Chapter8

3.6K 812 55
                                    

Zawgyi
Chapter 8
04နှင့်ဒိတ်လုပ်ခြင်း

လီပိုင်စိတ်လှုပ်ရှားစွာတံတွေးမျိုချမိလိုက်သည်။
သူရိုးရိုးသားသားဖိုးသခွားလေးလုပ်ပြီးဒီအသွင်ပြောင်းလူသားကြီးကိုမလွမ်းဘူးလို့ပြောသင့်လား...ဒါမှမဟုတ် လိမ်ဘဲပြောသင့်လား?

04မှာလည်း လီပိုင်၏အဖြေကိုစောင့်နေသည့်တစ်လျောက်လုံးတွင်သူ့မူပိုင်အပြုံးကြီးကိုတစိုက်မတ်မတ်ကိုင်စွဲထားတုန်းပင်။သူ့အပြုံးမျက်နှာလေးချည်းဘဲ
ကြည့်မယ်ဆိုရင်တော့ တစ်ဖက်သားအပေါ်အရမ်းနူးညံ့ညင်သာသိမ်မွေ့သယောင်ထင်နေရသည်....အင်း....လက်တစ်ဖက်မှာကိုင်ထားတဲ့ဓားကိုမမြင်ချင်ယောင်ဆောင်လိုက်ရင်ပေါ့။

"System ရေကျွန်တော်မလွမ်းဘူးပြောလိုက်ရင် သေရမှာလားဟင်?"

"ငါလဲသူ့မျက်နှာကိုမဖတ်တတ်ဘူးလေ"
Agent013မှာ ထိုလူ၏အရိပ်အခြေကိုမဖတ်တတ်ဘဲရှိနေလေသည်။

အဆုံးမှာတော့ရွေးချယ်စရာမရှိတော့တဲ့ သနားစရာလီပိုင်လေးဟာတုံ့ဆိုင်းဆိုင်းနဲ့ဘဲဖြေလိုက်ရတော့သည်။
"ကျွန်...ကျွန်တော် ခင်ဗျားကို လွမ်း...လွမ်းပါတယ်"

04မှာ ဓားရိုးပေါ်ကသူ့လက်တွေကိုဖယ်လိုက်ပြီး
"အရမ်းကောင်းတယ်....လာရှောင်ပိုင် ကိုယ်တို့အ
ပြင်ထွက်ပြီးဒိတ်လုပ်ကြရအောင်"

04မှာလီပိုင်ကို အရုပ်လေးလိုပေါ့ပေါ့ပါးပါး'မ'ကာပွေ့ချီလိုက်၏။ရုတ်တရက်ပွေ့ချီခံလိုက်ရတာကြောင့် လီပိုင်လန့်သွားရကာ ထိုအမျိုးသား၏ပုခုံးတွေကိုဆုပ်ကိုင်လိုက်မိလေသည်။

"အ...အပြင်ကို ဘယ်လိုထွက်မှာလဲ"
လီပိုင်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ မည်သူမှရှိမနေကြောင်းတွေ့လိုက်ရလေသည်။

"နံရံကျော်တက်ကြတာပေါ့"

"ဟမ်...ကျော်တက်မှာ?"
04မှာ လီပိုင်၏ပြူးကျယ်နေသောမျက်ဝန်းအစုံကိုကြည့်ကာရယ်လိုက်၏။သူ လီပိုင်၏မေးခွန်းကိုမဖြေဘဲ မြင့်မားလှသည့်နံရံကြီးကိုမော့ကြည့်လိုက်ပြီး အရှိန်ယူကာနံရံပေါ်ခုန်တက်လိုက်တော့သည်။လီပိုင်မှာ ကြောက်အားလန့်အားဖြင့်အသက်ရှူ ရန်ပင်သတိမရတော့ချေ ။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Donde viven las historias. Descúbrelo ahora