Chapter 38

2.1K 354 14
                                    

Zawgyi

Chapter 38
(လီမွန်အနမ်းတစ်ပွင့်)

Agent036ကြုံတွေ့နေရသည့် ထူးခြားဆန်းပြားလှသည့်ရေဘေးဒုက္ခသည် မြေအောက်လောကတစ်ခုလုံးအတွက်လျှို့ဝှက်ဆန်းကြယ်မှုကြီးတစ်ရပ်ဖြစ်လာခဲ့သည်။
မြေအောက်လောက၏အကြီးအကဲ ပြန်ရောက်လာခဲ့တာတောင် ပင်မsystemကြီးက ဘာအကြောင်းကြောင့်များ agent036ရဲ့ရုံးခန်းကို ရေဘေးသင့်စေပါလိမ့်?

လူတစ်ချို့ထင်ကြေးပေးသည်က ပင်မsyastemကြီးသည် agent036ကို သဘောကျခဲ့သည်။
သို့သော် agent016နှင့် ပတ်သတ်မှုအချို့ရှိနေမှန်းသိသွားသည့်အခါ အကြီးအကျယ်ပေါက်ကွဲပြီး ယခုလိုရေလွှမ်းစေလိုက်သည်ဟူ၍။
agent036တစ်ယောက်တည်း ပစ်မှတ်ထားခံနေရသည့်အတွက် အများစုမှာ ထိုထင်ကြေးကိုအမှန်ဟုယုံကြည်ကြလေသည်။
ကျန်သူများကမူ agent036၏hostလက်ချက်ဖြင့် သေသွားခဲ့သည့် အမြှောက်စာဝိဥာဏ်လေးသည် agent036က hostဖြစ်သူထံ ရွှေလက်ချောင်းများကျိုးကြောင်းမဲ့ထောက်ပံ့ပေးသဖြင့်မကျေနပ်ကာ လာရောက်လက်စားချေသည်ဟု ယုံကြည်ကြ၏။
ထို ထင်ကြေးနှစ်ရပ်လုံးကယုတ္တိမရှိလှသည့်တိုင် ကျွင်းပိုင်ချန်အားရယ်မောအောင် စွမ်းဆောင်နိုင်ခဲ့လေသည်။

"အကုန်လုံးကိုပြု ပြင်ဖို့ဆိုရင် သုံးနာရီလောက်ကြာမယ်။ငါ ဒါကိုပျက်ဆီးဆုံးရှုံးမှုအစီရင်ခံစာထဲထည့်လိုက်ရမလား?"
Agent016ကမေးလိုက်ရင်း သူ့gong(တိုက်ခိုက်သူ)ကို နှစ်သိမ့်ပေးရန်လှည့်ကြည့်လိုက်သည်။
Agent013မှာ သူ့သူငယ်ချင်း၏အမေးကို လျစ်လျူ ရှုကာ ရှေ့မှတံခါးကိုသာစိုက်ကြည့်လို့နေ၏။
မျက်ဝန်းတစ်စုံက ထိုတံခါး အဟလေးမှ  သူတို့ကိုချောင်းကြည့်လို့နေပြီး ကျွင်းပိုင်ချန်နှင့်အကြည့်ချင်းစုံသွားသည့်အခါ ထိုမျက်ဝန်းတို့က ထိပ်ထိပ်ပျာပျာဖြစ်သွားတော့သည်။

သူရှိနေမှန်းဖော်ထုတ်ခံလိုက်ရပြီးသည့်နောက် ထိုအမျိုးသားက ပျာယာခတ်နေသည့်အမူအယာဖြင့်တံခါးကိုဖွင့်ပြီးဝင်လာလေသည်။
ထိုသူက သေချာစည်းနှောင်ထားသည့်နက်တိုင်ကို  ခပ်မိုက်မိုက်ပုံစံနှင့် ပြန်ပြင်လိုက်သော်ငြား စိတ်လှုပ်ရှားနေသည့်မျက်ဝန်းများက သူ့အေးစက်စက်မျက်နှာထားနှင့်ဆန့်ကျင်ဘက်ဖြစ်လို့နေသည်။
ထို့နောက် အခန်းထဲရှိလူသုံးယောက်ကိုကြည့်ကာ မိတ်ဆက်စကားဆိုသည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Où les histoires vivent. Découvrez maintenant