့်ဘူး""တိုင်ပြောရဲပြောကြည့်ပါလား!ငါကလဲ မင်းကိုသေတဲ့အထိရိုက်ပေးဖို့ရှန်းရှန်းကိုပြန်ပြောမှာပေါ့"
ခိုင်ဖုန်းမှာ မုချန်၏စကားကြောင့်ရယ်မိသွားကာ
"ငါက 03ရဲ့လောင်ရှီ(ရှစ်ဇွင်း)ကွ သူငါ့ကိုဘယ်ရိုက်ရဲပါ့မလဲ"မုချန်မှာ ချက်ချင်းပက်ခနဲပြန်ပြောတော့သည်
"ဟဟဘဲ မင်းရဲ့ချစ်လှစွာသောတပည့်လေးကအတောင်လဲစုံရောမင်းကိုအနိုင်ပိုင်းခဲ့တာလေ အဲ့ကတည်းကသူ့Rankက မင်းထက်မြင့်မှန်းလူတိုင်းသိတယ်"အမှန်ပါဘဲ ခိုင်ဖုန်းဟာတစ်ချိန်တုန်းက ရှန်းလျန်ကျွင်း၏ဆရာဖြစ်ခဲ့ဖူးသည်။
မုချန်ပြောခဲ့သည့် စိတ်ရောဂါခံစားနေရသည့်ရှန်းလျန်ကျွင်း၏ဆရာဆိုသည်မှာလဲ ခိုင်ဖုန်းကိုပြောခြင်းပင်။ဒီအကြောင်းကိုပြောရမည်ဆိုလျှင် အသွင်ပြောင်းလူသားတွေစတင်ဖြစ်တည်လာသည့်အချိန်ကစသည်ဟုပြောရပေမည်။
01ဟာ နောက်ဆုံးမှနိုးထလာသည့်ရှန်းလျန်ကျွင်းကိုစောင့်ရှောက်ရန်ခိုင်ဖုန်းကိုတာဝန်ပေးခဲ့လေသည်။
ထိုအချိန်တုန်းက ခိုင်ဖုန်း၏rankမှာ 03ဖြစ်ခဲ့၏။သူတို့အသွင်ပြောင်းလူသားတွေဟာ တစ်လတစ်
ကြိမ်Rankပြန်စီလေ့ရှိသည်။
ရှန်းလျန်ကျွင်း နိုးထပြီးတစ်လအကြာတွင်ကျင်းပသည့်Rankစီပွဲမှာတော့ သူဟာ သူ့ဆရာခိုင်ဖုန်းကိုအပြတ်အသတ်အနိုင်ယူခဲ့ပြီး 03ဂုဏ်ပုဒ်ကိုရသွားလေတော့သည်။
YOU ARE READING
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...