Zawgyi
Chapter 22ရှန်းလျန်ကျွင်း ရှေ့တန်းကပြန်ရောက်တာနဲ့ ချက်ချင်း ကားဆွဲပြီးအိမ်ကိုပြန်ဖို့ လောကဇောတိုက်တော့သည်။
သူ့တပ်သားတစ်ဦးပေးလိုက်သည့် မွှေးပွပန်ဒါရုပ်လေးနဲ့ စတော်ဘယ်ရီကိတ်လေးကိုလဲ လူငယ်လေးအတွက်ဝယ်ဖို့မမေ့ပေ။လီပိုင့်အကြောင်းကိုတွေးမိပြီး ရှန်းလျန်ကျွင်းမှာကားမောင်းနေရင်းမှ သူကိုယ်တိုင်သတိမထားမိလိုက်ပါဘဲ နှုတ်ခမ်းထောင့်စွန်းတို့ကော့ညွတ်သွားအောင်ပြုံးမိ၏။
သူ့မျက်ဝန်းတွေက ကားလမ်းကိုအာရုံစိုက်မောင်းနေသည့်တိုင် စိတ်အာရုံမှာတော့'အနာဂတ်လရောင်လေး'ထံပျံ့လွင့်လို့နေရှာသည်။'ဒီကိတ်နဲ့အရုပ်ကိုမြင်ရင် ဖြစ်သွားမယ့်လီပိုင့်အမူအယာလေးကိုအမြန်မြင်ချင်လှပြီ။အရမ်းတွေပျော်သွားမလား?သူ့ကိုအလိုက်သိလွန်းတယ်ဆိုပြီး အမွှန်းတင်လေမလား?ဒါမှမဟုတ် နူးနူးညံ့ညံ့လေးပြုံးပြပြီးေ
ပြးဖက်မှာလား?'
ရှန်းလျန်ကျွင်းတစ်ယောက် ချို မြိန်လှတဲ့သူ့အတွေးပင်လယ်ထဲပျော်ပျော်ကြီးလက်ပစ်ကူးနေကာ အိမ်အ
မြန်ရောက်ချင်ဇောနှင့်ကား၏အရှိန်ကိုတောင်မြှင့်လိုက်ပါ၏။သို့ပေသည့် အထင်နဲ့လက်တွေ့အမြင်ဆိုသည်က လွဲတတ်သည့်အမျိုးမဟုတ်လား။
အိမ်ထဲဝင်,ဝင်ချင်း အပြုံးချိုချိုလေးနဲ့ဆီးကြိုနေမည့်တစ်ယောက်သောသူကြောင့် အမောပြေရမယ့်အစား ပွတ်သီးပွတ်သတ်နိုင်လွန်းသည့် သူ့ဆရာ၏ခုန်အုပ်
ခြင်းကိုသာခံလိုက်ရ၏။
မောရကြိုးမနပ်လိုက်လေ။"03လေး မင်းကဒီဆရာ့အတွက် ကိတ်ဝယ်လာပေးတယ်ပေါ့?သိတတ်လိုက်တဲ့တပည့်အလိမ္မာလေး~"
ခိုင်ဖုန်းမှာ သူ့တပည့်လေး၏သိတတ်မှုအပေါ်'အံ့သြဘနန်း'ဖြစ်သွားရကာ ကျေနပ်မှုအပြည့်နှင့်တဟီဟီရယ်လိုက်ပြီး သူ့လက်တွေကိုဆန့်လို့ကိတ်မုန့်ဘူးကိုလှမ်းယူလိုက်တော့သည်။
သို့ပေသည့် .....ဘယ်သူကထင်မိမှာလဲ သူ့တပည့်လေးက သူ့ကိုမထိကောင်းသည့်အသီးလို ရှောင်သွားလိမ့်မယ်လို့!
သူ့မှာကိတ်မုန့်ဘူးလေးကိုတောင် လက်ဖျားလေးနဲ့မထိလိုက်ရရှာဘူး!
YOU ARE READING
အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)
RomanceOriginal Author - iamducklingwriter (I own Nothing.Just translation.) ဆယ်ရက်ဆယ်ညလုံးလုံးကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေခဲ့တယ်။ သက်ရှိဂြိုလ်ကြီးတစ်လုံးဖြစ်တဲ့"ကမ္ဘာဂြိုလ်"ကြီးဟာ အသိဥာဏ်၊တွေးခေါ်နိုင်စွမ်းတွေမြင့်မားလာခဲ့ပြီး လူသားမျိုးနွယ်အဓိကရုဏ်းအပေါ်ဒေါသထ...