Chapter 34

3.1K 505 64
                                    

Zawgyi

Chapter 34
(အလေးအနက်ထားရမည့် ပြဿနာ)

သန်းခေါင်ယံထက် ညမနက်နိုင်ပြီ။
ညအမှောင်ထုထဲတွင်မျက်ရည်ချောင်းစီးခဲ့ရသမျှ အာရုံတက်လာသည်နှင့် စိတ်ညစ်စရာတို့အငွေ့ပျံကာ ရှင်သန်ခြင်းမျှော်လင့်ချက်တို့ ရောင်ခြည်သန်းလာမည်သာဖြစ်သည်။

လီပိုင် နောက်နေ့မနက်နိုးလာချိန်တွင် သူ့ဘေးနားအိပ်နေသည့် ရှန်းလျန်ကျွင်းကို အံ့အားသင့်ဖွယ်မြင်လိုက်ရလေသည်။
ထိုအမျိုးသားမှာ ပင်ပန်းနေပုံရကာ နှစ်ခြိုက်စွာအိပ်မောကျလျက်ရှိနေသည်။
လီပိုင်လည်း ထိုသူ နိုးမသွားစေရန် သတိထား၍ အိပ်ရာထက်မှဖြည်းဖြည်းထလိုက်သည်။

သူရေချိုးခန်းထဲ ရောက်သည့်အခါမှာတော့ သူ့ရင်ဘတ်ပေါ်မှ ဒဏ်ရာများမှာ မည်သည့်ကိစ္စမှမဖြစ်ခဲ့သည့်ပမာ အမာရွတ်ပင်မကျန်ဘဲပျောက်ကင်းလို့နေကြောင်းမြင်လိုက်ရတော့သည်။
အသွင်ပြောင်းလူသားများ၏ ကုသခြင်းစွမ်းရည် မှာ အမှန်တကယ်သြချစရာပင်။

ခိုင်ဖုန်းကိုရင်ဖွင့်ပြီးချိန်မှစ၍ လီပိုင်မှာ သူ့နှလုံးအိမ်ထဲ၌အလင်းစက်လေးတစ်ခု ပေါက်ဖွားရှင်သန်လာကြောင်းသတိထားမိလိုက်၏။
ရေချိုးခန်းလေဝင်ပေါက်များမှတစ်ဆင့် သူ့မျက်နှာထက်ကျရောက်လို့လာသည့် နေရောင်ခြည်၏နွေးထွေးမှုကြောင့် လီပိုင် သက်တောင့်သက်သာရှိစွာခပ်ဖွဖွပြုံးလိုက်မိသည်။
ခိုင်ဖုန်း၏စကားလုံးများက လီပိုင်အား ရရှိခဲ့သည့်စိတ်ဒဏ်ရာမှရုန်းထွက်နိုင်လိမ့်မည်ဟု ခံစားရစေသည်။
သူ မကျော်လွှားနိုင်ခဲ့လျှင်တောင် ထိုအမျိုးသားနှစ်ဦးက သူ့ဘေးနားရှိနေသည့်အတွက်ကြောင့် သေချာပေါက်အဆင်ပြေသွားလိမ့်မည်ဖြစ်သည်။

သို့နှင့် လီပိုင်၏ အကောင်းမြင်စိတ်လေးများမှာ ပြန်လည်နိုးကြားလာလေတော့သည်။
ရုတ်တရက် အိပ်ခန်းတံခါးပွင့်သွားပြီး ဇွန်းပြားကြီးကိုင်ထားသည့် ခိုင်ဖုန်းက လူငယ်လေးကို မနက်စာဆင်းစားရန် လက်ယပ်ခေါ်လေသည်။
"03ကို အိပ်ပါစေဦး။သူ့ရဲ့ ကုသခြင်းအစွမ်းကို ရက်အတော်ကြာထိန်းချုပ်ထားရတာ။မနေ့ညကလည်း မင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် သူ့စွမ်းအင်သုံးလိုက်သေးတယ်"

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now