Chapter 32

2.5K 462 35
                                    

Zawgyi

Chapter 32
(ပုပ်သိုးနေသည့် ချစ်ခြင်း)

WARNING!!!

---------
'နင်း'အိမ်တော်ကြီး၏အောက်တွင် အပြစ်သားများစစ်မေးရာမြေအောက်အကျဉ်းထောင်တစ်ခုရှိသည်။

အလင်းရောင် လုံလောက်စွာမရရှိခြင်းကြောင့် ထိုအကျဉ်းထောင်၏ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးစက်၊စိုထိုင်းလို့နေသည်။
အကျဉ်းခန်းတစ်ခုစီတိုင်းမှာ သေချာထိန်းသိမ်းထားဟန်ရှိပြီး သန့်ရှင်းလို့နေသည့်တိုင် အခန်းထောင့်များတွင်တော့ဖုန်အနည်းငယ် ရှိနေသည်။
လေထုထဲတွင်စွဲထင်နေသည့်သွေးနံ့ကြောင့် ဤအကျဉ်းထောင်မှာ အသုံးပြုလေ့ရှိကြောင်းထင်ရှားလှသည်။

ထိုအကျဉ်းထောင်၏ အကျဉ်းခန်းတစ်ခုတွင် ဖယောင်းတိုင်မီးများ ထွန်းညှိလို့ထားပြီး၊ကုတင်၏ ဘေးပတ်လည် နံရံထက်တွင် နှိပ်စက်ကလူပြုသည့်ပစ္စည်းများနှင့်ဖော်ပြခြင်းငှာမစွမ်းသာသည့်ပစ္စည်းများကို ချိတ်ဆွဲထား၏။
ထိုအခန်းထဲရှိအမျိုးသားတစ်ယောက်မှာ သတိလစ်နေသည့် အနေအထားတွင်ရှိနေပြီး၊နောက်တစ်ယောက်မှာတော့ စဉ်းလဲစွာပြုံးလို့နေသည်။

လီပိုင်သတိရလာချိန်တွင် သူ့တစ်ကိုယ်လုံးမှာဆူးများဖြင့်ထိုးခံထားရသလို နာကျင်လို့နေသည်။
မျက်ဝန်းတို့မှာလည်း စည်းနှောင်ခံထားရကာ အမှောင်ထုကဆီးကြိုလို့နေ၏။
လီပိုင် သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ရာ သံကြိုးနှင့်သံကုတင်ဘောင် ပွတ်တိုက်မိသံတချွင်ချွင်ကထွက်ပေါ်လို့လာသည်။
သူ့လက်နှစ်ဖက်မှာလည်း ဦးခေါင်းထက်တွင်ချုပ်နှောင်ခံထားရသည်။

"အာ့!"
မီးဟပ်ခံရသလို ပူလောင်လှသည့်ခံစားချက်တစ်သွယ်က သူ့ရင်ဘတ်ထံသို့ကျရောက်လို့လာသည်။

လီပိုင်ရှက်လွန်း၍ငိုချမိတော့မတတ်ပင်ဖြစ်သွားရသည်။
သူ့ကိုယ်တွင် အဝတ်ဖုံးနေသည့်နေရာဟူ၍တစ်စိုးတစ်စိတောင်ရှိမနေ။
လက်နှစ်ဖက်မှာလဲ အချည်ခံထားရပြီး မျက်လုံးကိုလည်းအစည်းခံထားရကာ ရင်ဘတ်ပေါ်သို့ ဖယောင်းစက်ဟုထင်ရသည့်အရည်ပူများက တစ်စက်ပြီးတစ်စက်ကျလို့နေ၏။
လီပိုင် ရင်ဘတ်ပေါ်မှ ပူလောင်မှုများကြောင့် မနေနိုင်စွာ ဗလာကျင်းနေသည့်သူ့ခန္ဓာကို နူးညံ့ချောမွတ်လှသည့် အိပ်ယာခင်းစနှင့်ပွတ်တိုက်နေမိသည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now