Chapter 39

1.9K 329 8
                                    

Zawgyi
Chapter 39
(ငယ်ရွယ်နုပျို ခြင်း၏လျှို့ဝှက်ချက်)

“ဘယ်သူလာဦးမှာလဲ?”
ပန်းကန်တွေ ဆေးပြီးတော့ လီပိုင် သူ့လက်တွေ သုတ်လိုက်သည်။

ခိုင်ဖုန်းက ရှန်းလျန်ကျွင်းရဲ့ သူရဲကောင်းကိုစားဖို့ သူ့ရဲ့ ဘုရင်မကို ရွှေ့ရင်း ဖြေပေးလိုက်သည်။ “ကိုယ်တို့ အပေါင်းအဖော်တွေလေ 01နဲ့ 02နဲ့။  02က မူချန့်ယောက်ျား.. နောက်မှ သူ့အကြိုက် ကိတ်မုန့်လေးဝယ်သွားလိုက်မယ်”

ရှန်းလျန်ကျွင်းက သူ့မြင်းရုပ်ကို ရွှေ့ပြီးတော့ နယ်ရုပ်တစ်ခုကို စားရင်း ‘Checkmate’ လို့ ပြောလိုက်သည်။

ခိုင်ဖုန်းဆီက ညည်းတွားလိုက်ပြီး ရှန်းလျန်ကျွင်းကို လိမ်ကစားတယ်လို့ စွပ်စွဲချင်နေသည်။
လီပိုင်နှင့် ရှန်းလျန်ကျွင်းကတော့ သူ့ကို စိတ်မဝင်စားသလိုပဲ ကြည့်လိုက်သည်။
ခိုင်ဖုန်းက နှုတ်ခမ်းစူလိုက်ပြီး
“ကိုယ် Chess ကစားတာ မတော်မှန်း ကိုယ်သိပါတယ်။ ဒါပေမယ့် ကိုယ်က ကောင်းကောင်းတော့ စုပ်နိုင်..” သူပြောလို့တောင် မပြီးသေးခင် လီပိုင်က ဖိနပ်ပျံပစ်လွှတ်လိုက်လေသည်။
ခိုင်ဖုန်းမှာ ထိုဖိနပ်ကို ရှောင်ပြီး သနားစဖွယ်လေး လုပ်ပြလိုက်သေးသည်။

“ငါဒီမှာ ခဏလောက် နေလို့ ရမလား?"
မုချန်က ရုတ်တရတ် ဧည့်ခန်းထဲမှာ သေတ္တာအကြီးကြီးတစ်ခုရယ်၊ကတ်ကြေးရယ်ကိုသယ်ပြီး ပေါ်လာသည်။
လီပိုင်က သူ အခန်းအလယ်တွင် ပစ္စည်းတွေ နေရာချဖို့ကူညီပေးလိုက်သည်။
ရှန်းလျန်ကျွင်းက ရောင်စုံစက္ကူတွေကို တစ်ချက်ကြည့်ပြီးတော့ မူချန်ကို ကြည့်လိုက်သည်။
မူချန်က သူ့ကို ကတ်ကြေးတစ်လက်ထိုးပေးလိုက်ရင်း
“Surprise လုပ်ချင်လို့”

________________________

တစ်ချိန်တုန်းက 02မှာ Straight တစ်ယောက်ပင်။ သူ အရွယ်ရောက်လာတော့ စစ်တပ်ထဲတွင် သာမာန်ဘဝနဲ့ နေထိုင်ခဲ့သည်။
စစ်ပွဲထဲက လာတဲ့ ကလေးတေစ်ယောက် ဆိုတော့ မိဘမရှိ၊ ဆွေမျိုးသားချင်းမရှိပေ။
ကြင်နာတတ်တဲ့ စစ်ဗိုလ်တစ်ယောက်က သူ့ကို အိမ်ခေါ်လာပြီးတော့ သူ့ရဲ့ သားတစ်ယောက်လို ကျွေးမွေးခဲ့တာပင်။ သာမာန်လူတွေက သေနတ်သံတွေ ဗုံးပေါက်သံတွေကို ကြောက်ပေမယ့် သူကတော့ အဲဒီအသံတွေကို နှစ်သက်သည်။
လက်နက်တွေကို ထိကိုင်လိုက်တိုင်း သူ့ရင်တွေက လှိုက်ခုန်လာတတ်တာမို့ သူမွေးစားအဖေကတောင် သူက စစ်သားကောင်းတစ်ယောက် ဖြစ်လာမယ် ဆိုတာ သိသည်။ စစ်သားကောင်းဆိုတာက လျော့ပေါ့ထားတာပဲ ဖြစ်ပြီး တိုင်းပြည်မှာ အသက်အငယ်ဆုံး စစ်ဗိုလ်ချုပ်များထဲမှ တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now