Chapter4

4.3K 819 37
                                    

Zawgyi
Chapter (4)
ဗိုလ်ချုပ်ကြီး ရှန်းလျန်ကျွင်း

"ရပ်ကြ!"
အမိန့်ပေးသံသည်လေထဲတွင်ပဲ့တင်သွား၏။

အစိမ်းရောင်ယူနီဖောင်းဝတ်ထားသည့်စစ်သားများမှာ သေနတ်များကိုချလိုက်ပြီး သူတို့ဗိုလ်ချုပ်ကြီးဘေးသို့ပြန်ဆုတ်လိုက်ကြသည်။

ဖုန်မှုန့်များရှင်းလင်းသွားသည့်အခါ ဗလာကျင်းနေသည့်စစ်မြေပြင်ကိုသာမြင်လိုက်ကြရသည်။
အစောကတိုက်ပွဲတွင် အသွင်ပြောင်းကောင်များက စစ်မြေပြင်တွင်ပျံ့ကျဲနေသည့်လူသေအလောင်းများကိုယူကာ ဆုတ်ခွာသွားကြသည့်ပုံပင်။

စစ်သားတစ်ဦးဟာမျက်ရည်များကျနေပြီး ကျန်သူများမှာတော့သွေးနီရောင်ကောင်းကင်ကိုသာစိတ်ပျက်လက်ပျက်ကြည့်နေမိတော့သည်။

ဘာမှမတတ်နိုင်စွာနဲ့ သူတို့ရဲဘော်များ၏အလောင်းတွေကို ရန်သူများဆွဲယူသွားတာကိုသာကြည့်နေခဲ့ရသည်။သူတို့်လဲတစ်ချိန်မှာဒီလိုဖြစ်မယ်ဆိုတာသိပေမယ့် ကံဆိုးရှာတဲ့ထိုရဲဘော်တွေအတွက်စိတ်မကောင်းကြပေ။

"ဒီတစ်ဝိုက်မှာ အသက်ရှင်တဲ့လူရှိသေးလားရှာကြ။သုံးနာရီကြာရင်တပ်ဆုတ်မယ်"
သူတို့ဗိုလ်ချုပ်၏အမိန့်အရ စစ်သားများဟာ ရှင်ကျန်ရစ်သူများကိုရှာဖွေရန် အရပ်မျက်နှာအသီးသီးသို့လမ်းခွဲလိုက်ကြသည်။

တိုက်ဆိုင်စွာဘဲ ထိုဗိုလ်ချုပ်ရှာဖွေနေသည့်နေရာမှာ လီပိုင်ရှိရာအရပ်ဖြစ်နေသည်။
ထိုလူ၏မျက်နှာကိုမြင်လိုက်ရတာနဲ့ လီပိုင်မှာဘာဆိုဘာမှမစဉ်းစားနိုင်တော့ဘဲကျောက်ဆူးချထားသလို ရောက်ရာနေရာတွင်ထပ်ပြီးရပ်နေမိတော့သည်။

ဗိုလ်ချုပ်၏မျက်နှာမှာ သူအစောကတွေ့ခဲ့သည့်အသွင်ပြောင်းလူသားနှင့်ယှဉ်နိုင်လောက်တဲ့အထိချောမောလှ၏ ။
တကယ်တမ်းပြောရရင် ဒီဗိုလ်ချုပ်ကပိုပြီးတောင်ဆွဲဆောင်မှုရှိသေးတယ်။

ထိုအမျိုးသား၏သေသပ်ထင်ရှားနေသည့်မေးရိုးက ယောက်ျားဆန်လှသည့်အငွေ့အသက်များထုတ်လွှင့်ပေးလျက်ရှိသည်။သူ့မျက်ဝန်းများမှာစိတ်လှုပ်ရှားနေပုံရပြီး နှုတ်ခမ်းများတွင်တော့ကြင်နာလှသည့်အ
ပြုံးလေးကတည်ရှိနေသည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Donde viven las historias. Descúbrelo ahora